ေမာ္ဒယ္ ေရႊျမင့္မိုရ္အပါ သံုးဦးအျပင္ မူးယစ္ေဆးဝါးေရာင္းခ်သူပါ ထပ္မံဖမ္းဆီးရမိ - Reader Myanmar

Latest Posts

ေမာ္ဒယ္ ေရႊျမင့္မိုရ္အပါ သံုးဦးအျပင္ မူးယစ္ေဆးဝါးေရာင္းခ်သူပါ ထပ္မံဖမ္းဆီးရမိ





မူးယစ္ေဆးဝါးသံုးစြဲမႈျဖင့္ ဖမ္းဆီးခံထားရေသာ ေမာ္ဒယ္သ႐ုပ္ေဆာင္ ေရႊျမင့္မိုရ္အပါအဝင္သံုးဦးအျပင္ မူးယစ္ေဆးဝါးေရာင္းခ်သူကိုပါ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း တာေမြၿမိဳ႕မရဲစခန္းမွ တာဝန္က်ရဲအရာရွိက မဇၥိ်မသို႔ ဧၿပီလ ၂၉ ရက္တြင္ေျပာသည္။

“မူးယစ္ေဆးဝါးေရာင္းဝယ္သူက သူတို႔သံုးဖို႔အတြက္ လာလာပို႔ေပးတဲ့သူေပါ့။ လာပို႔တဲ့လူကိုေစာင့္ၿပီးေတာ့ ဖမ္းလိုက္တာ ဒါပဲ။ အခုေတာ့ လာပို႔တဲ့သူကို သပ္သပ္တစ္မႈဖြင့္တယ္။ က်န္တဲ့သံုးေယာက္ကို တစ္မႈဖြင့္တယ္”ဟု အဆုိပါအရာရွိက ေျပာသည္။

ျဖစ္စဥ္မွာ ဧၿပီလ ၂၇ ရက္ေန႔ ည ၉ နာရီအခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္၊ နတ္ေခ်ာင္း ရပ္ကြက္၊ သမိန္ဗရမ္းလမ္းရွိ ေမာ္ဒယ္ ေရႊျမင့္မိုရ္ေနထိုင္ရာ တိုက္ခန္းသို႔ သတင္းအရ မူးယစ္ရဲတပ္ဖြဲ႔မွ မူးယစ္ ေဆးဝါးရွာေဖြခြင့္ ဝရမ္းအမွတ္(၂၂/၂ဝ၁၇) ျဖင့္ ဝင္ေရာက္ရွာေဖြခဲ့ရာ ေမာ္ဒယ္ ေရႊျမင့္မိုရ္အပါအဝင္ ေမာင္ေျပၿငိမ္း(ခ)ေျပၿငိမ္းႏွင့္ ကိုေဇာ္(ခ) ေဇယ်ာၿဖိဳးေမာင္ ႏွင့္အတူ ေမာ္ဒယ္ေရႊျမင့္ မိုရ္အိပ္ခန္း ၾကမ္းျပင္ေပၚမွ ေက္ာဘူးျဖင့္ထည့္ထားသည့္ တန္ဖိုးက်ပ္ (၁၅ဝဝဝ) ရွိ WY စာတမ္းပါစိတ္ၾကြ႐ူးသြပ္ေဆးျပား (၆) ျပားႏွင့္ စိတ္ၾကြေဆးျပား႐ူရန္ ျပင္ဆင္ ထားသည့္ဆက္စပ္ပစၥည္းမ်ား၊ မူးယစ္ေဆးဝါးေရာင္းဝယ္ရာတြင္ အသံုးျပဳသည့္ ဆမ္ေဆာင္းဖုန္းတစ္လံုး၊ MI ဖုန္းအမ်ိဳးအစား ႏွစ္လံုးကို ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ရမိသည္။

အဆိုပါပစၥည္းမ်ားရွာေဖြပံုစံျဖင့္သိမ္းဆည္းေနစဥ္ ည ၁၁ နာရီအခ်ိန္တြင္ ေမာ္ဒယ္ ေရႊျမင့္မိုရ္၏ ဆမ္ေဆာင္းဖုန္းသို႔ မူးယစ္ေဆးဝါးေရာင္းဝယ္သူက ဆက္သြယ္လာသျဖင့္ မူးယစ္ရဲတပ္ဖြဲ႔မွ အသြင္ယူ၍ ေစာင့္ဖမ္းခဲ့ရာ ည ၁၁ နာရီခြဲတြင္ မ်ိဳးျမင့္ဦး(ခ) မ်ိဳးႀကီးဆိုသူက အငွားယာဥ္ျဖင့္ ေမာ္ဒယ္ေရႊျမင့္မိုရ္အိမ္သို႔ ေရာက္ရွိလာျခင္းျဖစ္သည္။

