ကမာၻေပၚ က အမ်ိဳးသမီး တိုင္း အလိုခ်င္ ဆံုး အရာ - Reader Myanmar

Latest Posts

ကမာၻေပၚ က အမ်ိဳးသမီး တိုင္း အလိုခ်င္ ဆံုး အရာ





တခါ တုန္းက နိုင္ငံငယ္ေလးတစ္ ခုမွာ ငယ္ရြယ္ျပီး ထက္ျမက္ တဲ႔ ဘုရင္တပါး နန္းတက္ ခဲ႔တယ္။ ထိုတိုင္းျပည္ရဲ႕ အနီး အနား မွာ အလြန္ အင္အားႀကီးျပီး စစ္လိုလား တဲ႔ ဘုရင္ႀကီး တစ္ပါးရွိတယ္။ ထိုဘုရင္ ႀကီးဟာ တိုင္းျပည္ငယ္ေလး ကိုသိမ္းပိုက္ ခ်င္ေပမဲ႔ ဘုရင္ငယ္ေလး ရဲ႕ ငယ္ရြယ္မွဳနဲ႔ ထက္ျမက္တဲ ႔အေတြးအ ေခၚေတြကို သေဘာက်လို႔ အခြင္႔အေရး တစ္ခုေပးလိုက္ပါတယ္….
.အဲ႔ဒီ အခြင္႔အေရးကေတာ႔ အလြန္ ခက္ခဲတဲ႔ ေမးခြန္း တစ္ခုပါ….ဘုရင္ငယ္ေလးအတြက္
အခ်ိန္တစ္နွစ္ ေပးထားျပီး မေျဖနိုင္ပါက အသတ္ခံရမယ္လို႔ ေျပာလိုက္ပါတယ္….
“ေလာကႀကီးမွာ ရွိတဲ႔အမ်ိဳးသမီး တိုင္း အလိုခ်င္ဆံုး အရာက ဘာလဲ “
အဲဒီေမးခြန္း ကေတာ႔ ဘုရင္ ေလးနဲ႔ ပညာရွိ အမတ္ေတြကို ခက္ခဲ ရွဳတ္ေထြးေစ ေတာ႔တာပါဘဲ
…..တခ်ိဳက မျဖစ္နိုင္တဲ႔ ေမးခြန္းလို႔ထင္ႀကတယ္……ဒါေပမယ္႔ အခ်ိန္တစ္နွစ္ရဖို႔အတြက္ အေျဖရွာဖို႔
လက္ခံလိုက္ရတာေပါ႔…..
ဒါနဲ႔ သူ႔တိုင္းျပည္မွာ ရွိတဲ႔ မင္းညီမင္းသား ေတြ၊ ဘုန္းေတာ္ႀကီးေတြ၊ ပညာရွိေတြ၊ တရားသူႀကီးေတြ၊
ျပည္သူျပည္သားေတြနဲ႔ ျပည္႔တန္ဆာအမ်ိဳးသမီးေတြပါမက်န္ ဆင္႔ေခၚျပီး အေျဖရဖို႔ ႀကိဳးစားပါေတာ႔ တယ္….ဒါေပမဲ႔ ျပည္႔စံု ေက်နပ္ဖြယ္ရာ အေျဖေတာ႔ မရခဲ႔ပါဘူး….
ေနာက္ဆံုးမွာေတာ႔ လူအမ်ားစုက တိုင္းျပည္မွာရွိတဲ႔ စုန္းမအိုႀကီး တစ္ေယာက္ သာလွ်င္
ဒီအေျဖကို ေျဖနုိင္လိမ္႔မယ္လို႔ေလွ်က္တင္ႀကတယ္…..စုန္းမႀကီးဟာ အလြန္တန္ဖိုးႀကီးတဲ႔
အဖိုးအခကိုေတာင္းဆိုလိုက္ပါတယ္…
အေျဖေပးရမဲ႔ ေနာက္ဆံုးရက္ဟာ တေျဖးေျဖးနီးလာပါျပီ….စုန္းမႀကီးဟာလဲ သူ႔ေတာင္းဆိုခ်က္ကို
အရင္လိုက္ေလွ်ာမွ အေျဖေပးနုိင္မယ္လို႔ ဆိုပါတယ္…
