ကျွဲကြီးကို တချက်တည်း နိဂုံးချုပ်တိုက်ခိုက်သည့် အသားစား ကိုမိုဒိုနဂါးကြီး (ရုပ်သံ) - Reader Myanmar

Latest Posts

ကျွဲကြီးကို တချက်တည်း နိဂုံးချုပ်တိုက်ခိုက်သည့် အသားစား ကိုမိုဒိုနဂါးကြီး (ရုပ်သံ)






ရုပ်ဆင်းသွင်ပြင်ကိုကြည့်လိုက်ရင် ထိတ်လန့်စရာအသွင်နဲ့ ကိုမိုဒိုနဂါးတွေဟာ သားကောင်တွေကို ဘယ်လိုတိုက်ခိုက် အနိုင်ယူကြသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

အင်္ဂလိပ်လို ကိုမိုဒိုနဂါးလို့သာ အမည်ခေါ်တွင်နေကြပေမယ့် တကယ်တမ်းက သူတို့ဟာ အင်ဒိုနီးရှားကျွန်းစုတွေမှာ နေထိုင်ကျက်စားလေ့ရှိကြတဲ့ ဖွတ်မျိုးနွယ်ဝင် သတ္တဝါတွေ ဖြစ်ပါတယ်။

လူသိနည်းနေကြသေးတဲ့ ဒီမျိုးစိတ်တွေအကြောင်းကို National Geographic Channel လို၊ Discovery Channel လို ရုပ်သံတင်ဆက်မှုတွေမှာတော့ မကြာခဏ တွေ့ကြရမှာပါ။

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကိုမိုဒိုကျွန်းကို အစွဲပြုမှည့်ခေါ်ထားတဲ့ ဒီသတ္တဝါတွေဟာ အံ့မခန်း ကြံ့ခိုင်ပြီး သားကောင်ကို ၅ မိုင်အကွာအဝေးကနေ အနံ့ခံနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အကြီးဆုံး သတ္တဝါမျိုးစိတ်တွေထဲမှာ ပါဝင်တဲ့ ကိုမိုဒိုနဂါးတွေဟာ ခန္ဓာကိုယ် ပျမ်းမျှအလျား ၁၀ ပေထိ ရှိနိုင်ပြီး အလေးချိန် ပေါင် ၂၀၀ ရှိနိုင်ပါတယ်။

ရေကူးတာလည်း ကျွမ်းကျင်သလို ၁ နာရီကို ၁၅ မိုင်နှုန်းလောက် အရှိန်နဲ့ ပြေးသွားနိုင်တဲ့အတွက် သူတို့လက်က လွတ်မြောက်နိုင်ဖို့ ဆိုတာကတော့ တကယ့်ကို မလွယ်ကူလှပါဘူး။

သူတို့ဟာ အသားစားသတ္တဝါတွေဖြစ်ပြီး သူတို့ရဲ့ အစာအဖြစ် ပစ်မှတ်ထား စားသောက်ကြတာတွေကတော့ ကျောရိုးမဲ့သတ္တဝါတွေ၊ ငှက်တွေ၊ နို့တိုက်သတ္တဝါတွေ၊ သမင်ပေါက်အရွယ်ကလေးတွေကအစ တခါတရံ တောဝက်တွေ၊ ကျွဲတွေကိုတောင် တိုက်ခိုက်စားသောက်လေ့ ရှိကြပါတယ်။

အစားအသောက်ကြူးတဲ့အတွက် တခါတရံမှာ သူတို့အချင်းချင်းတောင် ပြန်တိုက်ခိုက် စားသောက်လေ့ရှိကြတာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သမင်နဲ့ကျွဲကို ကိုမိုဒိုနဂါးက တချက်တည်းနဲ့ ဘယ်လိုအဆုံးသတ် တိုက်ခိုက်ခဲ့သလဲဆိုတာကို တွေ့မြင်ကြရမှာပါ။

DVB

Loading...