အနုပညာရှင်အချို့ ဘယ်မှာသင်္ကြန်ကျကြမလဲ - Reader Myanmar

Latest Posts

အနုပညာရှင်အချို့ ဘယ်မှာသင်္ကြန်ကျကြမလဲ





သင်္ကြန်ကာလ အချိန်ခါသမယတွင် အနုပညာရှင်များ၏ အနုပညာလှုပ်ရှားမှုများနှင့် ပတ်သက်၍ ယခုလိုပဲ စုစည်းရေးသားတင်ပြလိုက်ပါသည်။

သရုပ်ဆောင် နေတိုး
ကျွန်တော်သင်္ကြန်ဆိုရင် နှစ်တိုင်း အိမ်မှာအနားယူလေ့ရှိပါတယ်။ ဒီနှစ်လည်း အရင်နှစ်တွေကလိုပဲ အိမ်မှာပဲနေဖြစ်မယ်။ ကျွန်တော်က တစ်နှစ်ပတ်လည်လုံး အလုပ်လုပ်ထား တော့ သင်္ကြန်ကာလတော့ အိမ်မှာပဲ အနားယူရင်း ဘုရားတရားလည်းလုပ်ဖြစ်တယ်။

တေးသံရှင်/သရုပ်ဆောင် ထွန်းထွန်း
သင်္ကြန်ကတော့ ကျွန်တော် ပြီးခဲ့တဲ့ခြောက်နှစ်လုံးလုံး နေ ပြည်တော် ACE မှာပဲထိုင်ဖြစ်တယ်။ ဒီနှစ်လည်း အဲဒီကိုပဲသွားမယ်။ တကယ်လို့မသွား ဖြစ်ရင် တော့ ကျန်တဲ့ အစီအစဉ်မရှိသေးပါဘူး။

Myanmar Idol Season 2 Winner ဆုရှင်သားငယ်
ဒီနှစ်သင်္ကြန်ကိုတော့ ကျွန်တော် Myanmar Idol နဲ့လည်း စာချုပ်ချုပ်ထားတာဖြစ်တဲ့အတွက် သင်္ကြန်ကိုတော့ mntv Sky Net မဏ္ဍပ်မှာရှိပါမယ်။ အဲဒီမဏ္ဍပ်မှာတော့ ကျွန်တော်အပြင် Myanmar Idol Season 2 Top 10 ပြိုင်ပွဲဝင်တွေလည်းရှိပါမယ်။ သီချင်းတွေကတော့ သင်္ကြန်နဲ့လိုက်ဖက်မယ့် ကျွန်တော်နဲ့ လည်းလိုက်ဖက်တဲ့ သီချင်းမျိုးတွေကို ရွေးချယ် ပြီးတော့ သီဆိုဖျော်ဖြေဖြစ်မယ်။

တေးသံရှင် လွှမ်းပိုင်
သင်္ကြန်ကတော့ မနှစ်ကအတိုင်းပဲ။ VeVe မဏ္ဍပ်မှာ သီချင်းဆိုမယ်။ ထူးထူးခြားခြားတော့မရှိပါဘူး။

တေးသံရှင် ဖြူဖြူကျော်သိန်း
ဖြူဖြူဒီနှစ်သင်္ကြန် ဘယ်မဏ္ဍပ်မှာရှိမလဲဆိုတာတော့ မသေချာသေးပါဘူး။ ဘယ်မှာရှိမလဲဆိုတာ သေချာရင်တော့ ပရိသတ်တွေကို ဖြူဖြူ ပြောပြပါမယ်။ ဒီနှစ်ကတော့ ထူးခြားတဲ့နှစ်လို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်နှစ်တွေတုန်းကဆိုရင် ဖြူဖြူတို့ ဒီအချိန်လောက်ဆိုရင် သင်္ကြန်ဘယ်မှာရှိမလဲဆိုတာကို သိနေပြီပေါ့နော်။ ဒီနှစ်က မဏ္ဍပ်အခြေ အနေတွေက ဘာမှန်းမသိတော့ အဆိုတော်တွေတော်တော်များများလည်း အခက်အခဲတွေရှိတာပေါ့နော်။

