အျဖဴေရာင္ ေရခြက္ကေလးရဲ႕ ဒိုင္ယာရီ - Reader Myanmar

Latest Posts

အျဖဴေရာင္ ေရခြက္ကေလးရဲ႕ ဒိုင္ယာရီ






Credit -မူရင္​းစာ​ေရးသူ ဆရာကိုလိႈင္​ၾကည္​ဝင္​း..
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
မ်က္ရည္ခိုင္မွ ဖတ္​ၾကည့္ပါ။
"ေကာင္းလြန္းလို႔ မၽွေဝပါတယ္"
" အျဖဴေရာင္ ေရခြက္ကေလးရဲ႕ ဒိုင္ယာရီ
        
" ရံုး Order ထြက္ၿပီးကတည္းက ဆရာ့
ကို ေမၽွာ္ေနတာ။ ဆရာက J.A.T နဲ႔ ေျပာင္းလာ ေပမယ့္ ေလာေလာဆယ္ စတုတၳတန္း အတန္း
ပိုင္ ဆရာမက မီးဖြားခြင့္ ယူထားေတာ့ ျဖစ္ႏိုင္ရင္
ဆရာ့ကို အဲဒီအတန္း တာဝန္ေပးခ်င္ပါတယ္ "
ကိုယ္က ဝန္ထမ္းပဲ။ က်ရာဝန္ ထမ္းရမွာေပါ့။ ရႊံ့ေပ်ာ့ကေလးေတြ၊ အျဖဴေရာင္
ပန္းကေလးေတြဆိုတာ ကိုယ္လိုခ်င္တဲ့ အေရာင္
ကိုယ္လိုခ်င္တဲ့ ပံုစံ ရိုက္သြင္းလို႔ အေကာင္းဆံုး မဟုက္လား။ ေက်ာင္းအုပ္ဆရာႀကီးက အသက္ 50 ဝန္းက်င္၊ အသားညိဳညိဳ၊ မ်က္ႏွာခ်ိဳခ်ိဳနဲ႔ တြဲအလုပ္လုပ္လို႔ အဆင္ေျပမယ္ဆိုတာ စိတ္က အလိုလို သိလိုက္တယ္ ။
" ရပါတယ္ ဆရာႀကီး။ ကၽြန္ေတာ္ ဝင္ရမယ့္ အတန္းအတြက္ သင္ျပရမယ့္ ဘာသာ
ခြင့္ယူထားတဲ့ ဆရာမရဲ႕ ဒိုင္ယာရီနဲ႔ (က) စာရင္း
သာ ေပးထားပါ။ ႀကိဳေလ့လာထားရတာေပါ့ ။
ဟုက္တယ္ေလ။ နယ္ေျမအသစ္၊ခြင္သစ္
မွာ ေျခမခ်ခင္ အဲဒီနယ္ေျမအေၾကာင္းကို သိ
ထားသင့္တယ္ မဟုက္လား ။ေနရာထိုင္ခင္း
အတြက္ေတာ့ ဆရာႀကီးရဲ႕ အစီ အမံ အရ ေက်ာင္းဝန္းထဲမွာ သီးသန္႔အိမ္ကေလး ေဆာက္
ေနတဲ့ ေက်ာင္းေစာင့္ လူပ်ိဳႀကီး ကိုလွစိန္နဲ႔ အတူ
ေနျဖစ္သြားတယ္ ။
" ဆရာေလး ေရာက္လာမွ က်ဳပ္လည္း အေဖာ္ရတာေပါ့။ ဝန္ထမ္းဆန္သာေပး က်ဳပ္ခ်က္ေကၽြးမယ္။ ရိကၡာစိုေရာ ရိကၡာေျခာက္ ေရာ ဘာမွ မပူနဲ႔။ က်ဳပ္ေမြးထားတဲ့ ၾကက္ေတြနဲ႔ ေက်ာင္းအေနာက္ဘက္က စိုက္ထားတဲ့ သီးပင္ စားပင္ေတြသာ ၾကည့္ထား "
ဟုက္ပါ့ ။ ဘူး၊ဖရံု၊ငရုက္၊ခ်ဥ္ေပါင္၊ေပ်ာင္းဖူ
ငွက္ေပ်ာ၊ မာလကာ၊ သရက္ပါ နည္းေရာ့လား။
" တပည့္တို႔၊ ဒါ ဆရာႀကီးတို႔ ေက်ာင္းကို ေရာက္လာတဲ့ ဆရာအသစ္ပဲ၊ ခြင့္ယူထားတဲ့ တပည့္တို႔ရဲ႕ဆရာမ အစား ဒီဆရာက သင္လိမ့္ မယ္ ။ နာမည္က ဦးခ်မ္းသာတဲ့ "
အျဖဴေရာင္ပန္းကေလးေတြဆီက ခစ္ခနဲ ရယ္သံႏွင့္အတူ အခ်ိဳ႕ကလည္း ျပံဳးေစ့ေစ့ ၊ အခ်ိဳ႕က အသံမထြက္မိေအာင္ လက္ဝါးကေလး နဲ႔ အုပ္လို႔၊ဆရာႀကီးထြက္သြားတဲ့ အခ်ိန္မွာေတာ့ အျဖဴေရာင္ပန္းကေလးေတြနဲ႔ မိမိရဲ႕ နိဒါန္းေပါ့။
" ဆရာ့နာမည္ ဦးခ်မ္းသာဆိုတာ ဒီလိုကြ။ ဆရာ့မွာ ပိုက္ဆံမခ်မ္းသာေပမယ့္ တပည့္ေတြ အမ်ားႀကီး ခ်မ္းသာတယ္။ အခုဆို တပည့္အ
သစ္ သံုးဆယ့္ရွစ္ေယာက္ေတာင္ တိုးခ်မ္းသာ လာၿပီ။ ဆရာ မင္းတို႔ကို နာမည္နဲ႔ လူတြဲမွတ္မိ ေအာင္ နာမည္စာရင္းေခၚမယ္ေနာ္ ။ ကဲ ... ဆရာ စေခၚမယ္ "
ေျပာေျပာဆိုဆို (က) စာရင္း စာအုပ္လွန္ၿပီ
နာမည္ေတြကို ေခၚလိုက္တယ္ ။ ေယာက်္ားေလ
ၿပီးေတာ့ မိန္းကေလး အလွည့္ေပါ့။ " ရွိပါတယ္ ဆရာ " တစ္မ်ိဳး " ရွိပါတယ္ ခင္ဗ်ာ " တစ္ဖံု " ရွိပါတယ္ရွင္ " တစ္နည္း သံစဥ္ေတးေလးေတြ စံုလို႔ေပါ့ ။

Image may contain: one or more people, people sitting and outdoor

ဒါေပမယ့္ ဆရာလုပ္သက္ ဆယ္ႏွစ္ေက်ာ္ အတြင္းမွာ တစ္ခါမွ မၾကားဖူးတဲ့ နာမည္ပိုင္ရွင္ ကေလးကို ေခၚလိုက္မိတယ္။ " မမူး" ထူးသံမ
ၾကားလို႔ ေနာက္တစ္ခါထပ္ေခၚမွ " ရွိပါတယ္ ဆရာ" ဆိုတဲ့ အသံဟာ တစ္မ်ိဴးပဲ။ ေလသံတိုးတို
စိုးထိတ္တဲ့ အမူအရာ၊ အားငယ္ညိဳးႏြမ္းေနတဲ့ မ်က္ႏွာေလးနဲ႔ ေနာက္ဆံုး ခံုဆီက လက္ကေလး ပိုက္၊ ေခါင္းကေလး ငံု႔လို႔။ ေပြး၊ဒက္၊ဝဲ အနာစက္ေတြေၾကာင့္ ေခါင္းတံုးရိတ္ထားတာ ၾကာပုံမရေသး။ အဝတ္က ျဖဴျဖဴစင္စင္ မရွိရတဲ့ အထဲ အဖာ အေထးက အနႏၲပါလား။ ဥယ်ာဥ္တစ္ခုထဲက ပန္းခ်င္းအတူတူ ဒီပန္းက
ေလးဟာ ေလာင္းရိပ္မိပန္းကေလးဆိုတာ အကဲ
ခတ္လိုက္မိတယ္။
'' မမူးဆိုတဲ့ အမည္က အဆန္းပါလား။ ဆရာေတာ့ ဒီတစ္ခါပဲ ၾကားဖူးတယ္။ မသကာ ေမာင္မူးဆိုရင္ ေတာ္ေသးတယ္ ''
ဆရာ့စကား အဆံုးမွာ တစ္တန္းလံုး ဝါးကနဲ ပြဲက်သြားတာနဲ႔ အတူ အျဖဴေရာင္ ပန္း ကေလးရဲ႕ မ်က္ရည္စက္ေတြဟာ ပါးျပင္ အႏွံ႔ပါ လား။
