ရဲတပ္သားတစ္ဦးႏွင့္ အရပ္သားတစ္ဦး ေသနတ္ အျပန္အလွန္ လုၾကရာ လူတစ္ဦးေသဆံုး - Reader Myanmar

Latest Posts

ရဲတပ္သားတစ္ဦးႏွင့္ အရပ္သားတစ္ဦး ေသနတ္ အျပန္အလွန္ လုၾကရာ လူတစ္ဦးေသဆံုး





ေပါက္ေတာၿမိဳ႕နယ္၊ နတ္ရွင္ေက်းရြာမွာ ဧၿပီလ ၃ ရက္ေန႔ ညေနပိုင္းက အရပ္သားတစ္ဦးႏွင့္ ရဲတပ္ဖဲြ႕ဝင္တစ္ဦး ေသနတ္အျပန္အလွန္လုၾကရာ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး ေသနတ္ႏွင့္အပစ္ခံရသူသည္ ယေန႔ နံနက္ ၂ နာရီခန္႔မွာ ေပါက္ေတာေဆးရုံတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

ပစ္ခတ္မႈျဖစ္စဥ္မွာ ေက်ာက္စုေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေက်ာက္စုလံုၿခံဳေရးရဲကင္းမွ ရဲတပ္ဖဲြ႕ဝင္မ်ား လွည့္ကင္း ေဆာင္ရြက္ေနစဥ္တြင္ ဆဲဆိုရမ္းကားေနေသာေၾကာင့္ ဖမ္းဆီးၿပီး ရဲကင္းသို႔ ေခၚေဆာင္လာစဥ္ လမ္းတြင္ နတ္ရွင္ေဒသခံျဖစ္သည့္ ဦးေမာင္ျဖဴေဒါင္း(အသက္ ၂၉ ႏွစ္ )က ရဲတပ္သား ထြန္းလင္းကိုင္ေဆာင္သည့္ က်ဥ္ထိုးထားေသာ ေသနတ္ကို လုရာတြင္ ေမာင္းခလုတ္ကို ဆဲြမိရာမွ ေသနက္တစ္ခ်က္ ေပါက္ထြက္ခဲ့သျဖင့္ ဦးေမာင္ျဖဴေဒါင္း၏ ဝမ္းဗိုက္တြင္ က်ဥ္ဆံထိမွန္ခဲ့ၿပီး ေပါက္ေတာေဆးရုံတြင္ ေဆးကုသေနစဥ္အတြင္း ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း ေပါက္ေတာၿမိဳ႕ မရဲစခန္းမွ ရဲအုပ္ဦးသန္းေဌးက ေျပာသည္။

ဓာတ္ပံု-RMC
Development Media Group
https://www.facebook.com/dmgnewsagency/



ပေါက်တောမြို့နယ်၊ နတ်ရှင်ကျေးရွာမှာ ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက အရပ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်အပြန်အလှန်လုကြရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်နှင့်အပစ်ခံရသူသည် ယနေ့ နံနက် ၂ နာရီခန့်မှာ ပေါက်တောဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်စဉ်မှာ ကျောက်စုကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောက်စုလုံခြုံရေးရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်း ဆောင်ရွက်နေစဉ်တွင် ဆဲဆိုရမ်းကားနေသောကြောင့် ဖမ်းဆီးပြီး ရဲကင်းသို့ ခေါ်ဆောင်လာစဉ် လမ်းတွင် နတ်ရှင်ဒေသခံဖြစ်သည့် ဦးမောင်ဖြူဒေါင်း(အသက် ၂၉ နှစ် )က ရဲတပ်သား ထွန်းလင်းကိုင်ဆောင်သည့် ကျဉ်ထိုးထားသော သေနတ်ကို လုရာတွင် မောင်းခလုတ်ကို ဆွဲမိရာမှ သေနက်တစ်ချက် ပေါက်ထွက်ခဲ့သဖြင့် ဦးမောင်ဖြူဒေါင်း၏ ဝမ်းဗိုက်တွင် ကျဉ်ဆံထိမှန်ခဲ့ပြီး ပေါက်တောဆေးရုံတွင် ဆေးကုသနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပေါက်တောမြို့ မရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ပြောသည်။

ဓာတ်ပုံ-RMC
Development Media Group
https://www.facebook.com/dmgnewsagency/
Loading...