အန်ကယ်ကတော့ နိုးပါ သီချင်းစီဒီ ၁၀၀၀ ကျပ်နဲ့ ရောင်းမည် - Reader Myanmar

Latest Posts

အန်ကယ်ကတော့ နိုးပါ သီချင်းစီဒီ ၁၀၀၀ ကျပ်နဲ့ ရောင်းမည်





သီချင်းတစ်ပုဒ်တည်းကို အခွေထုတ်ပြီး ကျပ် ၁၀ဝ၀ နဲ့ ရောင်းသွားမယ်။
ရန်ကုန်၊ ဧပြီ ၂- မြန်မာပြည်သိန်းတန်ရဲ့ လတ်တလော ထွက်ရှိထားတဲ့ အန်ကယ်ကတော့ နိုးပါသီချင်းကို အင်တာနက်မှာ ကြည့်ရှုသူဦးရေ လေးသိန်းကျော်အထိရှိခဲ့ပါတယ်။ သည်သီချင်း တစ်ပုဒ်တည်းကို အခွေထုတ်ပြီးကျပ် ၁၀ဝ နဲ့ရောင်းသွားမယ်လို့ သိရပါ တယ်။
မြန်မာပြည်သိန်းတန်က မြန်မာအိုင်ဒေါမှာ သမာသမတ်ကျကျနဲ့ ပြိုင်ပွဲဝင်တွေကိုရွေးချယ်တဲ့နေရာမှာ အန်ကယ်ကတော့နိုးပါလို့ အ မြဲပြောလေ့ရှိတဲ့စကားကို လူမှုစာမျက်နှာမှာ လူကြိုက်များအသုံးပြု ခဲ့ပြီး အေရိုးမား (Aroma) ကိုစိန်လင်းပုံဖော်ပြီး သီချင်းတစ်ပုဒ်အနေနဲ့ ဧပြီလ ၃ ရက်နေ့မှာ စတင်ထွက်ရှိမယ်လို့သိရပါတယ်။
အန်ကယ်ကတော့ နိုးပါ သီချင်းကို မတ်လ ၂၂ ရက်နေ့ကစတင် အသံသွင်းပြီး မတ်လ ၂၄ ရက်နေ့မှာ အကြမ်းဖျင်းအနေနဲ့ လူမှုကွန်ရက်မှာချပြခဲ့ပါတယ်။ ခြောက် နာရီအတွင်း ကြည့်ရှုသူ သုံးသိန်းကျော်လေးသိန်း အထိရှိခဲ့တယ် လို့သိရပါတယ်။ နှစ်သက်သူများပြားခဲ့တဲ့အတွက် တစ်ပုဒ်တည်းထွက်ခဲ့ခြင်းဖြစ်ပြီး၊ တစ်ပတ်အတွင်းမှာ ကြည့်ရှုသူဦးရေ ဆယ်သိန်းကျော်ရှိခဲ့ပါတယ်။ နွေရာသီပိတ်ရက် သင်္ကြန်ပိတ်ရက်မှာသီဆိုဖို့ ပရိသတ်က တောင်းဆိုတာကြောင့် သီချင်းခွေကို ရတနာမြိုင်တေးဖြန့်ချိရေးက မြန်မာတစ်ပြည်လုံးကို အော်ဒီယိုစီဒီတစ်မျိုးတည်းထွက်ရှိမှာဖြစ်ပြီး မေတ္တာလက်ဆောင်အဖြစ် ဒီဗီဒီကာရာအိုကေတစ်ချပ်ကို စီဒီခွေတစ် ချပ်ကို ငွေကျပ် ၁၀ဝ၀ နဲ့ ဝယ်ယူနိုင်တယ်လို့သိရပါတယ်။
နှစ်ရက်အတွင်းပြုလုပ်ရတာဖြစ်တာကြောင့် အမ်တီဗီအနေနဲ့ မထွက်ရှိသေးဘဲ သင်္ကြန်အပြီးမှာ ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။ နောက်ထပ်အနေနဲ့ အန်ကယ်ကတော့ အန်ကယ်ကတော့ နိုးပါသီချင်းကို ရုပ်ရှင်ကားကြီး အနေနဲ့ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ အဲသည်ဇာတ်ကားမှာ မြန်မာပြည်သိန်းတန်နဲ့ သူရဲ့ ဇနီးတေးချစ်သူတို့ ပါဝင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Author -မိပုံ့
Loading...