ဆရာ မွားသြားၿပီ။
'' ကဲ... မငိုပါနဲ႔ ငါ့တပည့္ရယ္။ ဆရာက ခ်စ္လို႔ စတာပါ။ ဆရာတို႔ စာ စ သင္ရေအာင္။ မမူးအငိုတိတ္မွ ဆရာ စာသင္လို႔ ရမွာ။ ကဲ ...ကဲ
ၿငိမ္ၾက''
ဘာပဲျဖစ္ျဖစ္ ေလာင္းရိပ္မိ ပန္းကေလးရဲ႕
ဘဝကို ေတြ႕ေတြ႕ခ်င္းမွာပဲ စိတ္ဝင္စားလာခဲ့မိ
တယ္။
တစ္လမျပည့္ခင္မွာပဲ ပန္းကေလးေတြနဲ႔ ဥယ်ာဥ္မႉး အသားက်သြားပါၿပီ။ တကယ္ေတာ့ မမူး ဟာ ညဏ္ထက္တယ္။ လပတ္တိုင္းမွာ
လည္း အဆင့္ တစ္ ႏွစ္ သံုး တစ္ခုခုပဲ။
ပန္းကေလးရဲ႕ ရုပ္အေျခေနကို စၿပီး ကုသေပးလိုက္တယ္။ေပြး ဝဲ ယားနာလိမ္းေဆး ေတာင့္ ၊ ရံုးက ခြဲတမ္းရတဲ့ ကာေဘာ္လစ္ ဆပ္ျပာနဲ႔ ေရႊဝါေတာင့္။ ၿမိဳ႕က တူမေလးေတြ
ဆီက သူတို႔နဲ႔ မလိုက္ေတာ့တဲ့ ေက်ာင္းဝတ္စံု ႏွစ္စံု။ ဝတၳဳစာမူက ရလာလို႔ ပန္းကေလးအတြက္ ရည္စူးဝယ္လာတဲ့ တက္ထရြန္အျဖဴတစ္ဝက္စာ
နဲ႔ ေက်ာင္းစိမ္း ထမီတစ္ထည္။ ပန္းကေလးရဲ႕ အနာေတြကိုလည္း ကိုယ္တိုင္ကိုယ္က် သုတ္သင္ ေဆးထည့္ေပးတယ္။ ပန္းကေလးနဲ႔
ႏွလံုးသားခ်င္း တစ္ထပ္တည္းက်သြားၿပီေလ။
ဆရာ့ကို အားတံု႔အားနာ ျဖစ္ေနတဲ့သူ႔ကို " ဆရာ
တို႔ ျမန္မာစကားပံုရွိတယ္။ သဒၵါလို႔ ေကၽြးရင္ ေသေဆးေတာင္ စားရသတဲ့။ ဆရာက ငါ့တပည့္ ကို ခ်စ္လို႔ ၊ ခင္လို႔၊ သဒၵါလို႔ ေပးတာပဲ။ ေသေဆး စားစရာ မလိုပါဘူး။ ပညာတတ္ႀကီး ျဖစ္ေအာင္ ႀကိဳးစား ၊တတ္တဲ့ ပညာနဲ႔ လူေတြကို ျပန္ အက်ိဳး
ျပဳ ။ အခုေလာေလာဆယ္ အတန္းထဲမွာ ပထမစြဲ ေအာင္ ႀကိဳးစား ။ ဒါဆို ဆရာ့ေက်းဇူး ဆပ္ရာ ေရာက္တာပဲ "
ပန္းကေလး ေခါင္းညိတ္ၿပီး မိမိကို ထိျခင္းငါးပါးနဲ႔ ကန္ေတာ့ရွာေတာ့ ရင္မွာ အမည္ မသိ ပီတိလႈိင္းက တၿငိမ့္ၿငိမ့္၊တသိမ့္သိမ့္။ ေနာက္ပိုင္းမွာ မမူးဟာ ပံုစံေျပာင္းလာတယ္။ အနာေပ်ာက္ၿပီး ရွည္လာတဲ့ ဆံပင္ကို သပ္ရပ္
စြာ ညႇပ္ထားတယ္။ အျဖဴ အစိမ္း ဝတ္စံု သပ္ရပ္ေတြနဲ႔ ပန္းကေလးရဲ႕ မ်က္ႏွာဟာ ၾကည့္
လို႔ ပိုေကာင္းလာသည္။ အတန္းထဲမွာ စာကို
သာ တကုပ္ကုပ္နဲ႔ ၾကည့္ မွတ္ က်က္ တြက္ခ်က္
ေနတဲ့ အခ်ိန္ မ်ားတယ္။
ဆရာ့ေက်းဇူးကို တုန္႔ျပန္တဲ့ အေနနဲ႔ ရာသီ
စာ အသီးအႏွံေလးေတြ အခါသင့္တိုင္း ေပးလာ
တယ္။ ဆရာ့စာပြဲေပၚမွာ ပန္းအိုးကေလးကို တစ္
ေန႔တစ္မ်ိဳး မရိုးရေအာင္ စိတ္ၾကည္ႏူးဖြယ္ရာ ေရာင္စံု ပန္းကေလးေတြနဲ႔ ျပင္တတ္စျမဲ။
ဒါေပမယ့္ မမူးဆိုတဲ့ နာမည္ေလး အေပၚမွာ အတန္းသူ အတန္းသားေတြက စၾက
ေနာက္ၾက ေျပာင္ၾကတာကို သတိထားမိလာ တယ္။ ပန္းကေလးရဲ႕ ရာဇဝင္ကို မိမိ လိုက္စံုစမ္း
မိတယ္။
" တစ္ခြက္ေသာက္ေတာ့ မူး။ ႏွစ္ခြက္
ေသာက္ေတာ့ ထူး၊ သံုးခြက္ေသာက္ေတာ့ ျမဴး"
ဆိုၿပီး စလား စၾကရဲ႕။ မမူး အတန္းထဲ ဝင္လာရင္
" မူးလာၿပီ၊ မူးလာၿပီ" ဆိုတဲ့ မူးတဲ့ ပံုစံ လုပ္ျပလို လုပ္ျပ။
ပန္းကေလးဟာ ဒီအစ အေနာက္ အေျပာင္ၾကားမွာ အျမဲတမ္း စိတ္ညိဳးႏြမ္းေနရရွာ
တယ္ေလ ။
ေက်ာင္း ဘံုကထိန္တုန္းက စက္ဆရာ ကိုေစာေအာင္က " ေမာင္မူး " ျပဇာတ္ ဖြင့္ေတာ့
ပိုရႈပ္ကုန္တာေပါ့။ မမူး ဆိုတဲ့ နာမည္ဟာ သူေမြး
လာစဥ္က သူ႔အေဖ မူးေနလို႔ ေပးလိုက္တဲ့ နာမည္ကိုး ။ ဆရာဆိုတာ စာသင္ၾကားရံု သက္
သက္နဲ႔ ဆရာအစစ္ မဟုက္ေသးဘူးေလ။ လူသား ဥယ်ာဥ္မႉး မဟုက္လား။
မမူး ဆိုတဲ့ ပန္းကေလး " ဖူး " မလာမွာ
ကို စိုးတယ္။ " ေဝ" မလာမွာကို ေၾကာက္တယ္။
ဆရာ ဆိုတာ ပန္းတိုင္းကို ပြင့္ေစခ်င္သူေလ။ ေနာက္ဆံုး ေခါင္းထဲေပၚလာတဲ့ အၾကံကို ဆရာ
ႀကီးနဲ႔ တိုင္ပင္လိုက္တယ္။ ဆရာႀကီးကလည္း ခ်က္ဆို နားခြက္က မီးေတာက္ၿပီးသားပါ။
" ေကာင္းပါတယ္ ဆရာ။ စာေရးႀကီး
ေရ စတုတၳတန္းက မမူး နာမည္ကိစၥ တရားဝင္
ျဖစ္ေအာင္ လုပ္ေပးလိုက္ပါ"
အတန္းထဲဝင္ေတာ့ ႀကိဳတင္စီစဥ္ထား
တဲ့အတိုင္း ပန္းကေလး သံုးဆယ့္ရွစ္ပြင့္ကို လဖက္ရည္နဲ႔ မုန္႔ေကၽြး လိုက္တယ္။
" ကဲ ... စားၿပီး ေသာက္ၿပီးၾကၿပီလား။
ဆရာ့နာမည္ ခ်မ္းသာေလ။ ဆရာ စာေပၿပိဳင္ပြဲ
တစ္ခုမွာ ဆုရလို႔ ငါးေထာင္ ထုတ္လာတယ္။
ဒါသည္ သက္သက္ေကၽြးတာမဟုက္ဘူး။
နာမည္ ကင္ပြန္းတပ္ေျပာင္းပြဲပါ လုပ္ထားတယ္။
ဒါကေတာ့ မမူးကို 'ဖူးေဝ' နာမည္သစ္ ေျပာင္းတဲ့
