အပြီးမြန်တဲ့ ယောင်္ကျားလေးများသာဖတ်ပါ - Reader Myanmar
Latest Posts
အပြီးမြန်တဲ့ ယောင်္ကျားလေးများသာဖတ်ပါ
Treatment ကုသတာမှာ -
Dr. တင့်ဆွေ
၃၁-၃-၂ဝ၁၁
• Prexil
• VigRX Plus
• PreJac
ဖိုးသူတော် (www.phothutaw.com)
Unicode Version
မေး။ ။ကျွန်တော့် အသက်က အခု ၂၅ နှစ်ပါ။ သုက်လွှတ် အရမ်းမြန်ပါတယ်။ သုက်လွှတ်စောခြင်းကို ဖတ်ပြီးပါပြီ။ လိင် ဆက်ဆံတာ တစ်ခါလည်း မကတော့ပါဘူး။ မရေတွက်နိုင်လောက်အောင် ရှိပါပြီ။ အရက်သောက်ပြီး ဆက်ဆံ တာတောင် အလွန်ဆုံးကြာ ၅ မိနစ် ၁ဝ မိနစ် ပဲရှိပါတယ်။ အဲဒါကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲလို့ ဖြေကြားပေးပါ။
အရက် မသောက်ပဲ ပုံမှန်ဆို ဘယ်လောက်မှ မကြာဘူး။ တကယ့်ကို ခဏလေးပါပဲ။ အရမ်း စိတ်ညစ်နေရပါတယ်။ မြန်မာပြည်မှာ သုက်လွှတ်မမြန်အောင်ကုတဲ့ ဆေးခန်းတွေ ရှိပါတယ်။ ကုလို့ရော ရပါ့မလား။ မကြာခင် အိမ်ထောင် ပြုတော့မှာ ဖြစ်လို့ စိတ်ပူနေတာပါ။
ဖြေ။ ။သုက်လွှတ်စောတာကို ဆေးစာနဲ့ Rapid ejaculation, Rapid climax, Premature climax, Early ejaculation နာမယ်တွေရော အဓိပ္ပါယ်ဖွင့်တာတွေရော အမျိုးမျိုးရှိတယ်။ တချို့က အင်္ဂါထိုးသွင်းမှု ဖြစ်ပြီးနောက် ၂ မိနစ်ထက် စောတာကိုမှ အဲဒါလို့ ခေါ်တယ်။ ဒါပေမဲ့ ၁၉၅ဝ မှာ Alfred Kinsey က သုတေသန လုပ်တော့ လူ ၄ ယောက်မှာ ၃ ယောက်က သူတို့ အတွေ့အကြုံပေါင်း တဝက် ကျော်ကျော်မှာ အဲလိုဖြစ်နေပါ သတဲ့။ နောက်သုတေသနတခုမှာ လူ ၇၅% က ၁ဝ မိနစ် အတွင်း သုက်လွှတ်တယ်လို့ သိရတယ်။ အမေရိးကားမယ် လူပေါင်း ၂၅-၄ဝ% မှာ အဲဒီလို ဖြစ်နေကြပါတယ်။
"ကိုယ့်ဆက်ဆံဘက် အဖေါ်ထက် စောပြီးတာကိုသာ ခေါ်ပါမယ်" လို့ Masters and Johnson က ဆိုထားတယ်။ အဲလိုဖြစ်တာလဲ အကြိမ် ၁ဝဝ မှာ ၅ဝ ဖြစ်ပါသတဲ့။
ကနေ့ Sex therapists လိင်အထူးကု အများစု ပြောတာက Lack of ejaculatory control သုက်လွှတ်မှာကို ထိန်းထားနိုင်စွမ်းဟာ ယောက်ျား-မိန်းမ တဦးမဟုတ် တဦးမှာ Sexual or Emotional well-being လိင်စိတ်နဲ့ သာယာမှုကို Interferes အနှောင့်အယှက် ဖြစ်နေတာလို့ ဆိုပါတယ်။ အရေအတွက်ရော အရည်အသွေးပါ အကြုံးဝင်တယ်ပေါ့။ ရွှေဗမာတွေဆီကရတဲ့ မေးခွန်းတွေအရ မတိုင်ခင် တင်ကူးပြီး အစိုးရိမ်ကြီးနေတာကိုပါ ဒီအထဲ ထည့်ရမလို ဖြစ်နေတယ်။