တေးသံရှင် နီနီခင်ဇော်
ဒီနှစ်သင်္ကြန်ကိုတော့ နီနီ ရန်ကုန်မှာပဲရှိပါမယ်။ ဖျော်ဖြေရေးအနေနဲ့ကတော့ နီနီ MRTV- 4 မဏ္ဍပ်မှာ ဖျော်ဖြေပါမယ်။ အရင်နှစ်တွေတုန်းကဆိုရင် ဒီအချိန်ဆိုရင် ဘယ်မဏ္ဍပ်ဆိုတာ အဆိုတော် တော်တော်များများက ပြောနိုင်နေကြပြီပေါ့နော်။ ဒါပေမဲ့ ဒီနှစ်တော့ သေချာမပြောနိုင်ကြသေးဘူး။ ပုံမှန်ဆိုရင်တော့ ဒီလိုအခြေအနေမျိုးကို မကြုံဖူးဘူး။ သင်္ကြန်ဆိုတာ မဏ္ဍပ်တွေနဲ့အရမ်းကိုစည်ကားခဲ့တာဆိုတော့ ဒီနှစ်ကတော့ အရင်နှစ်တွေကနဲ့မတူဘဲ အဆင်မပြေတာတွေရှိလာတယ်။ ဒါပေမဲ့ ဒါကပြောင်းလဲမှုအနေနဲ့ ကြုံရတာဆိုတော့ နောက်နှစ်တွေတော့ အဆင်ပြေသွားမယ်လို့ထင်ပါတယ်။ နီနီတို့အဆို တော်တွေဆိုတာက သင်္ကြန်မှာဖျော်ဖြေရင်းနဲ့ ပိုက်ဆံရှာကြတာပေါ့နော်။ အခုလိုမျိုး ဖျော်ဖြေရေးတွေသိပ်မရှိတော့တဲ့ အခါမျိုးကျတော့ အဆင် တော့မပြေဘူး။ ဒါပေမဲ့ တခြားနေရာတွေမှာလည်း ဖျော်ဖြေခွင့်တွေရမယ်လို့တော့ထင်တယ်။

တေးသံရှင် နန်းသူဇာ
သင်္ကြန်ဆိုရင် နှစ်တိုင်းစည်စည်ကားကားလေးတော့ဖြစ်ချင်ပါတယ်။ မဏ္ဍပ်တွေတိုင်းမှာ အဆိုတော်တွေနဲ့လာအားပေးကြတဲ့ ပရိသတ်တွေနဲ့ အတိုင်အဖောက်ညီညီနဲ့ သီဆိုဖျော်ဖြေကြတာကလည်း ပျော်ဖို့ကောင်း တယ်ပေါ့နော်။ ဒါပေမဲ့ ဒီနှစ်လိုမျိုး ဖျော်ဖြေရေးမဏ္ဍပ်တွေ နည်းပါးသွားတဲ့ အခါကျတော့ အဆိုတော်တွေအတွက်တော့ အခက်အခဲတွေကြုံရတယ်။ ဒါကလည်း လူကြီးတွေတာဝန်ရှိတဲ့သူတွေက ကောင်းမယ်ထင်လို့လုပ်တာဆိုတော့ ဘာမှတော့ မပြောချင်ပါဘူး။ နန်းသူဇာကတော့ ဒီနှစ်သင်္ကြန်ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပကိုပဲဖြစ်ဖြစ် ခရီးထွက်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်။ ဘယ်ကိုသွားဖြစ်မလဲတော့ သေချာမစဉ်းစားရသေးဘူး။
Credit:Democracytoday
Loading...