ပြဲ။ တပည့္တို႔ စားေသာက္ၿပီးၾကၿပီေနာ္။ ဒီေန႔က စၿပီး ဆရာတို႔ အတန္းမွာ မမူးဆိုတာ မရွိဘူး။ ဖူးေဝ ဆိုတာပဲ ရွိတယ္။ ေက်ာင္းမွတ္ပံုတင္ စာရင္းေရာ တရားဝင္ ေျပာင္းထားတာ "
အတန္းထဲက ပန္းကေလး အားလံုး ဆရာ့ရဲ႕ လၽွပ္တစ္ျပက္ လုပ္ရပ္ အေပၚမွာ စိတ္ဝင္စားသြားပံု ရတယ္။ တစ္တန္းလံုး ၿငိမ္လို႔
အပ္က်သံေတာင္ ၾကားႏိုင္တယ္။
" ကဲ ... စားေသာက္ၿပီးလို႔ ဖူးေဝလို႔ မေခၚ
ပဲ မမူးလို႔ ေခၚရင္ ဒဏ္ေၾကး ငါးက်ပ္ ေပးရမယ္
သိန္းဇံနဲ႔ ခင္ေဆြလာ ။ ဆရာ့ဆီက ဗလာစာအုပ္ တစ္အုပ္စီယူ။ မနက္ျဖန္က စမယ္။ မမူးလို႔ ေခၚတဲ့သူကို မွတ္ထား ။ဒဏ္ေၾကး ငါးက်ပ္ ရေအာင္ေတာင္း ။ ဒဏ္ေၾကးကို ဆရာ့စာပြဲေပၚ
က စုဘူးထဲထည့္။ဖူးေဝက ဒီစုဗူးကို ေက်ာင္း ဆင္းသိမ္း။ ေက်ာင္းတက္ ယူလာၿပီး ဆရာ့ စာပြဲ
ေပၚ တင္ထား "
ဒဏ္ေၾကးမွတ္မယ့္ စာအုပ္ေပၚမွာ
ေတာ့ ' ဖူးေဝ ရဲ႕ ဘက္စံု ဖြံ႕ၿဖိဳးေရး ရန္ပံုေငြ'
ေဆာ့ပင္ မင္နီနဲ႔ ခပ္ႀကီးႀကီး ေရးေပးလိုက္တယ္။
ၾကည့္စမ္း ေနာက္ဆံုး ခံုနားဆီက "ဖူးေဝ" "ဖူးေဝ" "ဖူးေဝ" လို႔ ႏႈက္ခမ္း ႏွစ္လႊာကို
အသံတိတ္ ဖြင့္ခ်ီ ပိတ္ခ်ီလုပ္ေနတဲ့ ပန္းကေလး
ေပ်ာ္ေနရွာတယ္။
ဖူးေဝရဲ႕ ဘက္စံုဖြံ႕ၿဖိဳးေရး ရန္ပံုေငြကို စတင္ေစ်းဦးေဖာက္လိုက္တာက ဒါရိုက္တာ
မိမိကိုယ္တိုင္ပါပဲ။
" ေဟး ... မမူး မျမင္ပါလား" ဆိုတာနဲ႔ တပည့္မေလး ခင္ခင္ေဆြက ဒဏ္ေၾကးရက္စြဲ
ေရးမွတ္ေတာင္းေတာ့ တာပဲ။ လူႀကီးရွက္ေတာ့ ရယ္ ဆိုတာလို ရယ္ရင္းနဲ႔ပဲ စုဘူးထဲမွာ ဒဏ္ေၾကး ငါးက်ပ္ ထည့္လိုက္ပါတယ္။ ဖူးေဝရဲ႕ နာမည္သစ္ေျပာင္းပြဲ ပထမေန႔ဟာ " မေျပာဘူး"
" ေျပာတယ္" " မမူးလို႔ ေခၚတာ ဘယ္သူ သက္ေသရွိတယ္" " ဘယ္ေနရာမွာ ေခၚတာနဲ႔" ဆူညံျငင္းခုံေနေပမယ့္ ဒီ ဆူညံသံေတြဟာ နား ထဲမွာေတာ့ သာယာနာေပ်ာ္ဖြယ္ အတိေပါ့။ ဆူညံသံဟာ သာယာသံ ျဖစ္သြားေစေတာ့တယ္
အေပ်ာ္ကေလးေတြ မဆံုးခင္မွာပဲ "ဆ ...ဆ ...ဆရာ ...မ ....မ ...မမူးရွိလား" ဆိုတဲ့ အသံေၾကာင့္ ၿငိမ္သက္သြားတယ္။
လူက အရက္နံ႔ တေထာင္းေထာင္းနဲ႔ မိုးလင္းကတည္းက ေသာက္ထားဟန္တူရဲ႕။ အဝတ္က စုတ္ျပတ္ေဟာင္းႏြမ္းေနတဲ့ အထဲ ဝတ္စားပံုက မေသသပ္။ ၾကယ္ေစ့ အလြဲလြဲ အေခ်ာ္ေခ်ာ္။ ပုဆိုးက မႏိုင့္တႏိုင္။ ေဖာသြပ္
ထူအမ္း နီျမန္းေနတဲ့ မ်က္ႏွာ။ အရက္ဖ်ဥ္းစြဲ
ေနတဲ့ ဗိုက္ကလြဲရင္ က်န္တဲ့ ေနရာမွာ အဆီ အသား ရွားပါေပ့။ေျပာခ်င္တဲ့ စကားကိုလည္း အာေလး လၽွာေလး အာလိပ္ လၽွာလိပ္နဲ႔ သံုးေခါက္ ျပန္မွ နားရည္ လည္ေတာ့တယ္။
" ဆ... ဆ .... ဆရာ ...ကၽြန္ ...ကၽြန္
ကၽြန္ေတာ္ ....က ....မမူး ...မူး .... အေဖပါ"
အတန္းထဲက ပန္းကေလးအမ်ားစုရဲ႕
မ်က္လံုးအစံုဟာ မမူး အေဖဆိုသူ ဆီသို႔။ တစ္ေယာက္ေသာ ပန္းကေလးက လြဲလို႔ေပါ့။
" ဦးကို ေျပာခ်င္ပါတယ္။ မမူးဆိုတာ မရွိေတာ့ ပါဘူး။ မမူးကို ဖူးေဝ လို႔ ေက်ာင္းမွာ
တရားဝင္ နာမည္ေျပာင္းထားပါတယ္။ ဒါေၾကာင့္
ဖူးေဝ လို႔ပဲေခၚပါလို႔ ေမတၱာရပ္ခံပါရေစ "
" ဟုက္ ... ဟုက္ ....ဟုက္ကဲ့။ ကၽြန္ ...ကၽြန္ ...ကၽြန္ေတာ္က ... မမူး ....အဲ ....ဖူးေဝ
ရဲ႕ အေဖပါ။ သူ ....သူ ....အ....အေမ ....ေန....ေနမေကာင္းလို႔ .... ခြင့္ ...ခြင့္ ....ေတာင္း ....ေတာင္း "
အေျခေနကို ရိပ္စားမိလိုက္တယ္ ။ ဖူးေဝရဲ႕ ခံုေပၚမွာ ေခါင္းငံု႔ထားတဲ့ ဖူးေဝရဲ႕ မ်က္
ဝန္း မႈန္သုန္ကာ မ်က္ရည္ ၿဖိဳင္ၿဖိဳင္က်ေနၿပီပဲ။
ဖူးေဝကို သူ႔အေဖနဲ႔ ခြင့္ေပးၿပီး အတန္းထဲက ပန္းကေလးေတြရဲ႕ မ်က္စိေအာက္ကေန အျမန္
ႏွင္ထုတ္လိုက္ပါတယ္။ စိတ္အေႏွာက္ယွက္ၾကံဳ
ရတာေၾကာင့္ ဒီေန႔ စာသင္မေျဖာင့္ႏိုင္ေတာ့ဘူး။
ညေန ေက်ာင္းဆင္းေတာ့ ပန္းကေလးရဲ႕ အိမ္ကို ပထမဆံုးအႀကိမ္ အလည္ေရာက္သြားမိ
တယ္။ အိမ္က လူ႔တစ္ရပ္လြတ္ သံုးပင္ အိမ္ကေလးပါ ။
" ဟယ္ ....ဆရာ လာတယ္။ ဖူးေဝ ဆရာ့
ကို အိမ္အလည္ မေခၚခ်င္လို႔ မဟုက္ပါဘူး။ ဆရာ့ကို အားနာလို႔ပါ။ ဆရာ ေနပါဦးေနာ္ ။ ဖူးေဝ ထမင္းအိုး ငွဲ႔လိုက္ဦးမယ္ ..."
အိမ္ရဲ႕ ေအာက္ ကုတင္ေပၚမွာေတာ့ အရက္တစ္လံုးနဲ႔ ေခါင္းေထာင္ႏိူင္ပံု မရေတာ့တဲ့
ဖူးေဝ အေဖကို ေတြ႕လိုက္ရတယ္။
" ဟဲ့ ..... မ ....မ ....မူး ....အဲ
ဖူး ....ဖူး..... ဖူးေဝ ....သ....သ .
