အမေဖြစ်သူက ကလေးမမွေးနိုင်လို့ ၁၂ နှစ်သမီးအား ကိုယ်ဝန်ရအောင် ပထွေးက အဓမ္မပြုကျင့် - Reader Myanmar

Latest Posts

အမေဖြစ်သူက ကလေးမမွေးနိုင်လို့ ၁၂ နှစ်သမီးအား ကိုယ်ဝန်ရအောင် ပထွေးက အဓမ္မပြုကျင့်






သူမအမေက ကလေးမမွေးနိုင်လို့ဆိုပြီး ၁၂နှစ်သမီးအားကိုယ်ဝန်ရအောင် ပထွေးက အထပ်ထပ်အခါအခါ အဓမ္မာပြုကျင့်ခဲ့ပါတယ်။ ကောင်မလေးကို အစားထိုးမိခင်အဖြစ်အသုံးချခဲ့တဲ့ ထိုလင်မယားအားထောင်ချလိုက်ပါပြီ။ မကြာမီမှာ သူမကလေးမွေးရတော့မှာမို့လို့ ဆေးရုံမှာဆေးကုသမှုခံယူနေပါတယ်။

Warwick Crown တရားရုံးမှာ ပထွေးဖြစ်သူအား အဓမ္မာပြုကျင့်မှုနဲ့စွဲချက်တင်ပြီး ၁၈နှစ်ထောင်ဒဏ်သတ်မှတ်လိုက်ပါတယ်။အမေဖြစ်သူကို ကလေးအားအဓမ္မာပြုကျင့်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ထောင်ဒဏ် ၆နှစ်ချမှတ်လိုက်ပါတယ်။

မိဘဆိုတာ ကလေးတွေအတွက် ယုံကြည်ရဆုံးပုဂ္ဂိုလ်တွေပါပဲ..ဒါပေမယ့် အခုဒီစည်းမျဉ်းကို ချိုးဖောက်လိုက်ပြီဆိုတော့ ကလေးတွေအတွက် ထိတ်လန့်စရာပါ။ကလေးမရတာနဲ့ပဲ ကိုယ့်သမီးကိုကိုယ်ဝန်ဆောင်ခိုင်းတာဟာ အတော်ဆိုးရွားတဲ့လုပ်ရပ်ပါပဲ။

အရွယ်နဲ့မလိုက်အောင် ရလိုက်တဲ့အတွေ့ကြုံတွေက သူမရဲ့အနာဂတ်ကိုအမှောင်ဖုံးသွားစေပါတယ်။ဒါဟာ အဓမ္မာပြုကျင့်ရုံတင်မကဘူး..၁၂နှစ်ကလေးကို ကိုယ်ဝန်ဆောင်စေခိုင်းစေလိုတဲ့ ရည်ရွယ်ချက်လည်းပါဝင်တယ်လို့ပြောပါတယ်။

ထိုလူနဲ့အွန်လိုင်းမှာတွေ့ဆုံချစ်ကြိုက်ပြီးမှ ၁၂နှစ်သမီးကိုကိုယ်ဝန်ဆောင်ရန် အားပေးအားမြောက်လုပ်ခဲ့တယ်လို့ တရားရုံးမှသိရပါတယ်။

Source : Buzzy

Loading...