မကြာသေးခင်က အသက် ၁၈ နှစ်ကနေ ၅ဝ ကြား ယောက်ျားတွေမှာ အမျိုးသမီး အင်္ဂါထဲမှာ သုက်မထွက်စေအာင် ထိန်းထားနိုင်တဲ့ Latency time အချိန်ဟာ ၆ မိနစ်ခွဲလို့ Quantity အရေအတွက်ပိုင်း အရ ပြောတယ်။ Quality အရည်အသွေးကိုပါ ထည့်တွက်ရမှာပါ။ သုက်လွှတ်ချိန်က ၁ မိနစ်ခွဲသာရှိပေမဲ့ ကိုယ်တိုင်က ကျေနပ်ကြသလို၊ ၃ မိနစ်သမားတွေထဲမှာ ကိုယ့်ကိုယ်ကို မကျေနပ်သူတွေ ရှိတယ်။ ဒါမျိုးကိုသာ ဝေဒနာသည်အုပ်စုထဲ စာရင်းသွင်းပါတယ်။
ဘာလို့ အချိန်တိုရသလဲ စိတ်နဲ့ ဝန်းကျင်ကို အရင် ရိုးမယ်ဖွဲ့ရပါတယ်။ စိတ်ထဲမှာ Sexual performance လိင်ဆက်ဆံမှု ဖြစ်စဉ် နဲ့ Emotional well-being စိတ်ယာယာမှုတို့ရဲ့ Relationship ဆက်စပ်မှုကို Underestimate လျော့တွက်မိရင် ဖြစ်တတ်တယ်။ ဥပမာ Temporary Depression ခဏခေတ္တ စိတ်ဓါတ်ကျနေချိန်၊ Stress စိတ်ဖိစီးမှု ကဲနေချိန်၊ Unrealistic expectations about performance တကယ် မဖြစ်နိုင်လောက်တဲ့ စွမ်းဆောင်မှုကို စိတ်ကူးယဉ်တာ၊ History of sexual repression အရင်ကလဲ လိင်စိတ် ဖိစီးခံရမှု ရှိခဲ့တာ၊ Overall lack of confidence ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့တာတွေကြောင့် ဒီလိုဖြစ်လာစေနိုင်တယ်။
နှစ်ဦး နှစ်ဘက် (ဖိုနဲ့မ) ကြား လှုတ်ရှား ပြောင်းလဲနေတဲ့ Interpersonal dynamics သဘောကနေ Sexual function လိင် ဆက်ဆံရေးကို အမျာကြီး သက်ရောက်စေပါတယ်။ ဒါ့ကြောင့် အဖေါ်နှစ်ယောက်သားကြား -
• Lack of communication ဆက်သွယ်ရေး ချို့ယွင်းတာရှိနေရင်၊
• Hurt feelings ဆက်ဆံရေး ကျဲနေရင်၊
• Unresolved conflicts ရှင်းမရသေးတဲ့ အိပ်တွင်းရေး ပြဿနာ တစုံတရာ ရှိနေရင်၊
• Emotional intimacy စိတ်လှုတ်ရှားမှုတွေရဲ့ပေါင်းစပ်မှုကို ထိခိုက်စေမယ်။
• Neurological premature ejaculation အာရုံပိုင်းကြောင့် ချို့ယွင်းတာလို့ ခေါ်တယ်။
Extreme arousal လိင်စိတ် ဖြစ်လာအောင် နိုးဆွတဲ့အဆင့် (၁) က သိပ်ကဲလွန်တာဆိုလဲ ဒီလို ဖြစ်ပါသေးတယ်။ ၁၉၉၉ သုတေသန တခုအရ အမျိုးသမီးရဲ့ Menstrual cycle ရာသီစက်ဝန်းနဲ့ ဆက်စပ်မှု တစုံတရာရှိတာ တွေ့ရပါတယ်။ Fertile phase ကလေးရနိုင်တဲ့ ကာလမျိုးတွေ (လလည်ရက်တွေ) မှာ အချိန် အတိုဆုံး ဖြစ်နေတယ်။ အဖေါ် အမျိုးသမီးက အသက် ပိုကြီးနေရင် ရွယ်တူ အတွဲတွေထက် အချိန်ပို တိုတတ်တယ်။
ရုပ်ပိုင်းကနေ ဖြစ်စေနိုင်တာတွေ -