..သမီး ...ဆ...ဆ...ဆရာ့ကို ...ဒီ ...ဒီ ...ဒီေခၚလိုက္က္ပါ"
" ကဲ ...ဆရာ ဖူးေဝ အေဖနဲ႔ စကားေျပာ
လိုက္ဦးမယ္။ ဖူးေဝ အေမေကာ သက္သာသြား
ၿပီလား။ ဆရာ့ကို အားနာမေနနဲ႔။ လုပ္စရာရွိတာ
လုပ္" ဆိုၿပီး ႏွင္လိုက္တယ္။
ဖူးေဝ ထြက္သြားေတာ့မွ ဖူးေဝ အေဖက မိမိကို " ဆရာ ၊ ဒါလုပ္တတ္လား" ဆိုၿပီးလက္မ
နဲ႔ ပါးစပ္ကို ေတ့ၿပီး အရက္သမား သေကၤတ လုပ္ျပတာကို မိမိ ေခါင္းခါလိုက္တယ္။ တကယ္
ဆို မိမိလည္း ပုထုဇဥ္မို႔ မကင္းတတ္ပါ။
ဒါေပမယ့္ ကိုယ္က ဆရာေလ ။ " အတုျမင္ အတတ္သင္" တတ္တဲ့ ပန္းကေလး
ေတြရဲ႕ ေရွ႕မွာ ကိုယ့္ရဲ႕ အျပဳမူ အက်င့္ၾကံ အေနထိုင္ အားလံုးဟာ စံျပ ျဖစ္ေနရမယ္ေလ။
ဒါေၾကာင့္လည္း "အနေႏၲာ အနႏၲငါးပါး" ထဲ ထည့္
ထားတာေပါ့။
" ဆ ....ဆ ....ဆရာ့ကို ...သ ...သ ...သမီးက ...သိပ္ခ်စ္ ...ခ်စ္တာ ...အိမ္ ....ေရာက္ ...ေရာက္ရင္ ...ဆ ...ဆရာ့အေၾကာင္း ...ေျပာ ...ေျပာ ...ေနတာ
....ေက်း ....ေက်းဇူးပါ ...ဆ ...ဆရာ..."
စကားမ်ားမ်ား ေျပာလိုက္ေတာ့မွ ပန္းက
ေလးရဲ႕ မိသားစု ဘဝအေျခေနေတြကို နားလည္လာရတယ္။ တစ္ဦးတည္းေသာ သမီး ပန္းကေလးကို ပန္းကေလး အေဖဟာ သိပ္ခ်စ္
ရွာပါတယ္။ ပညာတတ္ႀကီး ျဖစ္ေအာင္ ေျမေတာင္ေျမႇက္ေပးလိုတဲ့ ဆႏၵေတြကလည္း ရင္မွာ အျပည့္။ ဘဝရဲ႕ လွည့္ကြက္ ကံၾကမၼာရဲ႕
မ်က္လွည့္ေၾကာင့္ အခုလို အရက္သမားႀကီး ျဖစ္သြားရတဲ့ ပန္းကေလးရဲ႕ အေဖအေပၚမွာ နားလည္ခံစားတတ္လာတယ္။ အေၾကာင္းစံု မသိခင္ကေတာ့ အထင္ေသးခဲ့မိတယ္။ အရင္
က ကားပိုင္ ဒရိုင္ဘာ ဘဝနဲ႔ ပန္းကေလး ငယ္
ငယ္က ေရႊထီးေဆာင္းခဲ့ဖူးတာေပါ့။ ေနာက္ ကားတိုက္မႈ ျဖစ္ခဲ့တယ္ ။ လူေသသြားေတာ့ အမႈျဖစ္ ၊ ေငြကုန္ ၊ ေထာင္ပါ က်ၿပီး စီးပြားပ်က္
သြားခဲ့တယ္။ သူ မိုးေကာင္းစဥ္ တရုန္းရုန္းနဲ႔ ေနခဲ့ ရွိခဲ့သူေတြဟာ ေနာက္ပိုင္းမွာ သူ႔ကိုျမင္
ရင္ တဝုန္းဝုန္းနဲ႔ ထေျပးေတာ့တာပဲ။ လူေတြကို အျမင္မၾကည္ စိတ္နာၿပီး အရြဲ႕တိုက္ရာကေန အရက္သမားျဖစ္သြားေတာ့တာပဲ ။
" ေလာကႀကီးကို အရြဲ႕တိုက္လိုက္တာ ေလာကႀကီးက ဘာမွျဖစ္မသြားဘူး။ ပန္းကေလ
အေဖသာ အရက္အိုးႀကီး ျဖစ္သြားတယ္။ ပန္းကေလးရဲ႕ တစ္ရပ္လြတ္အိမ္ရဲ႕ ေအာက္ အေရွ႕ေထာင့္မွာရွိတဲ့ စာၾကည့္ခန္းဟာ ပန္းကေလး အေဖရဲ႕ ခ်စ္ျခင္း သေကၤတေတြေပါ့
ထန္းလက္ပတ္၊ ၾကေသာင္းဝါး၊လက္ပံဇလီပ်ဥ္
တို႔နဲ႔သပ္ရပ္စြာ ဖြဲ႕ထားတဲ့ စာၾကည့္ခန္းေလး
စာၾကည့္စာပြဲ၊ ကုလားထိုင္ကေလးနဲ႔စာအုပ္စင္
ေလးတို႔က သပ္ရပ္ပါေပ့။ ဘက္ထရီ 9V 11P
အိုးနဲ႔ အတူ တစ္ေပ ဖန္ေခ်ာင္းေလး ဆင္ေပး
ထားတယ္။ ဒါဟာ သားသမီးရဲ႕ ပညာေရး အ
ေပၚမွာ သိပ္တန္ဖိုး ထားတတ္တဲ့ မိဘတစ္ေယာ
ရဲ႕ ခ်စ္ျခင္းေမတၱာ သေကၤတ ျပယုဂ္ေပါ့။
" အဲ ....အဲ ...ဒါေတြ ...မ ...မမူး...ေယာင္
လို႔ ...ဖူး ...ဖူးေဝ ... အတြက္ ...ကၽြန္ေတာ္ လုပ္ေပးထားတာပါ ။ ထန္းပက္လက္ ကုလားထိုင္ တစ္လံုး ...ဆ ...ဆရာ့ ...အတြက္ လုပ္...လုပ္ေပးရဦးမယ္ ။
တကယ္ဆို ပန္းကေလးအေဖဟာ
မိမိထင္ထားသလို အခ်ိန္ရွိသေရြ႕ မူးၿပီး မိသားစု
အေပၚ တာဝန္ကင္းမဲ့သူလို႔ ထင္ထားခဲ့တာ မွား
သြားၿပီ။ ပန္းကေလး အေမက ပန္းနာ ရင္က်ပ္
သမားမို႔ သိပ္မလုပ္ႏိုင္ေတာ့။ ပန္းကေလး အေဖ
ဟာ ထန္းကုလားထိုင္၊စာၾကည့္စာပြဲနဲ႔ ၾကံဳရင္ ၾကံဳသလို လက္သမား ပန္းရံလိုက္တယ္။
ပန္းကေလးတိုရဲ႕ က်ယ္ဝန္းတဲ့ ေျမကြက္လပ္မွာ စားပင္ သီးပင္အစံုစိုက္လို႔။ ၾကက္ေမြးတယ္၊ ဝက္ေမြးတယ္။ မူးေပမယ့္ မိသားစု တာဝန္မပ်က္
တဲ့ သမီးကို သိပ္ခ်စ္တဲ့ အေဖတစ္ေယာက္ အျဖစ္ စိတ္ထဲက ႀကိတ္အမွတ္ေပးလိုက္ပါတယ္။
ဖူးေဝရဲ႕ စာၾကည့္စာပြဲနံရံမွာ ကပ္ထား
တဲ့ စာတန္းကေလးက ပိုၾကည္ႏူးစရာ။
" ဖူးေဝ ၊ နင္ ဆရာကို တကယ္ခ်စ္
တယ္ ၊ ေလးစားတယ္ဆိုရင္ ပထမ ရေအာင္ လုပ္ပါ။ ပညာတတ္ႀကီး ျဖစ္ေအာင္လုပ္ပါ" ဆိုတဲ့
စာတန္းေလးေတြဟာ တကယ့္ကို ပီတိေတြ စား
လိုက္ရသလို အားရွိပါဘိ ။
ပန္းကေလးေတြနဲ႔ အသားက်ခါမွ သြားရမယ့္ ကိစၥ တစ္ခု ေပၚလာတယ္။ တစ္လ
