အေမရိကန္ကို ကမာၻ႔ေျမေပၚမွ ဖယ္ရွားပစ္မည္ဟု ေျမာက္ကိုရီးယား ၿခိမ္းေျခာက္ - Reader Myanmar

Latest Posts

အေမရိကန္ကို ကမာၻ႔ေျမေပၚမွ ဖယ္ရွားပစ္မည္ဟု ေျမာက္ကိုရီးယား ၿခိမ္းေျခာက္





အေမရိကန္ဟာ ဓာတုလက္နက္နဲ႔ တုိက္ခိုက္ဖုိ႔ စီစဥ္ေနတယ္လုိ႔ ေျမာက္ကုိရီးယားက စြပ္စြဲၿပီးေနာက္ အေမရိကန္ကို ကမာၻေျမႀကီးေပၚကေန ဖယ္ရွားပစ္မယ္လုိ႔ ၿခိမ္းေျခာက္သတိေပးလိုက္ပါတယ္။
အေမရိကန္က သူတုိ႔ႏုိင္ငံအေပၚ “အမည္မသိရွိတဲ့ ေဘးအႏၱရာယ္ေတြ က်ေရာက္ေအာင္” လွ်ိဳ႕ဝွက္ႀကံစည္ စီစဥ္ေဆာင္ရြက္ေနတယ္လို႔ ေျမာက္ကိုရီးယားက ဧၿပီလ ၂၂ ရက္ေန႔က သတင္းထုတ္ျပန္မႈအတြင္း အခိုင္အမာ စြပ္စြဲေျပာဆုိလုိက္တာပါ။
“အေမရိကန္ရဲ႕ လုပ္ရပ္ေတြအေပၚ ႏႈတ္ပိတ္ၾကည့္ေနမွာ မဟုတ္ဘူး၊ အေမရိကန္ ဒါမွမဟုတ္ ဆုိးသြမ္းယုတ္မာမႈတုိရဲ႕ အင္ပါယာႀကီးကုိ ဖ်က္ဆီး ေခ်မႈန္းပစ္မယ္” လုိ႔ ေျမာက္ကိုရီးယားဘက္က ေျပာလိုက္တာပါ။
n kea7
ႏုိင္ငံပုိင္သတင္းစာျဖစ္တဲ့ သည္႐ုိဒံုဆင္မန္က “ေျမာက္ကုိရီးယားအေပၚ ဇီဝဓာတုစစ္လက္နက္ ဆင္ႏႊဲမယ့္ ရန္စေစာ္ကားတဲ့ အေမရိကန္ရဲ႕ လႈပ္ရွားမႈေတြကို ေျမာက္ကုိရီးယားက ဘယ္ေတာ့မွ ႏႈတ္ပိတ္ၾကည့္ေနမွာ မဟုတ္ဘူး၊ အဲ့ဒီအစား ဆုိးသြမ္းယုတ္မာမႈတုိ႔ရဲ႕ အင္ပါယာႀကီးျဖစ္တဲ့ အေမရိကန္ကုိ ကမာၻ႔ေျမေပၚက ဖယ္ရွားၿပီး အဆံုးသတ္ျပမယ္” လုိ႔ ေျပာခဲ့ပါတယ္။
“သတိေပးမႈကို အေမရိကန္ႏုိင္ငံအေနနဲ႔ ဂ႐ုမစုိက္အေလးမမႈတာမ်ိဳး မလုပ္ပါနဲ႔၊ ေျမာက္ကုိရီးယား စစ္တပ္ႀကီးက စိတ္မခ်မ္းေျမ့ဖြယ္ ေနာက္ဆံုးကံၾကမၼာကုိ ဖန္တီးေကာင္း ဖန္တီးႏုိင္တယ္” လုိ႔ ႏုိင္ငံေတာ္ပိုင္ သတင္းစာက ေျပာတာပါ။
n kea1
“ေျမာက္ကုိရီးယားကို မီးေလာင္တုိက္သြင္းမယ့္ အေမရိကန္ရဲ႕ ဇီဝဓာတုစစ္စီမံကိန္း” လုိ႔ ေခါင္းစဥ္ေပးထားတဲ့ အစီရင္ခံစာကလည္း အေမရိကန္ႏုိင္ငံက ေျမာက္ကုိရီးယားကုိ ဓာတုလက္နက္ေတြနဲ႔ တုိက္ခိုက္ဖုိ႔ လွ်ိဳ႕ဝွက္အစီအစဥ္ခ်ေနတယ္လုိ႔ အခိုင္အမာစြပ္စြဲလုိက္ပါတယ္။
စစ္အတြက္ ျပင္ဆင္မႈအေနနဲ႔ အေမရိကန္ႏုိင္ငံက ဓာတုလက္နက္ေတြကုိ ေတာင္ကိုရီးယားရဲ႕ ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ ဘူဆန္ၿမိဳ႕ကို ပုိ႔ေဆာင္တဲ့ သက္ေသေတြ ေတြ႔ရွိထားတယ္လုိ႔ အစီရင္ခံစာက စြပ္စြဲထားေၾကာင္း ေမရာရဲ႕ ဧၿပီလ ၂၂ ရက္ေန႔သတင္းမွာ ေရးသားထားပါတယ္။