Mechanism of Ejaculation သုက်လွှတ်ဖြစ်စဉ်မှာ (၂) ပိုင်းရှိတယ်။
1. Emission ပဌမအဆင့်မှာ Ampullary vas deferens, Seminal vesicles နဲ့ Prostate gland သုက် ဖြစ်ပေါ်ရာနဲ့ သုက် ပို့ဆောင်ရာတွေကနေ Posterior Urethra ဆီးသွားပြွန်ရဲ့ အရင်းပိုင်းကို Seminal fluid သုက်ရည်တွေ ရောက်လာတယ်။ Sympathetic motor neurons (ဆင်ပသက်တစ်) အာရုံကြောတွေက အဆင့် (၁) ကို လုပ်ပေးတယ်။
2. ဒုတိယဆင့် Expulsion ဆိုတာ ဆီးအိမ် လည်ပင်းနေရာက ပိတ်လိုက်ပြီး၊ Pelvic-perineal and Bulbospongiosus muscle ကြွက်သားတွေကနေ Rhythmic contractions စည်းချက်ကျကျ ညှစ်အား ဖြစ်လာပြီး၊ Urethra ဆီးသွားပြွန် တုံခါလာမယ်။ External urethral sphincters ဆီးထွက်ပေါက်နေရာ အထိန်းက Relaxation လျော့ပေးလာမယ်။ Somatic and Autonomic motor neurons (ဆိုမက်တစ် နဲ့ မိုတာ နူရုန်း) အာရုံကြောတွေက ဒုတိယဆင့်ကို လုပ်ပေးကြတယ်။
ဦးနှောက်ထဲမှာ Nucleus paragigantocellularis နေရာက ဒီအရေးမှာ ထိန်းပေးပါတယ်။ Genetic link မျိုးရိုး လိုက်သလားဆိုတာ သံသယရှိတယ်။ လူနာတွေထဲက ၉၁% မှာ အမျိုးထဲမယ် သူ့လိုမျိုး တယောက်မက ရှိနေတယ်။
• Delayed ejaculation တော်တော်နဲ့ သုက်မလွှတ်တာ၊
• Retrograde ejaculation သုက်နောက်ပြန်ထွက်တာ နဲ့
• Inhibited orgasm in males အပြီးမသတ်နိုင်တာတွေက ခွဲခြားရမှာတွေ ဖြစ်တယ်။
၂ဝဝ၅ ခုမှာ အသက် ၁၉ ကနေ ၇၃ နှစ်အရွယ်၊ (ပျမ်းမျှ အသက် ၄ဝ နှစ်) ရှိတဲ့ လူပေါင်း ၄၉၁ ယောက်ကို စမ်းသပ်တယ်။ သူတို့က ၄ ပါတ်အတွင်း လိင်ဆက်ဆံမှု အကြိမ်ပေါင်း ၄ဝဝဝ ဆောင်ရွက်ခဲ့ကြတယ်။ အတွဲ ၁ တွဲဟာ ၁ ပါတ်မှာ ဂ ကြိမ် ပျမ်းမျှ ဆက်ဆံတယ်။
• ၁၄% သော ယောက်ျားတွေက ၂ဝဝ စက္ကန့်ထက် နဲတယ်။
• ၂၆% သော ယောက်ျားတွေက ၆ဝဝ စက္ကန့်၊
• ဝ့၅-၂့၅% သော ယောက်ျားတွေက ဝ့၉-၁့၃ မိနစ်။
• ၃ဝ စက္ကန့်ကနေ ၄၄ မိနစ်ကြာတယ်။ ပျမ်းမျှ ၅့၄ မိနစ်ရှိတယ်။ တူရကီမှာ ၃့၇ မိနစ်၊ ဗြိတိန်မှာ ရ့၆ မိနစ်။
• Circumcision ပန်းအဖျား လှီးဖြတ်တာနဲ့ အဲလိုမလုပ်တာ ဘာမှ ကွာခြားတာ မတွေရ့ဘူး။
• Condom (ကွန်ဒွမ်) သုံး-မသုံးမှာလဲ ကွာတာ မရှိဘူး။
Treatment ကုသတာမှာ -
• သာမန်ဆိုရင် တဖြေးဖြေး တိုးတက်လာစေအောင် သင်တန်းပေးမယ်၊ စိတ်အားပေးမယ်။
• တခါဆက်ဆံပြီး နောက်ခါ ဆက်ဆံရင် အချိန်ပိုကြာတယ်။