ေတာင္းဆိုခ်က္ကေတာ႔ ဘုရင္ေလးရဲ႕ ယံုႀကည္ အားအကိုရဆံုးသူငယ္ခ်င္း လဲျဖစ္၊
နိုင္ငံရဲ႕ သူရဲေကာင္းစစ္ဦးစီးလဲျဖစ္တဲ႔ အမတ္ႀကီးကို လက္ထပ္ေပးဖို႔ပါဘဲ….
ဘုရင္ေလးလဲ အလြန္တုန္လွဳပ္ေခ်ာက္ခ်ားေနတာေပါ႔…..စုန္းမႀကီးပံုစံက ခါးကုန္ကုန္း၊
ေက်ာကုန္းဘုနွင္႔ အျမင္ဆိုရြားလွတယ္….သြားကလဲ ေရွသြား တစ္ေခ်ာင္းထဲရွိတယ္…
အန႔ံအသက္ကလဲ ဆိုရြားလွတယ္…စကားအေျပာအဆို ကလဲ ႀကမ္းတမ္းညစ္ညမ္းလွတယ္….
ဒီဆိုရြားလွတဲ႔ စုန္းမႀကီးနဲ႔ နုည႔ံသိမ္ေမြ႔စိတ္သေဘာေကာင္းတဲ႔ သူရဲ႔ သူငယ္ခ်င္းနဲ႔
ယူဖို႔တိုက္တြန္းဖို႔ရာမွာသူ႔အတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေနတာေပါ႔…
ဒါေပမယ္႔ အမတ္ႀကီး ကေတာ႔ တိုင္းျပည္နဲ႔ လူမ်ိဳးအေရးနဲ႔ ယွဥ္ရင္ဒီကိစၥဟာ သူ႔အတြက္
အေရးမႀကီးေႀကာင္း ေျပာဆိုျပီး အဆိုကိုလက္ခံပါ႔မယ္လို႔ ဘုရင္ ေလးကို ေလွ်က္တင္လိုက္ပါတယ္…
ဒီလိုနဲ႔ မဂၤလာပြဲအစီအစဥ္ကို ေႀကျငာလိုက္ျပီး ဘုရင္ေလးအတြက္အေျဖကို
စုန္းမႀကီးကေပးလိုက္ပါေတာ႔တယ္..
“ေလာကႀကီးမွာရွိတဲ႔ အမ်ိဳးအမီးတိုင္ အမွန္တကယ္အလိုခ်င္ဆံုးအရာက ………………….
သူတို႔ရဲ႕ ဘဝကိုသူတို႔ စိတ္တိုင္းက် စီမံခန္႔ခြဲခ်င္တာပါဘဲ“
ထိုအခါမွ ျပည္သူေတြလဲ အေျဖကိုသိျပီး ဘုရင္ႀကီးကလည္းစစ္မျပဳေတာ႔ဘဲ
ဘုရင္ေလးတို႔တိုင္းျပည္နဲ႔ မဟာမိတ္ျပဳလိုက္ပါေတာ႔တယ္…
အမတ္ႀကီးနဲ႔ စုန္းမႀကီးတို႔ရဲ႕မဂၤလာပြဲ ဘယ္လိုျဖစ္သြားလဲ????
ဘုရင္ေလးလဲ ေပ်ာ္ရႊင္ျခင္းန႔ဲ ဝမ္းနဲျခင္းေတြကိုတျပိဳင္နက္ခံစားေနရျပီေပါ႔….
သိမ္ေမြ႔ယဥ္ေက်းတဲ႔သူငယ္ခ်င္းနဲ႔ အလြန္မသတီစရာစုန္းမတို႔ရဲ႕ လက္တြဲရမယ္႔ ဘဝအေရးကို
စဥ္းစားမိလို႔ေပါ႔….
အမတ္ႀကီးလဲ ဆိုးရြားလွတဲ႔ ဘဝကိုရင္ဆိုင္ဖို႔ မဂၤလာအိပ္ခန္းတြင္းကို ဝင္သြားရျပီ…
ဒါေပမယ္႔ အိပ္ခန္းတြင္းမွာေတာ႔ အလြန္လွပတဲ႔ အမ်ိဳးအမီးေလးတစ္ေယာက္ ထိုင္ေနတာကို