မူးယစ္ရဲတပ္ဖြဲ႔မွ ၄င္းကို သက္ေသမ်ားေရွ႕တြင္ ရွာေဖြစစ္ေဆးခဲ့ရာ တန္ဖိုးက်ပ္ ၆၇၅ဝဝ ရွိ WY ေဆးျပား ၂၇ ျပားႏွင့္ မူးယစ္ေဆးဝါးေရာင္းဝယ္ရာတြင္အသံုးျပဳသည့္ OPPO အမ်ိဳးအစားဖုန္းတုိ႔ကို ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးသံုးစြဲသူ ေမာ္ဒယ္သ႐ုပ္ေဆာင္ ေရႊျမင့္မိုရ္အပါအဝင္ သံုးဦးကို တာေမြၿမိဳ႕မရဲစခန္းတြင္ မယ (ပ) ၁၉/ ၂၀၁၇၊ မူးစိတ္ပုဒ္မ ၁၅/ ၁၆(ဂ)/ ၂၁ ျဖင့္ အမႈဖြင့္ထားၿပီး မူးယစ္ေဆးဝါးေရာင္းခ်သူျဖစ္သည့္ မ်ိဳးျမင့္ဦး(ခ) မ်ိဳးႀကီးဆိုသူကို မယ (ပ) ၁၉/ ၂၀၁၇၊ မူးစိတ္ပုဒ္မ ၁၅/ ၁၆(ဂ)/ ၂၁ ျဖင့္ သီးျခားအမႈဖြင့္ထားကာ စစ္ေဆးေနၿပီ ျဖစ္ေၾကာင္း တာေမြၿမိဳ႕မရဲစခန္းမွ သိရသည္။

Mizzima

မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးခံထားရသော မော်ဒယ်သရုပ်ဆောင် ရွှေမြင့်မိုရ်အပါအဝင်သုံးဦးအပြင် မူးယစ်ဆေးဝါးရောင်းချသူကိုပါ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း တာမွေမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက မဇ္စျိမသို့ ဧပြီလ ၂၉ ရက်တွင်ပြောသည်။

“မူးယစ်ဆေးဝါးရောင်းဝယ်သူက သူတို့သုံးဖို့အတွက် လာလာပို့ပေးတဲ့သူပေါ့။ လာပို့တဲ့လူကိုစောင့်ပြီးတော့ ဖမ်းလိုက်တာ ဒါပဲ။ အခုတော့ လာပို့တဲ့သူကို သပ်သပ်တစ်မှုဖွင့်တယ်။ ကျန်တဲ့သုံးယောက်ကို တစ်မှုဖွင့်တယ်”ဟု အဆိုပါအရာရှိက ပြောသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက်နေ့ ည ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ မော်ဒယ် ရွှေမြင့်မိုရ်နေထိုင်ရာ တိုက်ခန်းသို့ သတင်းအရ မူးယစ်ရဲတပ်ဖွဲ့မှ မူးယစ် ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ်(၂၂/၂ဝ၁၇) ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ မော်ဒယ် ရွှေမြင့်မိုရ်အပါအဝင် မောင်ပြေငြိမ်း(ခ)ပြေငြိမ်းနှင့် ကိုဇော်(ခ) ဇေယျာဖြိုးမောင် နှင့်အတူ မော်ဒယ်ရွှေမြင့် မိုရ်အိပ်ခန်း ကြမ်းပြင်ပေါ်မှ ကေ်ာဘူးဖြင့်ထည့်ထားသည့် တန်ဖိုးကျပ် (၁၅ဝဝဝ) ရှိ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား (၆) ပြားနှင့် စိတ်ကြွဆေးပြားရူရန် ပြင်ဆင် ထားသည့်ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြုသည့် ဆမ်ဆောင်းဖုန်းတစ်လုံး၊ MI ဖုန်းအမျိုးအစား နှစ်လုံးကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ရမိသည်။

အဆိုပါပစ္စည်းများရှာဖွေပုံစံဖြင့်သိမ်းဆည်းနေစဉ် ည ၁၁ နာရီအချိန်တွင် မော်ဒယ် ရွှေမြင့်မိုရ်၏ ဆမ်ဆောင်းဖုန်းသို့ မူးယစ်ဆေးဝါးရောင်းဝယ်သူက ဆက်သွယ်လာသဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ အသွင်ယူ၍ စောင့်ဖမ်းခဲ့ရာ ည ၁၁ နာရီခွဲတွင် မျိုးမြင့်ဦး(ခ) မျိုးကြီးဆိုသူက အငှားယာဉ်ဖြင့် မော်ဒယ်ရွှေမြင့်မိုရ်အိမ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

မူးယစ်ရဲတပ်ဖွဲ့မှ ၄င်းကို သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးခဲ့ရာ တန်ဖိုးကျပ် ၆၇၅ဝဝ ရှိ WY ဆေးပြား ၂၇ ပြားနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင်အသုံးပြုသည့် OPPO အမျိုးအစားဖုန်းတို့ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲသူ မော်ဒယ်သရုပ်ဆောင် ရွှေမြင့်မိုရ်အပါအဝင် သုံးဦးကို တာမွေမြို့မရဲစခန်းတွင် မယ (ပ) ၁၉/ ၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/ ၁၆(ဂ)/ ၂၁ ဖြင့် အမှုဖွင့်ထားပြီး မူးယစ်ဆေးဝါးရောင်းချသူဖြစ်သည့် မျိုးမြင့်ဦး(ခ) မျိုးကြီးဆိုသူကို မယ (ပ) ၁၉/ ၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/ ၁၆(ဂ)/ ၂၁ ဖြင့် သီးခြားအမှုဖွင့်ထားကာ စစ်ဆေးနေပြီ ဖြစ်ကြောင်း တာမွေမြို့မရဲစခန်းမှ သိရသည်။

Mizzima

Loading...