• Anaesthetic creams ထုံဆေး (ခရင်) လိမ်းတာလဲ တချို့အတွက် ကောင်းတယ်။ ဒါပေမဲ့ ထုံနေလို့ ခံစားမှု လျော့စေတယ်။
• Masters and Johnson ရဲ့နည်းတခုက Start and Stop technique ဆက်ဆံပါ၊ မပြီးခင်နားပါ ဆိုတာဖြစ်တယ်။
• Kegel exercises (ကီးဂယ်) လေ့ကျင့်ခန်းလုပ်တာလဲ အကျိုးရှိတယ်။ (ရေးထားတာ ရှိပါတယ်။)
• Intracavernous လိင်တံထဲ Vasodilator သွေးကြောကျယ်ဆေး ထိုးနည်း။ စမ်းတဲ့သူ ၇ဝ% အကျိုးရှိတယ် ဆိုပါတယ်။
• Enlast, Confido, Alpha7, Climax, Priligy, StalliOn247, Generic Ambllis နဲ့ Xytomax ဆေးတွေက Herbal (ဟာဗယ်) ဆေးတွေ ဖြစ်ကြတယ်။
• Prexil, VigRX Plus နဲ့ PreJac တွေက Allopathic medicine (Western medicine) လို့ (အငြင်းမလွတ်) ခပ်လွယ်လွယ် ခေါ် ဆေးနည်းတွေက ရောင်းနေတာတွေ ဖြစ်တယ်။
• Serotonin ခေါ်တဲ့ Neurotransmitter အာရုံသတင်းပို့ ဟော်မုန်းက ဒီနေရာမှာ အရေးပါတယ်။ သူ နည်းနေရင် သုက်လွှတ်မှာကို စောစေတယ်။ ဒါ့ကြောင့် Selective Serotonin Reuptake Inhibitor (SSRI) ဆေး ပေးရင် အကျိုး များတာ လာတွေ့ရတယ်။ Dapoxetine (Priligy) ဆေးက (SSRI) အမျိုးအစားဖြစ်တယ်။ အချိန်တို အကျိုးသက်ရောက်စေတယ်။ Anti-anxiety medication စိတ်ဆေးပါဘဲ၊ နဲနဲပြုပြင်ထားတယ်။
• Dapoxetine Hydrochloride (Priligy) ဆေးကို ဝယ်လို့တော့ရနေပြီ။ US မှာ FDA တရားဝင်ဖြစ်လာဘို့ အဆင့် ၃ ရောက်နေပေမဲ့ တခြားနေရာတွေမှာ ဝယ်လို့ရနေပါပြီ။ 30 or 60 milligrams သောက်ရတယ်။ ၃ ဆ ကနေ ၄ ဆ ပိုကြာတယ်လို့ ဆိုပါတယ်။
Dr. တင့်ဆွေ
၃၁-၃-၂ဝ၁၁
သုက်လွှတ်စောခြင်း အဆက်၏ နောက်ဆက်တွဲ
• Premature ejaculation သုက်လွှတ်စောတာ ခံစားနေရသူ တကမ္ဘာမှာ ၁၆ နှစ်နဲ့ ၅၅ နှစ်ကြား ယောက်ျား အားလုံး ၄ဝ% ရှိနိုင်ပါသတဲ့။
• Viagra ဆေးက ပန်းညှိုးနေသူတွေအတွက်ဖြစ်တယ်။
• Dapoxetine Hydrochloride ဆေးကို သုက်လွှတ်စောတတ်သူတွေအတွက် ဆေးကောင်းဖြစ်လာစရာရှိတယ်လို့ ပြောနေပါတယ်။ တကယ်ပျောက်မှာလားဆိုတော့ မဟုတ်သေးပါတဲ့။
• Dapoxetine ဆေးက စမ်းတုံးရှိပါသေးတယ်။ အမေရိကား၊ အိန္ဒိယားမှာ ရောင်းရောင်းနေပြီ။ FDA approval ရဘို့ တတိယအဆင့်ကို Ortho-McNeil's Ortho Urology unit ကနေ စမ်းသပ်မှု လုပ်ပါတယ်။ Monogamous sexual relationships ခေါ်တဲ့ တကြိမ်မှာ တယောက်ထဲကိုသာ အနည်းဆုံး ၆ လ အိမ်ထောင် ပြုထားသူ ၂၆၁၄ ဦးကို စမ်းပါတယ်။ Control ထိန်းထားနိုင်တာရော Satisfaction ကျေနပ်မှုမှာပါ တိုးတက် ကောင်းမွန်တယ်လို့ ဆိုပါတယ်။
