မႏၱေလးေတာင္အဆင္းလမ္း လုယက္မႈ တရားခံအား စစ္ေဆးရာ လူသတ္၊ မုဒိန္းက်င့္ ၊ လုယက္မႈမ်ား ထပ္မံေပၚေပါက္ - Reader Myanmar

Latest Posts

မႏၱေလးေတာင္အဆင္းလမ္း လုယက္မႈ တရားခံအား စစ္ေဆးရာ လူသတ္၊ မုဒိန္းက်င့္ ၊ လုယက္မႈမ်ား ထပ္မံေပၚေပါက္




မႏၱေလးေတာင္အဆင္းလမ္း လုယက္မႈ တရားခံအား စစ္ေဆးရာ လူသတ္၊ မုဒိန္းက်င့္ ၊ လုယက္မႈမ်ား ထပ္မံေပၚေပါက္



မႏၱေလးတုိင္း ေဒသၾကီး ၊ မႏၱေလးျမဳိ  ့မႏၱေလးေတာင္အဆင္းလမ္းတြင္ သမီးရည္းစားစုံတဲြထံမွ ဧျပီလ ၆ ရက္ေန ့ေန ့လည္ပုိင္းက လုယက္မႈတရားခံ သိန္းေဇာ္၀င္းအား ထပ္မံစစ္ေဆးရာ သမီးရည္းစားစုံတဲြမ်ားအား လူသတ္မႈ၊ လုယက္မႈ၊ မုဒိန္းမႈမ်ား ထပ္မံေပၚေပါက္ခဲ့ေၾကာင္း သိရပါသည္။


အဆုိပါ တရားခံသည္ လြန္ခဲ့ေသာ (၃)လခန္ ့က ညပုိင္း ပုသိမ္ၾကီးျမဳိ ့နယ္၊ ေအာင္ခ်မ္းသာရပ္ကြက္ GTC ေက်ာင္းေရွ ့လယ္ကြင္းျပင္၌ ခ်ိန္းေတြ ့ေနေသာ စုံတဲြထံမွ အမ်ဳိးသားျဖစ္သူအား ပါလာသည့္ ဓားျပားျဖင့္ ခုတ္ရုိက္သတ္ခဲ့ျပီး က်န္ေနသည့္ အမ်ဳိးသမီးအား မုဒိန္းျပဳက်င့္၍ ဖုန္း၊ ေရႊဆဲြၾကဳိး၊ Scoopy ဆုိင္ကယ္မ်ား လုယူထြက္ေျပးခဲ့ေၾကာင္း သိရသည္။


ထုိအျပင္ လြန္ခဲ့ေသာ (၂)လခန္ ့ကလည္း ပုသိမ္းၾကီးျမဳိ ့နယ္၊ ေအာင္ခ်မ္းသာရပ္ကြက္၊ ၆ လမ္းသြားလမ္းမေပၚတြင္ ဆုိင္ကယ္ျဖင့္ သြားလာေနသည့္ လူငယ္စုံတဲြထံမွ ဖုန္း(၂)လုံး လုယွက္ယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ ခဲ့ျပီး အေရးယူ ေဆာင္ရြက္ႏိုင္ရန္ က်န္ရိွသက္ေသခံ ပစၥည္းမ်ား သိမ္းဆည္းရမိေရး ဆက္လက္ ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရိွရသည္။

အဆုိပါ အမႈမ်ားအား ဧျပီလ ၇ ရက္ေန ့က မႏၱေလးေတာင္ဆင္းလမ္း လုယက္မႈ တရားခံ သိန္းေဇာ္၀င္းအား ဖမ္းဆီးရမိေၾကာင္း လူမႈကြန္ယက္မွ တဆင့္ ဓာတ္ပုံျမင္ေတြ ့ရသျဖင့္ ပုသိမ္ၾကီးျမဳိ ့မ ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ႏွင့္အဖဲြ ့မွ ဆက္သြယ္လာသျဖင့္ ပူးေပါင္း၍ အမွတ္ (၂) နယ္ေျမရဲစခန္းမွ စခန္းမွဴး၊ နယ္ထိန္းေခါင္းေဆာင္ႏွင့္အဖဲြ ့၊ သက္ေသမ်ားႏွင့္အတူ ထပ္မံစစ္ေဆး ေပၚေပါက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရပါသည္။

သစ္ထူးလြင္


Unicode


မန္တလေးတောင်အဆင်းလမ်း လုယက်မှု တရားခံအား စစ်ဆေးရာ လူသတ်၊ မုဒိန်းကျင့် ၊ လုယက်မှုများ ထပ်မံပေါ်ပေါက်မန္တလေးတိုင်း ဒေသကြီး ၊ မန္တလေးမြို  ့မန္တလေးတောင်အဆင်းလမ်းတွင် သမီးရည်းစားစုံတွဲထံမှ ဧပြီလ ၆ ရက်နေ ့နေ ့လည်ပိုင်းက လုယက်မှုတရားခံ သိန်းဇော်ဝင်းအား ထပ်မံစစ်ဆေးရာ သမီးရည်းစားစုံတွဲများအား လူသတ်မှု၊ လုယက်မှု၊ မုဒိန်းမှုများ ထပ်မံပေါ်ပေါက်ခဲ့ကြောင်း သိရပါသည်။အဆိုပါ တရားခံသည် လွန်ခဲ့သော (၃)လခန် ့က ညပိုင်း ပုသိမ်ကြီးမြို ့နယ်၊ အောင်ချမ်းသာရပ်ကွက် GTC ကျောင်းရှေ ့လယ်ကွင်းပြင်၌ ချိန်းတွေ ့နေသော စုံတွဲထံမှ အမျိုးသားဖြစ်သူအား ပါလာသည့် ဓားပြားဖြင့် ခုတ်ရိုက်သတ်ခဲ့ပြီး ကျန်နေသည့် အမျိုးသမီးအား မုဒိန်းပြုကျင့်၍ ဖုန်း၊ ရွှေဆွဲကြိုး၊ Scoopy ဆိုင်ကယ်များ လုယူထွက်ပြေးခဲ့ကြောင်း သိရသည်။ထိုအပြင် လွန်ခဲ့သော (၂)လခန် ့ကလည်း ပုသိမ်းကြီးမြို ့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ၆ လမ်းသွားလမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် လူငယ်စုံတွဲထံမှ ဖုန်း(၂)လုံး လုယှက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ကျန်ရှိသက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။အဆိုပါ အမှုများအား ဧပြီလ ၇ ရက်နေ ့က မန္တလေးတောင်ဆင်းလမ်း လုယက်မှု တရားခံ သိန်းဇော်ဝင်းအား ဖမ်းဆီးရမိကြောင်း လူမှုကွန်ယက်မှ တဆင့် ဓာတ်ပုံမြင်တွေ ့ရသဖြင့် ပုသိမ်ကြီးမြို ့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ ့မှ ဆက်သွယ်လာသဖြင့် ပူးပေါင်း၍ အမှတ် (၂) နယ်မြေရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ ့၊ သက်သေများနှင့်အတူ ထပ်မံစစ်ဆေး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။သစ်ထူးလွင်
http://www.thithtoolwin.com/2017/04/blog-post_516.html


Loading...