ေတြ႔လိုက္ရလို႔ အရမ္းအ႔ံႀသသြားတာေပါ႔…
“ဘာေတြျဖစ္ကုန္ျပီ လဲမိန္းကေလးေရ“ လို႔ လွမ္းေမးလိုက္တယ္….
“သင္ဟာ ကၽြန္မနဲ႔ ပထမဦးဆံုးေတြ႔တဲ႔အခ်ိန္မွာ အလြန္မသတီစရာေကာင္းတဲ႔ ရုပ္နဲ႔ေတြ႔ေပမယ့္
ႀကင္နာစြာ ဆက္ဆံခဲ႔တယ္…ဒီအတြက္ေႀကာင္႔ စိတ္ထားေကာင္း တဲ႔သင္႔ကို အခြင္႔အေရး တစ္ခု ေပးခ်င္ပါတယ္….ဒါကေတာ႔ ေန႔ဘက္ ဒါမွမဟုတ္ ညဘက္ ရွင္ႀကိဳက္တဲ႔ အခ်ိန္ပိုင္းမွာ အခုလိုလွပေမြးပ်ံ႕တဲ႔ပံုစံနဲ႔ေတြ႔ျမင္နုိင္ ေအာင္ ဖန္ဆင္းထား မယ္လို႔
ဆံုးျဖတ္ထားပါတယ္…“လို႔ျပန္ေျပာလိုက္ပါတယ္
ဘယ္ေလာက္မ်ား ရက္စက္ နာက်င္ေစတဲ႔ ေမးခြန္းပါလိမ္႔…
အမတ္ႀကီးလဲေသခ်ာစဥ္းစားျပီး အေျဖေပးရေတာ႔မယ္….
ေန႔ပိုင္းမွာ ေခ်ာေမာလွပတဲ႔ မိန္းကေလးကို မိတ္ေဆြေတြအလည္မွာ ျပသျပီး ညအခ်ိန္မွာ စုန္းမႀကီးနဲ႔အတူတူအိပ္မလား.
ဒါမွမဟုတ္ ေန႔ပိုင္းမွာ စုန္းမႀကီးကိုျပသျပီးကိုယ္ပိုင္အခ်ိန္ျဖစ္တဲ႔ညအခ်ိန္မွာ ေပ်ာ္ရႊင္ဖြယ္ရာအခ်ိန္ေတြကို
ပိုင္ဆိုင္မွာလား..???\
အမတ္ႀကီးဘာေရြးလိုက္တယ္ဆိုတာကို ဆက္မဖတ္ေသးဘဲ
သင္ကိုယ္တိုင္ဆိုရင္ေကာ ဘာကိုေရြးခ်ယ္မွာလဲ………?????
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမတ္ႀကီးေရြးခ်ယ္လိုက္တာကေတာ႔ “ မင္းသေဘာအတိုင္းပါဘဲကြာ “
အဲဒီစကားကိုႀကားလိုက္တဲ႔အခါ အမ်ိဳးသမီးေလးက ေအာက္ပါအတိုင္းေႀကျငာ လိုက္ပါေတာ႔တယ္…..
“အခ်ိန္တိုင္း လွပတဲ႔ပံုစံ နဲ႔ရွင္ ကြ်န္မကိုျမင္ေတြ႔ေစခ်င္ပါတယ္ “
ဘာေႀကာင္႔လဲ ဆိုေတာ႔ သူမဘဝကို သူမစိတ္ႀကိဳက္စီမံခြင္႔ရရွိခဲ႔လို႔ပါ…
ပံုျပင္ေလးရဲ႕ အဓိကဆိုလိုရင္းက ဘာလဲ….?????
သင္႔ရဲ႕ မိန္းကေလး ဟာ သူတို႔စိတ္တိုင္းက် သူတို႔ဘဝကိုစီမံခြင္႔မရခဲ႔ရင္………
……….သင္႔အေျခအေနဟာလဲ ေန႔ဒါမွမဟုတ္ ည ပိုင္းေတြမွာ ………………………………
………………………………..မလွပနိုင္ေတာ႔ဘူးေနာ္……….