• Dapoxetine က generic ဆေးနာမယ်ဖြစ်ပြီး ရောင်းတဲ့အခါ Priligy နာမယ်နဲ့ ရောင်းပါတယ်။
• Dapoxetine ဆေးဆိုတာ Selective Serotonin Reuptake Inhibitors (SSRIs) ဖြစ်ပြီး Depression စိတ်ကျဆေး အနေနဲ့ သုံးနေတာပါ။ ဒီဆေးကို တရားဝင်ဝယ်လို့ရဘို့ နှစ်နဲ့ချီ စောင့်ရပါအုံးမယ်။
• လူတွေ ပျမ်းမျှ တခါဆက်ဆံရင် ၅ မိနစ်ကြာတာ ပုံမှန်သတ်မှတ်ပါတယ်။ Dapoxetine ဆေးသုံးရင် ၁၂-၁၇ မိနစ် ကြာစေတယ်လို့ ဆိုပါတယ်။
• Sexual stamina ကောင်းစေတဲ့ Herbal သဘာဝဆေးမျိုး ကြောညာထားတာ ထိပ်ဆုံးမှာ ၃ ခု တွေ့ပါတယ်။ (ဟာဗယ်) ဆေးတွေမို့ ဘေးထွက်-ဆိုးကျိုး သိပ်ဆိုးမယ် မထင်ပါ။
• Prexil
• VigRX Plus
• PreJac
• Priligy 30mg ၃ ပြားကို $81.61 ဒေါ်လာ၊ ၆ ပြားကို $143.03 ဒေါ်လာ၊
• Priligy 60mg ၃ ပြားကို $102.26 ဒေါ်လာ၊ ၆ ပြားကို $174.84 ဒေါ်လာ၊
• Prexil ဆေးကလဲ ၃-၅ ဆ ပိုကြာစေတယ်။ ပဌမလမှာ ၂-၄ မိနစ်ပိုကြာမယ်။ ဒုတိယနဲ့ တတိယလတွေမှာ ၂-၃ ဆ ပိုလာမယ်။ ၄ လ နဲ့ ၆ လ အတွင်းမှာ ၃ ဆကနေ ၅ ဆပိုကြာမယ်။ နောက်လတွေမှာလဲ ပိုသထက် ပိုပါမယ်တဲ့။
• VigRX Plus ဆေးကြော်ညာက ပိုတာတွေပါ ဖတ်ရပါမယ်။ Bigger ပိုကြီးစေမယ်၊ Harder ပိုမာစေတယ်၊ Longer ပိုကြာမယ်၊ Better ပိုကောင်းမယ်၊ Powerful အားကောင်းတယ်။
• PreJac ဆေးကလဲ ကြော်ညာ ကောင်းတာပါဘဲ။
Pictures available on request
Q: ဆရာ့ ဆိုက်ထဲမှာပြောထားတဲ့ Prexil, VigRX Plus, PreJac, Priligy ဆေးတွေက ဘယ်လိုသောက်ရမှာလဲ။ တရက် တလုံးလား၊ ဆက်ဆံခါနီးလား။
1. Prexil capsule ဆေးကို တနေ့ ၁ လုံး၊ အစာစားပြီး သောက်ပါ။ ၄-၆ လ ကြာရင် အကောင်းဆုံး အခြေအနေကို ရောက်လာမယ်။ အဲဒီအချိန်မှာ ၂ ရက် ၁လုံး၊ နောက် ၃ ရက် ၁ လုံးသာ သောက်ပါ။ တရက် ၁ လုံး ဆက်သောက်လဲ ရတယ်။
2. VigRX Plus ဆေးကို တနေ့ ၁ လုံးသောက်ပါ။ တချို့ကလဲ တနေ့ ၂ ကြိမ် သောက်တယ်။
3. Prejac တနေ့ ကို မနက်ထမင်းစားပြီး ၁ လုံး၊ ညနေထမင်းစားပြီး ၁ လုံးသောက်ပါ။
4. Priligy tablet ဆေးကို လိင်မဆက်ဆံမီ ၁-၃ နာရီအလိုမှာ ၁ လုံး သောက်ပါ။ အစာနဲ့ နီးနီး-ဝေးဝေး ရတယ်။
Credit:ဒေါက်တာတင့်ဆွေ
Loading...