ကျောင်းကုန်းမြစ်ကူးတံတားအနီး ဒါးကမြစ်ချောင်းအတွင်း ပုပ်ပွနေသော လူသေအလောင်းတစ်လောင်း တွေ့ရှိ - Reader Myanmar

Latest Posts

ကျောင်းကုန်းမြစ်ကူးတံတားအနီး ဒါးကမြစ်ချောင်းအတွင်း ပုပ်ပွနေသော လူသေအလောင်းတစ်လောင်း တွေ့ရှိ





ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် သစ်ဆိမ့်ကုန်းအုပ်စု ကျောင်းကုန်းမြစ်ကူးတံတားအနီး ဒါးကမြစ်ချောင်းအတွင်း ဧပြီ ၁၉ ရက် ညနေ ၅ နာရီ မိနစ် ၄ဝ ခန့်က ပုပ်ပွနေသော လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။
ယင်းနေ့ညနေ ၅ နာရီ မိနစ် ၄ဝ ခန့်တွင် ဒုရဲအုပ်သန့်ဇင်သည် ကျောင်းကုန်းမြို့မရဲစခန်းတွင် တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ဖုန်းဖြင့်ဆက်သွယ်၍ ကျောင်းကုန်းမြစ်ကူး တံတားအနီး ဒါးကမြစ်ချောင်းအတွင်း၌ ပုပ်ပွနေသော လူသေအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းပေးမှုအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကိုဝင်းဦး(၅ဝ)နှစ် ဗောဓိကုန်းရပ် သစ်ဆိမ့်ကုန်းအုပ်စု ကျောင်းကုန်း မြို့နယ်နေသူဖြစ်သည်။ သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ရန် ကျောင်းကုန်းဆေးရုံသို့ ပေးပို့ထားပြီး ကျောင်းကုန်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၃/၂ဝ၁၇)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)

Loading...