ခြဲနီးပါးၾကာတဲ့ သင္တန္းတစ္ခုေပါ့ ။ ဆရာမ
ေဒၚခင္ေဆြကို အတန္းလႊဲၿပီး ထြက္သာ လာရ
တယ္။ ပန္းကေလးေတြကို စိတ္မခ်ႏိူင္ဘူး။
သင္တန္းက မပင္ပန္းေပမယ့္ ပန္း
ကေလးေတြကို လြမ္းတဲ့စိတ္က ပင္ပန္းလွတယ္။
အထူးသျဖင့္ 'ဖူးေဝ' ဆိုတဲ့ ပန္းေလးတစ္ပြင့္ေပါ့
ဒီပန္းကေလးက ပိုအားငယ္တတ္တယ္ေလ။
သင္တန္းက အျပန္ မႏၲေလး ေရာက္
ေတာ့ ပန္းကေလးအားလံုးအတြက္ လမုန္႔၊ ခ်ိဳခ်ဥ္၊ မက္မံုသီး ဝယ္လိုက္တယ္။
တစ္ပြင့္ ၊ ႏွစ္ပြင့္ ၊ သံုးပြင့္၊ အားလံုး သံုးဆယ့္ရွစ္ပြင့္ေပါ့။
ဆရာ ျပန္လာၿပီ ပန္းကေလးတို႔ေရ။
ေက်ာင္းေရာက္ေတာ့ ဆရာႀကီးက အစ ဆရာမ
ေတြ အားလံုး မ်က္ႏွာက မသာယာ။ အတန္းထဲ
ဝင္လိုက္စဥ္ " မဂၤလာပါ ဆရာ၊ ပၪၥဂုဏံ အဟံဝႏၵာမိ၊ အာစရိယ ဂုဏံ အဟံဝႏၵာမိ" ဆိုတဲ့
ႏႈက္ဆက္သံဟာ ငိုသံ ေရာစြတ္ေနတယ္။
" မဂၤလာပါ။ ေက်းဇူးတင္ပါတယ္။
ထိုင္ပါ" ဆိုၿပီး အတန္းထဲ မ်က္စိ ကစားလိုက္
ေတာ့ ပန္းကေလး တစ္ပြင့္ ေလ်ာ့ေနပါလား။
" ဆရာ ဒီေန႔ေရာက္မယ္ဆိုတာ သိလို႔
ဆရာ့ကို ကၽြန္မတို႔ ေစာင့္ေနတာ။ ဖူး ...ဖူးေဝရဲ႕ ကိစၥကို တစ္ေက်ာင္းလံုး သြားၾကမယ္ ဆရာ"
ဆရာမ ေဒၚခင္ေဆြက ငိုသံနဲ႔ေျပာေတာ့ အတန္းထဲက ပန္းကေလးေတြဟာ တစ္တန္းလံုး
ငိုခ်ၾကတယ္။ မိမိ ဘာမွ နားမလည္ႏိုင္ေတာ့ပါ။
ပန္းကေလး အိမ္ေရာက္ေတာ့ ဆရာ့
ကို ထမႀကိဳဆိုႏိုင္ရွာေတာ့ဘူး။ ဖူးေဝဟာ အိပ္
ေပ်ာ္ေနတဲ့ အတိုင္းပါပဲ။ မိမိ ဝယ္ေပးခဲ့တဲ့ အျဖဴ
အစိမ္း ေက်ာင္းဝတ္စံုေလးနဲ႔ ပါးကြက္ကေလး ကြက္လို႔။ ေခါင္းမွာ စံပယ္ပန္းကံုးေလး။
ပန္းကေလးရယ္၊ ဖူးေဝရယ္၊ သမီးရယ္။ တင္းထားတဲ့စိတ္ဟာ ပန္းကေလး
ကို ျမင္လိုက္ေတာ့ ႏွလံုးသား အရည္ေပ်ာ္က်
သြားတယ္။ ႏွလံုးသား မ်က္ရည္စက္ ပါးထက္မွာ
ေပါ့။
" ဖူးေဝ ေသရတာ ကၽြန္မ အျပစ္ပါ ဆရာ။
ကၽြန္မ တစ္သက္လံုး ေနာင္တ ရေနမွာပါ "
" မဟုက္ပါဘူး ဆရာမ။ အဓိက တရားခံက
ကၽြန္ေတာ္ပါ။ ဆရာမနဲ႔ မဆိုင္ပါဘူး။ ဒီေကာင္ အရက္သမားႀကီး မေကာင္းတာ"
ဆရာမနဲ႔ ဖူးေဝ အေဖ အခ်ီအခ် အျပန္ အလွန္ ေျပာဆိုေနၾကတာကို မိမိ နားမလည္ ႏိုင္
ေတာ့ပါ။
အဲ .... နားလည္ႏိုင္တာ တစ္ခုကေတာ့ ပန္းကေလးနဲ႔မိမိ ဒီဘဝမွာ ထာဝရ ႏႈက္ဆက္
ထြက္ခြာသြားၿပီ ဆိုတာပဲ ျဖစ္တယ္ေလ။
ပန္းကေလးအတြက္ ယူလာတဲ့ လက္ေဆာင္ မုန္႔ထုပ္ကေလးကို လြယ္အိပ္ထဲက
ထုတ္ၿပီး ရင္ဘတ္ေပၚ တင္ေပးလိုက္တယ္။ ပန္းကေလးရဲ႕ လက္ကေလးကို မုန္႔ထုက္ကေလ
ေပးတင္ေပးၿပီး နဖူးေလးကို ႏႈက္ဆက္ အနမ္း
ေႁခြလိုက္တယ္။ ပန္းကေလး ပါးထက္ ဆင္းသက္သြားတဲ့ ဆရာ့မ်က္ရည္စက္ေတြ အတြက္ ဆရာ့ကို ခြင့္လႊတ္ပါ။
အားလံုး အားလံုးဟာ ငိုခ်င္ရက္ လက္တို႔
ျဖစ္သြားၾကရွာတယ္။
" သူငယ္ခ်င္း ဖူးေဝ၊ ငါ့တို႔ကို မုန္းသြား
ၿပီလား။ မမူးလို႔ မေခၚေတာ့ပါဘူး ဟ ။ နင္က
အတန္းထဲမွာ ပထမ ရလို႔ မာန ႀကီးသြားတာလာ
သူငယ္ခ်င္းေရ "
အတန္းထဲက အေဖာ္ေတြ ငိုေနၾကၿပီ ကေလး
ေရ ။
" ဖူးေဝ ဆရာမကို ခြင့္လႊတ္ပါကြယ္။ ဆရာမ
မသိလို႔ ေျပာမိတာပါ။ ငါ့တပည့္မေလးရယ္"
ပန္းကေလး ၾကားႏိုင္မည္လား မသိ။
" ဖူးေဝ သမီး အေဖ့ကို ခြင့္လႊတ္ပါ သမီးေလး
ရယ္"
ပန္းကေလး အေဖလည္း အလြမ္းက
ေလးဖြဲ႕ေနခဲ့ပါေပါ့။
" ဖူးေဝ သမီးေလး သမီး သိပ္ခ်စ္တယ္ဆိုတဲ့ ဆရာေလး လာၿပီေလ။ ထႏႈက္ဆက္ပါဦး သမီး
ရယ္။ ဒီတစ္ခါ ဆရာ သင္တန္းက ျပန္လာရင္
ဆရာ့ကို ၾကက္သားဟင္းနဲ႔ ထမင္းခ်က္ေႂကြးရ
ေအာင္ အေမရယ္ ဆို ။ ခု သမီး ဆရာ ျပန္လာ
ေနၿပီ သမီးရဲ႕။ သမီးအတြက္ မုန္႔ပါလာတာ ဆရာစိတ္ေကာင္း ေအာင္ စားလိုက္ပါလား သမီးရယ္"
အားလံုး အားလံုးဟာ ဖူးေဝဆိုတဲ့ ပန္းကေလ
အတြက္ ကမ႓ာပ်က္ေနၾကၿပီေလ ။
ေဩာ္ ... ပန္းကေလးရယ္ အိပ္ေပ်ာ္ေနတဲ့ အတိုင္းပါလား ။ ဆရာ ႏုက္ဆက္ပါတယ္ကြယ္။
ဖူးေဝ ဆိုတဲ့ ပန္းကေလးကေတာ့ ျပံဳးေယာင္သန္းတဲ့ မ်က္လံုးေလးနဲ႔ေပါ့ ။
ဒါေပမယ့္ မ်က္လႊကာေတာ့ လံုးဝ ဥသံု စံုမွိတ္
လၽွက္။
ပန္းကေလးရဲ႕ ရက္လည္ေန႔မွာေတာ့ .
