‘ေခါက္ထီးကေလး မလံု႔တလံု’ ႐ုပ္ရွင္ပိုစတာတြင္ သ႐ုပ္ေဆာင္ ေအးျမတ္သူ၏ မလံု႔တလံု ပံုေဖာ္ျပထားသည့္ အေပၚ ပရိသတ္အခ်ိဳ႕မွေဝဖန္ - Reader Myanmar

Latest Posts

‘ေခါက္ထီးကေလး မလံု႔တလံု’ ႐ုပ္ရွင္ပိုစတာတြင္ သ႐ုပ္ေဆာင္ ေအးျမတ္သူ၏ မလံု႔တလံု ပံုေဖာ္ျပထားသည့္ အေပၚ ပရိသတ္အခ်ိဳ႕မွေဝဖန္





မေကာင္းေသာ မိန္းကေလးတစ္ဦး၏ ဘဝအဆင့္ဆင့္ ျဖတ္သန္းရပံုကုိ ပညာေပးပံုစံ႐ိုက္ကူးထားေသာ ‘ေခါက္ထီးကေလး မလံု႔တလံု’႐ုပ္ရွင္ဇာတ္ကားႀကီး၏ ပိုစတာတြင္ သ႐ုပ္ေဆာင္ေအးျမတ္သူ၏ မလံု႔တလံုပံုျဖင့္ ေဖာ္ျပထားသည့္အေပၚ ပရိသတ္အခ်ိဳ႕မွ ေဝဖန္မႈမ်ားရွိေန ေၾကာင္း သိရသည္။
”ဒီဇာတ္ကားပိုစတာက ၾကည့္လိုက္ရင္ မင္းသမီးက အဝတ္မပါတဲ့ပံုစံပါပဲ။ ကိုယ္လံုးတီးပံုကိုဆြဲထားတာ မွန္းဘယ္သူမဆိုသိႏိုင္ပါတယ္။ ဇာတ္လမ္းကေတာ့ ပညာေပးဇာတ္လမ္း ျဖစ္လို႔ ရည္ရြယ္ခ်က္ေကာင္းေပမယ့္ ဒီပိုစတာအရေျပာရရင္ ျမန္မာ့ယဥ္ ေက်းမႈနဲ႔ေတာ့ ေဝဖန္စရာျဖစ္ေနတာ ေတြ႕ရပါတယ္။ ဒါကို ဝိုင္းေဝဖန္ေန ၾကတာပါ။ ႐ုပ္ရွင္လိုအႏုပညာ၊ ႐ုပ္ရွင္လိုအႏုပညာသည္ေတြဟာ လူထုကို ေရွ႕ေဆာင္ေရွ႕ရြက္ျပဳရတဲ့သူေတြပါ။ သူတို႕ရဲ႕ရည္ရြယ္ခ်က္က ဘယ္ ေလာက္ေကာင္းေကာင္း၊ သူတို႔ရဲ႕ သ႐ုပ္ေဆာင္မႈေတြ တင္ျပပံုနည္းလမ္း ေတြဟာ ခုတ္ရာတျခား ရွရာတျခား လမ္းလြဲ ေရာက္သြားေစႏိုင္မယ့္ကိစၥမ်ိဳး ျဖစ္ႏိုင္ မျဖစ္ႏိုင္ဆိုတာကို အေလ ထားသင့္ပါတယ္”ဟု ပရိသတ္တစ္ဦးက ေဝဖန္ေထာက္ျပသည္။ အဆိုပါ႐ုပ္ရွင္ဇာတ္ကား ပိုစတာတြင္ သ႐ုပ္ေဆာင္ေအးျမတ္သူ၏ ဝတ္လစ္စားလစ္နီးပါးျဖစ္ေနေသာပံုကုိ ပန္းခ်ီေရးဆြဲေဖာ္ျပထားျခင္းျဖစ္သည္။
‘ေခါက္ထီးကေလး မလံု႔တလံု’ ဝတၴဳသည္ ဆရာမစမ္းစမ္းႏြ႕ဲ(သာယာဝတီ)၏ ေအာင္ျမင္ခဲ့ေသာဝတၲဳတစ္ပုဒ္ျဖစ္ၿပီး ယင္းအား ဒါ႐ိုက္တာ မီးပြားမွ ျပန္လည္႐ိုက္ကူးပုံေဖာ္ထား ကာ အဓိကဇာတ္ေကာင္ ‘ေၾကြ’ဟူသည့္မိန္းကေလးေနရာတြင္ သ႐ုပ္ ေဆာင္ ေအးျမတ္သူက ပါဝင္ထား ျခင္းျဖစ္သည္။ အဆိုပါဇာတ္ကား၏ ဖန္တီးရွင္ ဒါ႐ိုက္တာမီးပြားက ”အဲဒီကားထဲမွာ ေၾကြဆိုတဲ့မိန္းမက မိန္းမပ်က္။ မိန္းမပ်က္ဆိုေတာ့ အရွက္တရားမရွိဘူး။ ဘဝအဆင့္ဆင့္ကုိျဖတ္သန္းၿပီးေတာ့ သ႐ုပ္ေဆာင္ရတဲ့ ကာ႐ိုက္တာမ်ိဳး။ အဲဒါေၾကာင့္ စိတ္ကူးမိတာက အရွက္တရားမရွိတဲ့ မိန္းမတစ္ေယာက္ဟာ ဒီလိုအေဖာ္အခြၽတ္ပံုစံမ်ိဳးကုိလည္း အခ်ိန္မေရြး႐ိုက္ႏိုင္တယ္။ အဲဒီလိုဟာမ်ိဳးကုိစဥ္းစားၿပီး ဒီေဘလ္ဘုတ္ကုိ ႐ိုက္လိုက္တာ။ ဒီဇာတ္ကားကုိ ၾကည့္ၿပီးရင္ ဒီေဘလ္ဘုတ္ရဲ႕အဓိပၸာယ္ကုိ သိမယ္လို႔ယံုၾကည္တယ္။ ဒီေဝဖန္တာေတြနဲ႔ပတ္သက္ၿပီး ဘာမွမေျပာခ်င္ဘူး။ ေၾကြဆိုတဲ့ကာ႐ိုက္တာကုိ ၾကည့္ရင္ နားလည္ပါလိမ့္မယ္”ဟု ေျပာသည္။
ယင္းအျပင္ ဝတၴဳေရးသားသူ ဆရာမေဒၚစမ္းစမ္းႏႊဲ႕(သာယာဝတီ) အားဆက္သြယ္ေမးျမန္းခဲ့ရာ ”ေခါက္ထီးကေလး မလံု႔တလံု႔ပိုစတာနဲ႔ပတ္သက္ၿပီးေတာ့ ေဝဖန္တာေတြေတာ့ ေတြ႔ရပါတယ္။ ပိုစတာကိုၾကည့္ရတာ ေတာ့စိမ္းတာေပါ့။ ဒါေပမဲ့ ပန္းခ်ီဆရာရဲ႕ ခံစားသလိုေရးလိုက္တာပါ။ ဒါကိုဆရာမအေနနဲ႔ေျပာစရာမရွိဘူး။ ရုပ္ရွင္အေနနဲ႔ သေဘာတူလိုက္ကတည္းက ဝင္မပါဘူးလို႔ေျပာၿပီး ေရာင္းလိုက္တာပါ။ ဇာတ္ကိုက ဒီလိုဇာတ္ ျဖစ္ေနပါတယ္။ ဝတၴဳနဲ႔႐ုပ္ရွင္ကကြာတာေတာ့ရွိတာေပါ့။ ဝတၴဳမွာမပါတာ ေတြလည္း ႐ုပ္ရွင္မွာပါတာရွိသလို ႐ုပ္ရွင္မွာမပါတာေတြလည္း ဝတၴဳမွာပါတယ္။ ဝတၴဳအေပၚမွာေတာ့တာဝန္ ယူပါတယ္။ ႐ုပ္ရွင္ကေတာ့သေဘာတူလို႔ ေရာင္းလိုက္တာျဖစ္တဲ့အတြက္ မပါေတာ့ဘူး။ ပိုစတာကလည္း ဆရာမအိုင္ဒီယာမပါပါဘူး။ ၿပီးေတာ့ပန္းခ်ီဆြဲတဲ့ဆရာကလည္း သမၻာရွိတဲ့ဆရာ ျဖစ္တဲ့အတြက္ေျပာစရာမရွိဘူး”ဟု ေျပာသည္။ ေခါက္ထီးကေလး မလံု႔တလံု ဇာတ္ကားသည္ ဒရာမာအမ်ိဳးအစား ျဖစ္ၿပီး သဘာဝသ႐ုပ္ေဖာ္ႏွင့္က်န္းမာေရးအသိပညာေပးမ်ားကို အေျခခံ႐ိုက္ကူးထားသည့္ ႐ုပ္ရွင္ကားျဖစ္ ေၾကာင္း၊ ယင္းဝတၴဳကို ဇာတ္ညႊန္းမိုးနီလြင္ကေရးသားကာ သ႐ုပ္ေဆာင္အကယ္ဒမီ မင္းေမာ္ကြန္း၊ ေအးျမတ္သူ၊ အကယ္ဒမီစိုးျပည့္သဇင္ႏွင့္ အ ျခားေသာအႏုပညာရွင္မ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ထားေၾကာင္း သိရသည္။
NN,MMA
#democracytoday
မကောင်းသော မိန်းကလေးတစ်ဦး၏ ဘဝအဆင့်ဆင့် ဖြတ်သန်းရပုံကို ပညာပေးပုံစံရိုက်ကူးထားသော ‘ခေါက်ထီးကလေး မလုံ့တလုံ’ရုပ်ရှင်ဇာတ်ကားကြီး၏ ပိုစတာတွင် သရုပ်ဆောင်အေးမြတ်သူ၏ မလုံ့တလုံပုံဖြင့် ဖော်ပြထားသည့်အပေါ် ပရိသတ်အချို့မှ ဝေဖန်မှုများရှိနေ ကြောင်း သိရသည်။