Credit:Search Myanmar

တခါ တုန်းက နိုင်ငံငယ်လေးတစ် ခုမှာ ငယ်ရွယ်ပြီး ထက်မြက် တဲ့ ဘုရင်တပါး နန်းတက် ခဲ့တယ်။ ထိုတိုင်းပြည်ရဲ့ အနီး အနား မှာ အလွန် အင်အားကြီးပြီး စစ်လိုလား တဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်။ ထိုဘုရင် ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက် ချင်ပေမဲ့ ဘုရင်ငယ်လေး ရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေး တစ်ခုပေးလိုက်ပါတယ်….
.အဲ့ဒီ အခွင့်အရေးကတော့ အလွန် ခက်ခဲတဲ့ မေးခွန်း တစ်ခုပါ….ဘုရင်ငယ်လေးအတွက်
အချိန်တစ်နှစ် ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….
“လောကကြီးမှာ ရှိတဲ့အမျိုးသမီး တိုင်း အလိုချင်ဆုံး အရာက ဘာလဲ “
အဲဒီမေးခွန်း ကတော့ ဘုရင် လေးနဲ့ ပညာရှိ အမတ်တွေကို ခက်ခဲ ရှုတ်ထွေးစေ တော့တာပါဘဲ
…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……ဒါပေမယ့် အချိန်တစ်နှစ်ရဖို့အတွက် အဖြေရှာဖို့
လက်ခံလိုက်ရတာပေါ့…..
ဒါနဲ့ သူ့တိုင်းပြည်မှာ ရှိတဲ့ မင်းညီမင်းသား တွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊
ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့ တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….
နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင်
ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့
အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်…
အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို
အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်…
တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊
နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေးဖို့ပါဘဲ….
ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်း၊
ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်းထဲရှိတယ်…
အန့ံအသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်းညစ်ညမ်းလှတယ်….
ဒီဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုည့ံသိမ်မွေ့စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့
ယူဖို့တိုက်တွန်းဖို့ရာမှာသူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…
ဒါပေမယ့် အမတ်ကြီး ကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက်
အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကိုလက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…
ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို
စုန်းမကြီးကပေးလိုက်ပါတော့တယ်..
“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ်အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“
ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ
ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…
အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကိုတပြိုင်နက်ခံစားနေရပြီပေါ့….
သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို
စဉ်းစားမိလို့ပေါ့….
အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို
တွေ့လိုက်ရလို့ အရမ်းအ့ံသြသွားတာပေါ့…
“ဘာတွေဖြစ်ကုန်ပြီ လဲမိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….
“သင်ဟာ ကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမယ့်
ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေး တစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့တွေ့မြင်နိုင် အောင် ဖန်ဆင်းထား မယ်လို့
ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်
ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…
အမတ်ကြီးလဲသေချာစဉ်းစားပြီး အဖြေပေးရတော့မယ်….
နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေးကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား.
ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီးကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို
ပိုင်ဆိုင်မှာလား..???\
အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ
သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “
အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..
“အချိန်တိုင်း လှပတဲ့ပုံစံ နဲ့ရှင် ကျွန်မကိုမြင်တွေ့စေချင်ပါတယ် “
ဘာကြောင့်လဲ ဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…
ပုံပြင်လေးရဲ့ အဓိကဆိုလိုရင်းက ဘာလဲ….?????
သင့်ရဲ့ မိန်းကလေး ဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကိုစီမံခွင့်မရခဲ့ရင်………
……….သင့်အခြေအနေဟာလဲ နေ့ဒါမှမဟုတ် ည ပိုင်းတွေမှာ ………………………………
………………………………..မလှပနိုင်တော့ဘူးနော်……….

Credit:Search Myanmar


Loading...