" ဖူးေဝ ကိစၥက ဒီလိုပါ ဆရာ။ ကၽြန္မ ဆရာ့ဆီ
က အတန္းလႊဲယူေတာ့ အတန္းထဲက ပစၥည္းေတြ
ကို အလွည့္က် စနစ္နဲ႔ တပည့္ေတြကို သိမ္းခိုင္း
တယ္ ၊ ဆရာသြားၿပီး မၾကာခင္မွာပဲ ဖူးေဝက ေရအိုးဖံုးနဲ႔ ေရခြက္သိမ္းဖို႔ က်တယ္။ အဲဒါ ေနာက္တစ္ေန႔ ေက်ာင္းကို ေရာက္ေတာ့ ေက်ာင္းသူ ေက်ာင္းသားေတြက " ဆရာမ ေရခြက္က အရက္ေစာ္ နံလို႔ " တဲ့ ၊ကၽြန္မ
လာေျပာတယ္ ဆရာ"
ဆရာမ ေဒၚခက္ေဆြက စကားကို မဆက္
ႏိုင္ေသးဘဲ က်လာတဲ့ မ်က္ရည္စကို လက္ကိုင္
ပုဝါနဲ႔ အသာတို႔ၿပီးမွ စကားဆက္ႏိုင္ရွာတယ္။
" ဟုက္တယ္ ဆရာ ကၽြန္မ ကိုယ္တိုင္ နမ္းၾကည့္
ေတာ့ ေခါင္းမူးသြားေလာက္ေအာင္ အရက္ေစာ္ နံေနတယ္။ ဒါေၾကာင့္လည္း ဘယ္သူသိမ္းတာ
လဲ ေမးၿပီး ဖူးေဝကို စိတ္တိုတိုနဲ႔ ဖူးေဝကို ဒီေက်ာင္း ေသာက္ေရခြက္နဲ႔ အရက္ထည့္ ေသာက္ရသလား ။ နင့္ကို ဖူးေဝ ကေန မမူးလို႔ပဲ
နာမည္ ျပန္ေျပာင္းပစ္လိုက္ခ်င္တယ္ ဆိုၿပီး ဆူေျပာမိတယ္။ သံုးခ်က္ေလာက္လည္း ရိုက္
လိုက္မတယ္ ဆရာ။ လက္ဖဝါးကိုပါ ။ သိပ္ေတာ့
မနာပါဘူး။ ေနာင္ မွတ္ေအာင္လို႔ပါ"
ေဩာ္ ... လက္ဖဝါးက အနာဟာ ႏွလံုးသားထဲ ၊ စိတ္ထဲမွာ သိပ္နာသြားရွာတာပါ
လား ပန္းကေလးရယ္။
" အျဖစ္က ဒီလိုပါ။ အဓိက တရားခံက ကၽြန္ေတာ္ေလ။ အဲဒီေန႔က ဖူးေဝ ေက်ာင္းမသြား
ခင္ ဧည့္သည္ သံုး ေလးေယာက္ ေရာက္ေနတာနဲ႔ အဲဒီ ေရခြက္ကို အရက္ ထည့္
ေသာက္မိတယ္။ ဖူးေဝ ကေတာ့ ဘာမွ မသိရွာ
ပါဘူး "
" အဲ ...အဲဒီေန႔ ေက်ာင္းက ျပန္ေရာက္လာေတာ့ မ်က္ႏွာ ညိဳးမႈိင္းၿပီး မ်က္ရည္ က်ေနတယ္။ ဘာျဖစ္တာလဲ ေမးေတာ့
ေမးမရဘူး ။ လူကလည္း မူးေနေတာ့ အေၾကာင္း
မရွိဘဲ မငိုရဘူး၊ ေဟာဒီလို ရိုက္မွ ငိုရတယ္ ဟ ဆိုၿပီး နားရင္းကို တစ္ခ်က္ ရိုက္မိတယ္။ ေက်ာင္းမွာ အတန္းထဲ ရွက္စိတ္ ၊ သိမ္ငယ္စိတ္
အေဖ့အေပၚ နာၾကည္းစိတ္ေတြ ဝင္သြားသလား
မသိပါဘူး ဆရာရယ္။ အဲဒီေနာက္ပိုင္း အစားနည္း ၊ အအိပ္နည္း၊ တေရွာင္ေရွာင္ ျဖစ္
ရင္းကေန အိပ္ယာထဲ လဲေတာ့တာပဲ။ ေနာက္ ဖူးေဝမွာ ေမြးရာပါ ႏွလံုးေရာဂါရွိတယ္ဆိုတာ ကၽြန္ေတာ္ ေမ့သြားတယ္ ဆရာ "
ဖူးေဝ့ အေဖ့ စကားကို နားေထာင္ရင္း ဖူးေဝကို ပိုနားလည္လာသည္။
" ေနာက္ သူဆံုးမယ့္ေန႔ ေရာက္ေတာ့ ဆရာျပန္လာရင္ ဒီစာအိတ္နဲ႔ ေရခြက္ကေလးကို
ဆရာ့လက္ထဲ ထည့္ေပးပါလို႔ ေျပာရွာတယ္။ သူ႔ကိုသူ သိေနမွာေပါ့ ဆရာ။ ငါ့ သမီးေလး ေနေကာင္းသြားမွာပါ မေျပာေကာင္းတာေတြ မေျပာရဘူး ဆိုၿပီး အားေပးမိတယ္။ ေဆးတိုက္
ေတာ့ လက္မခံေတာ့ဘူး။ အစာေရာ ေဆးေရာ အန္ပစ္တယ္။ သူဆံုးခါနီး သမီးကို ခ်စ္ရင္ အရက္မေသာက္နဲ႔ေနာ္ အေဖတဲ့ "
ဖူးေဝ အေဖဟာ ေျပာရင္း ေယာက်္ားတန္မဲ့ ခ်ံဳးပြဲခ် ငိုပစ္လိုက္တယ္။ ေနာက္မွ ငိုသံႏွင့္အတူ " ဖူးေဝ ...သမီးေလးေရ ၊ သမီး အေဖ လူမိုက္ႀကီ
လိမၼာေနပါၿပီ။ အေဖေလ ... သမီးအတြက္ ရည္စူးၿပီး အရက္မေသာက္ေတာ့ပါဘူး။ အဲဒါ
သမီးကို ခ်စ္လို႔ေပါ့ ။ တမလြန္က ေနၿပီး သမီး အေဖ လိမၼာေနတာကို ၾကည့္ရင္း အေဖ့ကို ခြင့္
လႊတ္ပါ သမီးရယ္"
ဖူးေဝ ရဲ႕ အေၾကာင္းစံု သိလိုက္ရတာနဲ႔ " ဘႀကီးေအာင္ ညာတယ္ " ထဲက ေမာင္ခ်စ္ကေလးကို ေျပးျမင္လိုက္တယ္။
အစြဲအလန္းႀကီးၿပီး ႀကိတ္ခံသြားရွာတဲ့
ပန္းကေလးရယ္ ဆရာသာရွိခဲ့ရင္ ဒါေတြ ျဖစ္လာ
မယ္ မထင္ဘူး။ ဆရာက ပန္းကေလးကို နားလည္တယ္ေလ။ စာအိတ္ကို ေဖာက္ၿပီး ႏွလံုးသားနဲ႔ ဖတ္ေနမိတယ္။
ဆရာ ....
ဖူးေဝ ဆရာ့ကို ႏႈက္ဆက္ခဲ့ပါ
တယ္။ ႀကိဳၿပီးေတာ့လည္း ကန္ေတာ့ခဲ့ပါတယ္
ဆရာ လုပ္ေပးခဲ့တဲ့ ဖူးေဝရဲ႕ ဘက္စံု ဖြံ႕ၿဖိဳးေရး
ရန္ပံုေငြထဲကေန အတန္းအတြက္ ေရခြက္က
ေလး ဝယ္ထားတာ ဆရာက တစ္ဆင့္ ဆရာမ
ကို ေပးလိုက္ပါ။
ဆရာ့ရဲ႕
အခ်စ္ဆံုး တပည့္ေလး
ဖူးေဝ .....
ဖူးေဝရဲ႕ လက္ေရးနဲ႔ စာရြက္ေလးေပၚမွာ
ဆရာ့ရဲ႕ ႏွလံုးေသြး ဆူပြက္မႈေၾကာင့္ ျဖစ္လာတဲ့
ေငြ႕ရည္ေလးေတြ အရည္ေျပာင္းသြားတယ္။
အျဖဴေရာင္ ဖိုင္ဘာ ေသာက္ေရခြက္
ကေလး။
ဖူးေဝရဲ႕ အလြမ္းႏႈက္ဆက္စာ တစ္စာင္။
ေဩာ္ ...ေလာင္းရိပ္လြတ္ကာမွ
ေႏွာင္းအတိတ္က ဝဋ္ေႂကြးမ်ား ပါခဲ့ရွာသလား
ပန္းကေလးရယ္။ ~~~~~~~~~
မူရင္းေရးသားသူ ဆရာ ကိုလႈိင္ၾကည္ဝင္းအား
Credit ေပးပါသည္။
အားလံုးကို ေလးစားလၽွက္


Credit -မူရင်​းစာ​ရေးသူ ဆရာကိုလှိုင်​ကြည်​ဝင်​း..
