မိန္းကေလးတစ္ဦးကိုအေၾကြးျဖင့္သိမ္းကာ ျပည့္တန္ဆာအျဖစ္အသြင္းေျပာင္းခဲ့တဲ့ေဗဒင္ဆရာမ - Reader Myanmar

Latest Posts

မိန္းကေလးတစ္ဦးကိုအေၾကြးျဖင့္သိမ္းကာ ျပည့္တန္ဆာအျဖစ္အသြင္းေျပာင္းခဲ့တဲ့ေဗဒင္ဆရာမ





ဂ်ပန္ႏုိ္င္ငံရွိ ေရွ႕ျဖစ္ေဟာေဗဒင္ဆရာမတစ္ေယာက္ဟာ အေၾကြးရရန္ရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ျပည့္တန္ဆာအ
ျဖစ္ အသက္ေမြးၿပီး ရလာတဲ့ပုိက္ဆံကိုမွ ေပးရမယ့္ အေၾကြးကုိ ဆပ္ေစခဲ့ပါတယ္။ တုိက်ိဳၿမိဳ႕တရား႐ုံးမွာ ဒီအမႈကိစၥကို စစ္ေဆးခဲ့ၿပီးေနာက္ လူမဆန္တဲ့ ေဗဒင္ဆရာမကို ျမင့္မားတဲ့ ဒဏ္ေၾကး ေပးေဆာင္ဖုိ႔ အမိန္႔ခ်မွတ္ခဲ့ပါတယ္။
အဆုိပါ ေဗဒင္ဆရာမဟာ အေၾကြးရရန္ရွိတဲ့ အမ်ိဳးသမီးငယ္ေလးကို လိင္လုပ္ငန္းေတြ လုပ္ေဆာင္ေစရာမွတစ္ဆင့္ ယန္း သန္း 90 (ေပါင္ 634000)အထိ စုေဆာင္းမိခဲ့တယ္လုိ႔ ဆုိပါတယ္။ ၎ေဗဒင္ဆရာမဟာ မိမိရရွိမယ့္ အေၾကြးေတြအတြက္ ၎အမ်ိဳးသမီးငယ္ကုိ ျပည့္တန္ဆာအျဖစ္ ေစခုိင္းခဲ့တာပါ။
ကာယကံရွင္အမ်ိဳသမီးဟာ ေဗဒင္ဆရာမပုိင္တဲ့ အေဆာက္ဦတစ္လုံးမွာ သြားေရာက္ေနထုိင္ခဲ့ရၿပီး၊ ေဗဒင္ဆရာမ
ဂြင္ဖန္လႊတ္လို္က္တဲ့ အမ်ိဳးသားေတြကုိ လိင္နဲ႔ဧည့္ခံခဲ့ရပါတယ္။ ေဗဒင္ဆရာမရဲ႕အမည္ကို သတင္းစာေတြမွာ
ထုတ္ေဖာ္ေရးသားျခင္းေတာ့ မရွိပါဘူး။
တရား႐ုံးက နစ္နာခဲ့တဲ့ အမ်ိဳးသမီးအတြက္ ေဗဒင္ဆရာမက ေပါင္ (7) ေသာင္း ေပးဖုိ႔ အမိန္႔ခ်မွတ္ခဲ့ပါတယ္။ ကာယကံရွင္ အမ်ိဳးသမီးဟာ ျပည့္တန္ဆာအျဖစ္ 2011 ခုႏွစ္မွာ စတင္လုပ္ကိုင္ခဲ့ရၿပီး၊ ေဗဒင္ဆရာမက ၎ကုိ ေနထုိင္စာရိတ္အတြက္ တစ္ရက္လွ်င္ တစ္ေဒၚလာခန္႔သာ ေပးအပ္ကာ က်န္တဲ့ေငြကို အကုန္သိမ္းတယ္လုိ႔ ဆုိပါတယ္။
နတ္စည္ေတာ္ (Shwemom)
source : metro.co.uk

ဂျပန်နို်င်ငံရှိ ရှေ့ဖြစ်ဟောဗေဒင်ဆရာမတစ်ယောက်ဟာ အကြွေးရရန်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ပြည့်တန်ဆာအ
ဖြစ် အသက်မွေးပြီး ရလာတဲ့ပိုက်ဆံကိုမှ ပေးရမယ့် အကြွေးကို ဆပ်စေခဲ့ပါတယ်။ တိုကျိုမြို့တရားရုံးမှာ ဒီအမှုကိစ္စကို စစ်ဆေးခဲ့ပြီးနောက် လူမဆန်တဲ့ ဗေဒင်ဆရာမကို မြင့်မားတဲ့ ဒဏ်ကြေး ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
အဆိုပါ ဗေဒင်ဆရာမဟာ အကြွေးရရန်ရှိတဲ့ အမျိုးသမီးငယ်လေးကို လိင်လုပ်ငန်းတွေ လုပ်ဆောင်စေရာမှတစ်ဆင့် ယန်း သန်း 90 (ပေါင် 634000)အထိ စုဆောင်းမိခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းဗေဒင်ဆရာမဟာ မိမိရရှိမယ့် အကြွေးတွေအတွက် ၎င်းအမျိုးသမီးငယ်ကို ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့တာပါ။
ကာယကံရှင်အမျိုသမီးဟာ ဗေဒင်ဆရာမပိုင်တဲ့ အဆောက်ဦတစ်လုံးမှာ သွားရောက်နေထိုင်ခဲ့ရပြီး၊ ဗေဒင်ဆရာမ
ဂွင်ဖန်လွှတ်လို်က်တဲ့ အမျိုးသားတွေကို လိင်နဲ့ဧည့်ခံခဲ့ရပါတယ်။ ဗေဒင်ဆရာမရဲ့အမည်ကို သတင်းစာတွေမှာ
ထုတ်ဖော်ရေးသားခြင်းတော့ မရှိပါဘူး။
တရားရုံးက နစ်နာခဲ့တဲ့ အမျိုးသမီးအတွက် ဗေဒင်ဆရာမက ပေါင် (7) သောင်း ပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ကာယကံရှင် အမျိုးသမီးဟာ ပြည့်တန်ဆာအဖြစ် 2011 ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ရပြီး၊ ဗေဒင်ဆရာမက ၎င်းကို နေထိုင်စာရိတ်အတွက် တစ်ရက်လျှင် တစ်ဒေါ်လာခန့်သာ ပေးအပ်ကာ ကျန်တဲ့ငွေကို အကုန်သိမ်းတယ်လို့ ဆိုပါတယ်။
နတ်စည်တော် (Shwemom)
source : metro.co.uk


Loading...