”ဒီဇာတ်ကားပိုစတာက ကြည့်လိုက်ရင် မင်းသမီးက အဝတ်မပါတဲ့ပုံစံပါပဲ။ ကိုယ်လုံးတီးပုံကိုဆွဲထားတာ မှန်းဘယ်သူမဆိုသိနိုင်ပါတယ်။ ဇာတ်လမ်းကတော့ ပညာပေးဇာတ်လမ်း ဖြစ်လို့ ရည်ရွယ်ချက်ကောင်းပေမယ့် ဒီပိုစတာအရပြောရရင် မြန်မာ့ယဉ် ကျေးမှုနဲ့တော့ ဝေဖန်စရာဖြစ်နေတာ တွေ့ရပါတယ်။ ဒါကို ဝိုင်းဝေဖန်နေ ကြတာပါ။ ရုပ်ရှင်လိုအနုပညာ၊ ရုပ်ရှင်လိုအနုပညာသည်တွေဟာ လူထုကို ရှေ့ဆောင်ရှေ့ရွက်ပြုရတဲ့သူတွေပါ။ သူတို့ရဲ့ရည်ရွယ်ချက်က ဘယ် လောက်ကောင်းကောင်း၊ သူတို့ရဲ့ သရုပ်ဆောင်မှုတွေ တင်ပြပုံနည်းလမ်း တွေဟာ ခုတ်ရာတခြား ရှရာတခြား လမ်းလွဲ ရောက်သွားစေနိုင်မယ့်ကိစ္စမျိုး ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို အလေ ထားသင့်ပါတယ်”ဟု ပရိသတ်တစ်ဦးက ဝေဖန်ထောက်ပြသည်။ အဆိုပါရုပ်ရှင်ဇာတ်ကား ပိုစတာတွင် သရုပ်ဆောင်အေးမြတ်သူ၏ ဝတ်လစ်စားလစ်နီးပါးဖြစ်နေသောပုံကို ပန်းချီရေးဆွဲဖော်ပြထားခြင်းဖြစ်သည်။

