မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့  မြောက်ဦး မြို့မ ရဲစခန်းမှူး တို့ အချေအတင်ဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင် - Reader Myanmar

Latest Posts

မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့  မြောက်ဦး မြို့မ ရဲစခန်းမှူး တို့ အချေအတင်ဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင်







Unicode
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပတာဟာ မတရားအသင်း အက်ဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို မြောက်ဦးမြို့မရဲစခန်း က ဒီနေ့ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
မြောက်ဦးအခြေစိုက် ခမရ-၅၄၀ တပ်ရင်းက အရေးယူပေးဖို့ တိုင်တန်းလာတာဖြစ်တယ်လို့ မြောက်ဦး မြို့မ ရဲစခန်းမှူ း ဒုရဲမှူးသန်းဖေ က ပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ ရက္ခိုင့်တပ်မတော်(AA) ၈ နှစ်မြောက်အထိမ်းအမှတ်အဖြစ် မြတန်ဆောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကျောင်းသားတွေအတွက် ဘောလုံးပြိုင်ပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က စတင်ကျင်းပခဲ့ သလို ဒီနေ့မှာလည်း တေးဂီတဖျော်ဖြေပွဲနဲ့ စာပေဟောပြောပွဲ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
Loading...