မိန္းကေလးေတြ ရွက္တတ္တဲ့ အခ်ိန္ - Reader Myanmar

Latest Posts

မိန္းကေလးေတြ ရွက္တတ္တဲ့ အခ်ိန္






၁။ ေဒါက္ဖိနပ္
လွခ်င္လုိ႔ေတာ့ စီးလာတာပဲ။ ၾကာၾကာစီးေတာ့ ေျခေထာက္က နာလာၿပီ။ အဆုိးဆံုးကား လူၾကားသူၾကားထဲ ေျခခြင္လဲတာပဲ။

၂။ ပါးလႊာတဲ့အဝတ္အစား
ကိုယ့္ဘာသာကိုယ္ေတာ့ မသိဘူးေပါ့။ အျပင္ ဒါမွမဟုတ္ ႐ံုးေရာက္မွ အတြင္းခံကို ျမင္ရတယ္ေျပာေတာ့ ဘယ္လိုမွ အဝတ္အစားက ျပန္လဲလုိ႔မရ။ တစ္ေနကုန္ ႐ႈိးတုိးရွန္႔တန္႔နဲ႔ ေနရတဲ့အျဖစ္။

၃။ ခ်ဳိင္းေမြးရိတ္ဖုိ႔ ေမ့ျခင္း
အကႌ်လက္ျပတ္ ဝတ္ၿပီး အျပင္ကို ကေသာကေျမာနဲ႔ ထြက္လာမိၿပီ။ သတိထားမိေတာ့ ခ်ဳိင္းေမြးေတြက ရွည္ေနၿပီ။ တစ္ေနကုန္ လက္မေျမႇာက္မိေအာင္ သတိထားေနဖို႔ကလြဲလုိ႔ ေရြးခ်ယ္စရာမရွိေတာ့။

၄။ သတိလက္လြတ္ မ်က္လံုးပြတ္မိျခင္း
အုိင္းလိုင္နာေတြ ဆြဲလာတာေမ့ၿပီး မ်က္လံုးကို ပြတ္မိတယ္။

၅။ သူခုိးလူမိျခင္း
ေဖ့စ္ဘြတ္မွာ တစ္ေယာက္ေယာက္ရဲ႕ အေကာင့္ကို ဝင္ၿပီး ေလွ်ာက္ၾကည့္တယ္။ သူ႔ရဲ႕ လြန္ခဲ့တဲ့ ၁ ႏွစ္က ပံုကို ေယာင္ၿပီး Like လုပ္လုိက္မိတယ္။ သြားၿပီ။

၆။ တစ္လတစ္ႀကိမ္ ျပႆနာ
ဓမၼတာ ျဖစ္ေနက်အခ်ိန္က ရက္အတိအက်မရွိတတ္။ ရွိျပန္ေတာ့လည္း ေမ့ေမ့ေနတာနဲ႔ ဘယ္ေတာ့မွ ပစၥည္းက ေဆာင္ထားတာ မရွိ။ ဘယ္သူ႔မွာ ရွိေနမလဲဆုိၿပီး လွည့္ပတ္ေတာင္းရတာလည္း ရွက္စရာပါပဲ။

၇။ ႏႈတ္ခမ္းနီ၊ ေလ၊ ဆံပင္
ႏႈတ္ခမ္းနီအဆီ ဆိုးထားခ်ိန္မွာ ေလက တုိက္လိုက္ေတာ့ ဆံပင္ရွည္ေတြက ႏႈတ္ခမ္းမွာ သြားကပ္ပါေလေရာ။ အဲဒီမွာ လူၾကားသူၾကားထဲ ခက္ခက္ခဲခဲ ျပန္ခြာထုတ္ေနရတာကလည္း တစ္မ်ဳိး အာ႐ံုေနာက္စရာပဲေပါ့။

၈။ သြားေတြမွာ ႏႈတ္ခမ္းနီေပေနျခင္း
ႏႈတ္ခမ္းနီဆိုးရတာ ႀကိဳက္ေပမဲ့ သြားမွာ ႏႈတ္ခမ္းနီေပတာကေတာ့ ၾကည့္ရ အေတာ္႐ုပ္ဆုိးတဲ့အရာပါ။ ကိုယ္နဲ႔ စကားေျပာေနတဲ့သူက ေျပာမွ သိေတာ့ ပိုရွက္စရာေပါ့။