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
မျက်ရည်ခိုင်မှ ဖတ်​ကြည့်ပါ။
"ကောင်းလွန်းလို့ မျှဝေပါတယ်"
" အဖြူရောင် ရေခွက်ကလေးရဲ့ ဒိုင်ယာရီ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 
" ရုံး Order ထွက်ပြီးကတည်းက ဆရာ့
ကို မျှော်နေတာ။ ဆရာက J.A.T နဲ့ ပြောင်းလာ ပေမယ့် လောလောဆယ် စတုတ္ထတန်း အတန်း
ပိုင် ဆရာမက မီးဖွားခွင့် ယူထားတော့ ဖြစ်နိုင်ရင်
ဆရာ့ကို အဲဒီအတန်း တာဝန်ပေးချင်ပါတယ် "
ကိုယ်က ဝန်ထမ်းပဲ။ ကျရာဝန် ထမ်းရမှာပေါ့။ ရွှံ့ပျော့ကလေးတွေ၊ အဖြူရောင်
ပန်းကလေးတွေဆိုတာ ကိုယ်လိုချင်တဲ့ အရောင်
ကိုယ်လိုချင်တဲ့ ပုံစံ ရိုက်သွင်းလို့ အကောင်းဆုံး မဟုက်လား။ ကျောင်းအုပ်ဆရာကြီးက အသက် 50 ဝန်းကျင်၊ အသားညိုညို၊ မျက်နှာချိုချိုနဲ့ တွဲအလုပ်လုပ်လို့ အဆင်ပြေမယ်ဆိုတာ စိတ်က အလိုလို သိလိုက်တယ် ။
" ရပါတယ် ဆရာကြီး။ ကျွန်တော် ဝင်ရမယ့် အတန်းအတွက် သင်ပြရမယ့် ဘာသာ
ခွင့်ယူထားတဲ့ ဆရာမရဲ့ ဒိုင်ယာရီနဲ့ (က) စာရင်း
သာ ပေးထားပါ။ ကြိုလေ့လာထားရတာပေါ့ ။
ဟုက်တယ်လေ။ နယ်မြေအသစ်၊ခွင်သစ်
မှာ ခြေမချခင် အဲဒီနယ်မြေအကြောင်းကို သိ
ထားသင့်တယ် မဟုက်လား ။နေရာထိုင်ခင်း
အတွက်တော့ ဆရာကြီးရဲ့ အစီ အမံ အရ ကျောင်းဝန်းထဲမှာ သီးသန့်အိမ်ကလေး ဆောက်
နေတဲ့ ကျောင်းစောင့် လူပျိုကြီး ကိုလှစိန်နဲ့ အတူ
နေဖြစ်သွားတယ် ။
" ဆရာလေး ရောက်လာမှ ကျုပ်လည်း အဖော်ရတာပေါ့။ ဝန်ထမ်းဆန်သာပေး ကျုပ်ချက်ကျွေးမယ်။ ရိက္ခာစိုရော ရိက္ခာခြောက် ရော ဘာမှ မပူနဲ့။ ကျုပ်မွေးထားတဲ့ ကြက်တွေနဲ့ ကျောင်းအနောက်ဘက်က စိုက်ထားတဲ့ သီးပင် စားပင်တွေသာ ကြည့်ထား "
ဟုက်ပါ့ ။ ဘူး၊ဖရုံ၊ငရုက်၊ချဉ်ပေါင်၊ပျောင်းဖူ
ငှက်ပျော၊ မာလကာ၊ သရက်ပါ နည်းရော့လား။
" တပည့်တို့၊ ဒါ ဆရာကြီးတို့ ကျောင်းကို ရောက်လာတဲ့ ဆရာအသစ်ပဲ၊ ခွင့်ယူထားတဲ့ တပည့်တို့ရဲ့ဆရာမ အစား ဒီဆရာက သင်လိမ့် မယ် ။ နာမည်က ဦးချမ်းသာတဲ့ "
အဖြူရောင်ပန်းကလေးတွေဆီက ခစ်ခနဲ ရယ်သံနှင့်အတူ အချို့ကလည်း ပြုံးစေ့စေ့ ၊ အချို့က အသံမထွက်မိအောင် လက်ဝါးကလေး နဲ့ အုပ်လို့၊ဆရာကြီးထွက်သွားတဲ့ အချိန်မှာတော့ အဖြူရောင်ပန်းကလေးတွေနဲ့ မိမိရဲ့ နိဒါန်းပေါ့။
" ဆရာ့နာမည် ဦးချမ်းသာဆိုတာ ဒီလိုကွ။ ဆရာ့မှာ ပိုက်ဆံမချမ်းသာပေမယ့် တပည့်တွေ အများကြီး ချမ်းသာတယ်။ အခုဆို တပည့်အ
သစ် သုံးဆယ့်ရှစ်ယောက်တောင် တိုးချမ်းသာ လာပြီ။ ဆရာ မင်းတို့ကို နာမည်နဲ့ လူတွဲမှတ်မိ အောင် နာမည်စာရင်းခေါ်မယ်နော် ။ ကဲ ... ဆရာ စခေါ်မယ် "
ပြောပြောဆိုဆို (က) စာရင်း စာအုပ်လှန်ပြီ
နာမည်တွေကို ခေါ်လိုက်တယ် ။ ယောကျ်ားလေ
ပြီးတော့ မိန်းကလေး အလှည့်ပေါ့။ " ရှိပါတယ် ဆရာ " တစ်မျိုး " ရှိပါတယ် ခင်ဗျာ " တစ်ဖုံ " ရှိပါတယ်ရှင် " တစ်နည်း သံစဉ်တေးလေးတွေ စုံလို့ပေါ့ ။
ဒါပေမယ့် ဆရာလုပ်သက် ဆယ်နှစ်ကျော် အတွင်းမှာ တစ်ခါမှ မကြားဖူးတဲ့ နာမည်ပိုင်ရှင် ကလေးကို ခေါ်လိုက်မိတယ်။ " မမူး" ထူးသံမ
ကြားလို့ နောက်တစ်ခါထပ်ခေါ်မှ " ရှိပါတယ် ဆရာ" ဆိုတဲ့ အသံဟာ တစ်မျိူးပဲ။ လေသံတိုးတို
စိုးထိတ်တဲ့ အမူအရာ၊ အားငယ်ညိုးနွမ်းနေတဲ့ မျက်နှာလေးနဲ့ နောက်ဆုံး ခုံဆီက လက်ကလေး ပိုက်၊ ခေါင်းကလေး ငုံ့လို့။ ပွေး၊ဒက်၊ဝဲ အနာစက်တွေကြောင့် ခေါင်းတုံးရိတ်ထားတာ ကြာပုံမရသေး။ အဝတ်က ဖြူဖြူစင်စင် မရှိရတဲ့ အထဲ အဖာ အထေးက အနန္တပါလား။ ဥယျာဉ်တစ်ခုထဲက ပန်းချင်းအတူတူ ဒီပန်းက
လေးဟာ လောင်းရိပ်မိပန်းကလေးဆိုတာ အကဲ
ခတ်လိုက်မိတယ်။
'' မမူးဆိုတဲ့ အမည်က အဆန်းပါလား။ ဆရာတော့ ဒီတစ်ခါပဲ ကြားဖူးတယ်။ မသကာ မောင်မူးဆိုရင် တော်သေးတယ် ''
ဆရာ့စကား အဆုံးမှာ တစ်တန်းလုံး ဝါးကနဲ ပွဲကျသွားတာနဲ့ အတူ အဖြူရောင် ပန်း ကလေးရဲ့ မျက်ရည်စက်တွေဟာ ပါးပြင် အနှံ့ပါ လား။
ဆရာ မှားသွားပြီ။
'' ကဲ... မငိုပါနဲ့ ငါ့တပည့်ရယ်။ ဆရာက ချစ်လို့ စတာပါ။ ဆရာတို့ စာ စ သင်ရအောင်။ မမူးအငိုတိတ်မှ ဆရာ စာသင်လို့ ရမှာ။ ကဲ ...ကဲ
ငြိမ်ကြ''
ဘာပဲဖြစ်ဖြစ် လောင်းရိပ်မိ ပန်းကလေးရဲ့
ဘဝကို တွေ့တွေ့ချင်းမှာပဲ စိတ်ဝင်စားလာခဲ့မိ
တယ်။
တစ်လမပြည့်ခင်မှာပဲ ပန်းကလေးတွေနဲ့ ဥယျာဉ်မှူး အသားကျသွားပါပြီ။ တကယ်တော့ မမူး ဟာ ညဏ်ထက်တယ်။ လပတ်တိုင်းမှာ
လည်း အဆင့် တစ် နှစ် သုံး တစ်ခုခုပဲ။
ပန်းကလေးရဲ့ ရုပ်အခြေနေကို စပြီး ကုသပေးလိုက်တယ်။ပွေး ဝဲ ယားနာလိမ်းဆေး တောင့် ၊ ရုံးက ခွဲတမ်းရတဲ့ ကာဘော်လစ် ဆပ်ပြာနဲ့ ရွှေဝါတောင့်။ မြို့က တူမလေးတွေ
ဆီက သူတို့နဲ့ မလိုက်တော့တဲ့ ကျောင်းဝတ်စုံ နှစ်စုံ။ ဝတ္ထုစာမူက ရလာလို့ ပန်းကလေးအတွက် ရည်စူးဝယ်လာတဲ့ တက်ထရွန်အဖြူတစ်ဝက်စာ
နဲ့ ကျောင်းစိမ်း ထမီတစ်ထည်။ ပန်းကလေးရဲ့ အနာတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ သုတ်သင် ဆေးထည့်ပေးတယ်။ ပန်းကလေးနဲ့
နှလုံးသားချင်း တစ်ထပ်တည်းကျသွားပြီလေ။
ဆရာ့ကို အားတုံ့အားနာ ဖြစ်နေတဲ့သူ့ကို " ဆရာ