‘ခေါက်ထီးကလေး မလုံ့တလုံ’ ဝတ္ထုသည် ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ)၏ အောင်မြင်ခဲ့သောဝတ္တုတစ်ပုဒ်ဖြစ်ပြီး ယင်းအား ဒါရိုက်တာ မီးပွားမှ ပြန်လည်ရိုက်ကူးပုံဖော်ထား ကာ အဓိကဇာတ်ကောင် ‘ကြွေ’ဟူသည့်မိန်းကလေးနေရာတွင် သရုပ် ဆောင် အေးမြတ်သူက ပါဝင်ထား ခြင်းဖြစ်သည်။ အဆိုပါဇာတ်ကား၏ ဖန်တီးရှင် ဒါရိုက်တာမီးပွားက ”အဲဒီကားထဲမှာ ကြွေဆိုတဲ့မိန်းမက မိန်းမပျက်။ မိန်းမပျက်ဆိုတော့ အရှက်တရားမရှိဘူး။ ဘဝအဆင့်ဆင့်ကိုဖြတ်သန်းပြီးတော့ သရုပ်ဆောင်ရတဲ့ ကာရိုက်တာမျိုး။ အဲဒါကြောင့် စိတ်ကူးမိတာက အရှက်တရားမရှိတဲ့ မိန်းမတစ်ယောက်ဟာ ဒီလိုအဖော်အချွတ်ပုံစံမျိုးကိုလည်း အချိန်မရွေးရိုက်နိုင်တယ်။ အဲဒီလိုဟာမျိုးကိုစဉ်းစားပြီး ဒီဘေလ်ဘုတ်ကို ရိုက်လိုက်တာ။ ဒီဇာတ်ကားကို ကြည့်ပြီးရင် ဒီဘေလ်ဘုတ်ရဲ့အဓိပ္ပာယ်ကို သိမယ်လို့ယုံကြည်တယ်။ ဒီဝေဖန်တာတွေနဲ့ပတ်သက်ပြီး ဘာမှမပြောချင်ဘူး။ ကြွေဆိုတဲ့ကာရိုက်တာကို ကြည့်ရင် နားလည်ပါလိမ့်မယ်”ဟု ပြောသည်။

ယင်းအပြင် ဝတ္ထုရေးသားသူ ဆရာမဒေါ်စမ်းစမ်းနွှဲ့(သာယာဝတီ) အားဆက်သွယ်မေးမြန်းခဲ့ရာ ”ခေါက်ထီးကလေး မလုံ့တလုံ့ပိုစတာနဲ့ပတ်သက်ပြီးတော့ ဝေဖန်တာတွေတော့ တွေ့ရပါတယ်။ ပိုစတာကိုကြည့်ရတာ တော့စိမ်းတာပေါ့။ ဒါပေမဲ့ ပန်းချီဆရာရဲ့ ခံစားသလိုရေးလိုက်တာပါ။ ဒါကိုဆရာမအနေနဲ့ပြောစရာမရှိဘူး။ ရုပ်ရှင်အနေနဲ့ သဘောတူလိုက်ကတည်းက ဝင်မပါဘူးလို့ပြောပြီး ရောင်းလိုက်တာပါ။ ဇာတ်ကိုက ဒီလိုဇာတ် ဖြစ်နေပါတယ်။ ဝတ္ထုနဲ့ရုပ်ရှင်ကကွာတာတော့ရှိတာပေါ့။ ဝတ္ထုမှာမပါတာ တွေလည်း ရုပ်ရှင်မှာပါတာရှိသလို ရုပ်ရှင်မှာမပါတာတွေလည်း ဝတ္ထုမှာပါတယ်။ ဝတ္ထုအပေါ်မှာတော့တာဝန် ယူပါတယ်။ ရုပ်ရှင်ကတော့သဘောတူလို့ ရောင်းလိုက်တာဖြစ်တဲ့အတွက် မပါတော့ဘူး။ ပိုစတာကလည်း ဆရာမအိုင်ဒီယာမပါပါဘူး။ ပြီးတော့ပန်းချီဆွဲတဲ့ဆရာကလည်း သမ္ဘာရှိတဲ့ဆရာ ဖြစ်တဲ့အတွက်ပြောစရာမရှိဘူး”ဟု ပြောသည်။ ခေါက်ထီးကလေး မလုံ့တလုံ ဇာတ်ကားသည် ဒရာမာအမျိုးအစား ဖြစ်ပြီး သဘာဝသရုပ်ဖော်နှင့်ကျန်းမာရေးအသိပညာပေးများကို အခြေခံရိုက်ကူးထားသည့် ရုပ်ရှင်ကားဖြစ် ကြောင်း၊ ယင်းဝတ္ထုကို ဇာတ်ညွှန်းမိုးနီလွင်ကရေးသားကာ သရုပ်ဆောင်အကယ်ဒမီ မင်းမော်ကွန်း၊ အေးမြတ်သူ၊ အကယ်ဒမီစိုးပြည့်သဇင်နှင့် အ ခြားသောအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

NN,MMA

#democracytoday
Loading...