၉။ ဒီအဝတ္အစားပဲ ျပန္ဝတ္မိျခင္း
လူတစ္ေယာက္နဲ႔ေတြ႕တုိင္း အဲဒီအဝတ္အစားပဲ ျဖစ္ေနရင္လည္း မိန္းကေလးေတြက ရွက္တတ္ပါေသးတယ္။ ကိုယ့္ကို ဒါပဲ ဝတ္ေနတယ္လို႔ ထင္ခံရမွာ စိုးတာေလ။

Source & Photos : Life

Duwun

၁။ ဒေါက်ဖိနပ်
လှချင်လို့တော့ စီးလာတာပဲ။ ကြာကြာစီးတော့ ခြေထောက်က နာလာပြီ။ အဆိုးဆုံးကား လူကြားသူကြားထဲ ခြေခွင်လဲတာပဲ။

၂။ ပါးလွှာတဲ့အဝတ်အစား
ကိုယ့်ဘာသာကိုယ်တော့ မသိဘူးပေါ့။ အပြင် ဒါမှမဟုတ် ရုံးရောက်မှ အတွင်းခံကို မြင်ရတယ်ပြောတော့ ဘယ်လိုမှ အဝတ်အစားက ပြန်လဲလို့မရ။ တစ်နေကုန် ရှိုးတိုးရှန့်တန့်နဲ့ နေရတဲ့အဖြစ်။

၃။ ချိုင်းမွေးရိတ်ဖို့ မေ့ခြင်း
အင်္ကျီလက်ပြတ် ဝတ်ပြီး အပြင်ကို ကသောကမြောနဲ့ ထွက်လာမိပြီ။ သတိထားမိတော့ ချိုင်းမွေးတွေက ရှည်နေပြီ။ တစ်နေကုန် လက်မမြှောက်မိအောင် သတိထားနေဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့။

၄။ သတိလက်လွတ် မျက်လုံးပွတ်မိခြင်း
အိုင်းလိုင်နာတွေ ဆွဲလာတာမေ့ပြီး မျက်လုံးကို ပွတ်မိတယ်။

၅။ သူခိုးလူမိခြင်း
ဖေ့စ်ဘွတ်မှာ တစ်ယောက်ယောက်ရဲ့ အကောင့်ကို ဝင်ပြီး လျှောက်ကြည့်တယ်။ သူ့ရဲ့ လွန်ခဲ့တဲ့ ၁ နှစ်က ပုံကို ယောင်ပြီး Like လုပ်လိုက်မိတယ်။ သွားပြီ။

၆။ တစ်လတစ်ကြိမ် ပြဿနာ
ဓမ္မတာ ဖြစ်နေကျအချိန်က ရက်အတိအကျမရှိတတ်။ ရှိပြန်တော့လည်း မေ့မေ့နေတာနဲ့ ဘယ်တော့မှ ပစ္စည်းက ဆောင်ထားတာ မရှိ။ ဘယ်သူ့မှာ ရှိနေမလဲဆိုပြီး လှည့်ပတ်တောင်းရတာလည်း ရှက်စရာပါပဲ။

၇။ နှုတ်ခမ်းနီ၊ လေ၊ ဆံပင်
နှုတ်ခမ်းနီအဆီ ဆိုးထားချိန်မှာ လေက တိုက်လိုက်တော့ ဆံပင်ရှည်တွေက နှုတ်ခမ်းမှာ သွားကပ်ပါလေရော။ အဲဒီမှာ လူကြားသူကြားထဲ ခက်ခက်ခဲခဲ ပြန်ခွာထုတ်နေရတာကလည်း တစ်မျိုး အာရုံနောက်စရာပဲပေါ့။

၈။ သွားတွေမှာ နှုတ်ခမ်းနီပေနေခြင်း
နှုတ်ခမ်းနီဆိုးရတာ ကြိုက်ပေမဲ့ သွားမှာ နှုတ်ခမ်းနီပေတာကတော့ ကြည့်ရ အတော်ရုပ်ဆိုးတဲ့အရာပါ။ ကိုယ်နဲ့ စကားပြောနေတဲ့သူက ပြောမှ သိတော့ ပိုရှက်စရာပေါ့။

၉။ ဒီအဝတ်အစားပဲ ပြန်ဝတ်မိခြင်း
လူတစ်ယောက်နဲ့တွေ့တိုင်း အဲဒီအဝတ်အစားပဲ ဖြစ်နေရင်လည်း မိန်းကလေးတွေက ရှက်တတ်ပါသေးတယ်။ ကိုယ့်ကို ဒါပဲ ဝတ်နေတယ်လို့ ထင်ခံရမှာ စိုးတာလေ။

Source & Photos : Life

===========


Duwun

Loading...