DVB
Unicode
အမေရိကန်ဟာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြီးနောက် အမေရိကန်ကို ကမ္ဘာမြေကြီးပေါ်ကနေ ဖယ်ရှားပစ်မယ်လို့ ခြိမ်းခြောက်သတိပေးလိုက်ပါတယ်။
အမေရိကန်က သူတို့နိုင်ငံအပေါ် “အမည်မသိရှိတဲ့ ဘေးအန္တရာယ်တွေ ကျရောက်အောင်” လျှို့ဝှက်ကြံစည် စီစဉ်ဆောင်ရွက်နေတယ်လို့ မြောက်ကိုရီးယားက ဧပြီလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်မှုအတွင်း အခိုင်အမာ စွပ်စွဲပြောဆိုလိုက်တာပါ။
“အမေရိကန်ရဲ့ လုပ်ရပ်တွေအပေါ် နှုတ်ပိတ်ကြည့်နေမှာ မဟုတ်ဘူး၊ အမေရိကန် ဒါမှမဟုတ် ဆိုးသွမ်းယုတ်မာမှုတိုရဲ့ အင်ပါယာကြီးကို ဖျက်ဆီး ချေမှုန်းပစ်မယ်” လို့ မြောက်ကိုရီးယားဘက်က ပြောလိုက်တာပါ။
နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ သည်ရိုဒုံဆင်မန်က “မြောက်ကိုရီးယားအပေါ် ဇီဝဓာတုစစ်လက်နက် ဆင်နွှဲမယ့် ရန်စစော်ကားတဲ့ အမေရိကန်ရဲ့ လှုပ်ရှားမှုတွေကို မြောက်ကိုရီးယားက ဘယ်တော့မှ နှုတ်ပိတ်ကြည့်နေမှာ မဟုတ်ဘူး၊ အဲ့ဒီအစား ဆိုးသွမ်းယုတ်မာမှုတို့ရဲ့ အင်ပါယာကြီးဖြစ်တဲ့ အမေရိကန်ကို ကမ္ဘာ့မြေပေါ်က ဖယ်ရှားပြီး အဆုံးသတ်ပြမယ်” လို့ ပြောခဲ့ပါတယ်။
“သတိပေးမှုကို အမေရိကန်နိုင်ငံအနေနဲ့ ဂရုမစိုက်အလေးမမှုတာမျိုး မလုပ်ပါနဲ့၊ မြောက်ကိုရီးယား စစ်တပ်ကြီးက စိတ်မချမ်းမြေ့ဖွယ် နောက်ဆုံးကံကြမ္မာကို ဖန်တီးကောင်း ဖန်တီးနိုင်တယ်” လို့ နိုင်ငံတော်ပိုင် သတင်းစာက ပြောတာပါ။
“မြောက်ကိုရီးယားကို မီးလောင်တိုက်သွင်းမယ့် အမေရိကန်ရဲ့ ဇီဝဓာတုစစ်စီမံကိန်း” လို့ ခေါင်းစဉ်ပေးထားတဲ့ အစီရင်ခံစာကလည်း အမေရိကန်နိုင်ငံက မြောက်ကိုရီးယားကို ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်ဖို့ လျှို့ဝှက်အစီအစဉ်ချနေတယ်လို့ အခိုင်အမာစွပ်စွဲလိုက်ပါတယ်။
စစ်အတွက် ပြင်ဆင်မှုအနေနဲ့ အမေရိကန်နိုင်ငံက ဓာတုလက်နက်တွေကို တောင်ကိုရီးယားရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘူဆန်မြို့ကို ပို့ဆောင်တဲ့ သက်သေတွေ တွေ့ရှိထားတယ်လို့ အစီရင်ခံစာက စွပ်စွဲထားကြောင်း မေရာရဲ့ ဧပြီလ ၂၂ ရက်နေ့သတင်းမှာ ရေးသားထားပါတယ်။


Loading...