တို့ မြန်မာစကားပုံရှိတယ်။ သဒ္ဒါလို့ ကျွေးရင် သေဆေးတောင် စားရသတဲ့။ ဆရာက ငါ့တပည့် ကို ချစ်လို့ ၊ ခင်လို့၊ သဒ္ဒါလို့ ပေးတာပဲ။ သေဆေး စားစရာ မလိုပါဘူး။ ပညာတတ်ကြီး ဖြစ်အောင် ကြိုးစား ၊တတ်တဲ့ ပညာနဲ့ လူတွေကို ပြန် အကျိုး
ပြု ။ အခုလောလောဆယ် အတန်းထဲမှာ ပထမစွဲ အောင် ကြိုးစား ။ ဒါဆို ဆရာ့ကျေးဇူး ဆပ်ရာ ရောက်တာပဲ "
ပန်းကလေး ခေါင်းညိတ်ပြီး မိမိကို ထိခြင်းငါးပါးနဲ့ ကန်တော့ရှာတော့ ရင်မှာ အမည် မသိ ပီတိလှိုင်းက တငြိမ့်ငြိမ့်၊တသိမ့်သိမ့်။ နောက်ပိုင်းမှာ မမူးဟာ ပုံစံပြောင်းလာတယ်။ အနာပျောက်ပြီး ရှည်လာတဲ့ ဆံပင်ကို သပ်ရပ်
စွာ ညှပ်ထားတယ်။ အဖြူ အစိမ်း ဝတ်စုံ သပ်ရပ်တွေနဲ့ ပန်းကလေးရဲ့ မျက်နှာဟာ ကြည့်
လို့ ပိုကောင်းလာသည်။ အတန်းထဲမှာ စာကို
သာ တကုပ်ကုပ်နဲ့ ကြည့် မှတ် ကျက် တွက်ချက်
နေတဲ့ အချိန် များတယ်။
ဆရာ့ကျေးဇူးကို တုန့်ပြန်တဲ့ အနေနဲ့ ရာသီ
စာ အသီးအနှံလေးတွေ အခါသင့်တိုင်း ပေးလာ
တယ်။ ဆရာ့စာပွဲပေါ်မှာ ပန်းအိုးကလေးကို တစ်
နေ့တစ်မျိုး မရိုးရအောင် စိတ်ကြည်နူးဖွယ်ရာ ရောင်စုံ ပန်းကလေးတွေနဲ့ ပြင်တတ်စမြဲ။
ဒါပေမယ့် မမူးဆိုတဲ့ နာမည်လေး အပေါ်မှာ အတန်းသူ အတန်းသားတွေက စကြ
နောက်ကြ ပြောင်ကြတာကို သတိထားမိလာ တယ်။ ပန်းကလေးရဲ့ ရာဇဝင်ကို မိမိ လိုက်စုံစမ်း
မိတယ်။
" တစ်ခွက်သောက်တော့ မူး။ နှစ်ခွက်
သောက်တော့ ထူး၊ သုံးခွက်သောက်တော့ မြူး"
ဆိုပြီး စလား စကြရဲ့။ မမူး အတန်းထဲ ဝင်လာရင်
" မူးလာပြီ၊ မူးလာပြီ" ဆိုတဲ့ မူးတဲ့ ပုံစံ လုပ်ပြလို လုပ်ပြ။
ပန်းကလေးဟာ ဒီအစ အနောက် အပြောင်ကြားမှာ အမြဲတမ်း စိတ်ညိုးနွမ်းနေရရှာ
တယ်လေ ။
ကျောင်း ဘုံကထိန်တုန်းက စက်ဆရာ ကိုစောအောင်က " မောင်မူး " ပြဇာတ် ဖွင့်တော့
ပိုရှုပ်ကုန်တာပေါ့။ မမူး ဆိုတဲ့ နာမည်ဟာ သူမွေး
လာစဉ်က သူ့အဖေ မူးနေလို့ ပေးလိုက်တဲ့ နာမည်ကိုး ။ ဆရာဆိုတာ စာသင်ကြားရုံ သက်
သက်နဲ့ ဆရာအစစ် မဟုက်သေးဘူးလေ။ လူသား ဥယျာဉ်မှူး မဟုက်လား။
မမူး ဆိုတဲ့ ပန်းကလေး " ဖူး " မလာမှာ
ကို စိုးတယ်။ " ဝေ" မလာမှာကို ကြောက်တယ်။
ဆရာ ဆိုတာ ပန်းတိုင်းကို ပွင့်စေချင်သူလေ။ နောက်ဆုံး ခေါင်းထဲပေါ်လာတဲ့ အကြံကို ဆရာ
ကြီးနဲ့ တိုင်ပင်လိုက်တယ်။ ဆရာကြီးကလည်း ချက်ဆို နားခွက်က မီးတောက်ပြီးသားပါ။
" ကောင်းပါတယ် ဆရာ။ စာရေးကြီး
ရေ စတုတ္ထတန်းက မမူး နာမည်ကိစ္စ တရားဝင်
ဖြစ်အောင် လုပ်ပေးလိုက်ပါ"
အတန်းထဲဝင်တော့ ကြိုတင်စီစဉ်ထား
တဲ့အတိုင်း ပန်းကလေး သုံးဆယ့်ရှစ်ပွင့်ကို လဖက်ရည်နဲ့ မုန့်ကျွေး လိုက်တယ်။
" ကဲ ... စားပြီး သောက်ပြီးကြပြီလား။
ဆရာ့နာမည် ချမ်းသာလေ။ ဆရာ စာပေပြိုင်ပွဲ
တစ်ခုမှာ ဆုရလို့ ငါးထောင် ထုတ်လာတယ်။
ဒါသည် သက်သက်ကျွေးတာမဟုက်ဘူး။
နာမည် ကင်ပွန်းတပ်ပြောင်းပွဲပါ လုပ်ထားတယ်။
ဒါကတော့ မမူးကို 'ဖူးဝေ' နာမည်သစ် ပြောင်းတဲ့
ပွဲ။ တပည့်တို့ စားသောက်ပြီးကြပြီနော်။ ဒီနေ့က စပြီး ဆရာတို့ အတန်းမှာ မမူးဆိုတာ မရှိဘူး။ ဖူးဝေ ဆိုတာပဲ ရှိတယ်။ ကျောင်းမှတ်ပုံတင် စာရင်းရော တရားဝင် ပြောင်းထားတာ "
အတန်းထဲက ပန်းကလေး အားလုံး ဆရာ့ရဲ့ လျှပ်တစ်ပြက် လုပ်ရပ် အပေါ်မှာ စိတ်ဝင်စားသွားပုံ ရတယ်။ တစ်တန်းလုံး ငြိမ်လို့
အပ်ကျသံတောင် ကြားနိုင်တယ်။
" ကဲ ... စားသောက်ပြီးလို့ ဖူးဝေလို့ မခေါ်
ပဲ မမူးလို့ ခေါ်ရင် ဒဏ်ကြေး ငါးကျပ် ပေးရမယ်
သိန်းဇံနဲ့ ခင်ဆွေလာ ။ ဆရာ့ဆီက ဗလာစာအုပ် တစ်အုပ်စီယူ။ မနက်ဖြန်က စမယ်။ မမူးလို့ ခေါ်တဲ့သူကို မှတ်ထား ။ဒဏ်ကြေး ငါးကျပ် ရအောင်တောင်း ။ ဒဏ်ကြေးကို ဆရာ့စာပွဲပေါ်
က စုဘူးထဲထည့်။ဖူးဝေက ဒီစုဗူးကို ကျောင်း ဆင်းသိမ်း။ ကျောင်းတက် ယူလာပြီး ဆရာ့ စာပွဲ
ပေါ် တင်ထား "
ဒဏ်ကြေးမှတ်မယ့် စာအုပ်ပေါ်မှာ
တော့ ' ဖူးဝေ ရဲ့ ဘက်စုံ ဖွံ့ဖြိုးရေး ရန်ပုံငွေ'
ဆော့ပင် မင်နီနဲ့ ခပ်ကြီးကြီး ရေးပေးလိုက်တယ်။
ကြည့်စမ်း နောက်ဆုံး ခုံနားဆီက "ဖူးဝေ" "ဖူးဝေ" "ဖူးဝေ" လို့ နှုက်ခမ်း နှစ်လွှာကို
အသံတိတ် ဖွင့်ချီ ပိတ်ချီလုပ်နေတဲ့ ပန်းကလေး
ပျော်နေရှာတယ်။
ဖူးဝေရဲ့ ဘက်စုံဖွံ့ဖြိုးရေး ရန်ပုံငွေကို စတင်စျေးဦးဖောက်လိုက်တာက ဒါရိုက်တာ
မိမိကိုယ်တိုင်ပါပဲ။
" ဟေး ... မမူး မမြင်ပါလား" ဆိုတာနဲ့ တပည့်မလေး ခင်ခင်ဆွေက ဒဏ်ကြေးရက်စွဲ
ရေးမှတ်တောင်းတော့ တာပဲ။ လူကြီးရှက်တော့ ရယ် ဆိုတာလို ရယ်ရင်းနဲ့ပဲ စုဘူးထဲမှာ ဒဏ်ကြေး ငါးကျပ် ထည့်လိုက်ပါတယ်။ ဖူးဝေရဲ့ နာမည်သစ်ပြောင်းပွဲ ပထမနေ့ဟာ " မပြောဘူး"
" ပြောတယ်" " မမူးလို့ ခေါ်တာ ဘယ်သူ သက်သေရှိတယ်" " ဘယ်နေရာမှာ ခေါ်တာနဲ့" ဆူညံငြင်းခုံနေပေမယ့် ဒီ ဆူညံသံတွေဟာ နား ထဲမှာတော့ သာယာနာပျော်ဖွယ် အတိပေါ့။ ဆူညံသံဟာ သာယာသံ ဖြစ်သွားစေတော့တယ်
အပျော်ကလေးတွေ မဆုံးခင်မှာပဲ "ဆ ...ဆ ...ဆရာ ...မ ....မ ...မမူးရှိလား" ဆိုတဲ့ အသံကြောင့် ငြိမ်သက်သွားတယ်။
လူက အရက်နံ့ တထောင်းထောင်းနဲ့ မိုးလင်းကတည်းက သောက်ထားဟန်တူရဲ့။ အဝတ်က စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ အထဲ ဝတ်စားပုံက မသေသပ်။ ကြယ်စေ့ အလွဲလွဲ အချော်ချော်။ ပုဆိုးက မနိုင့်တနိုင်။ ဖောသွပ်
ထူအမ်း နီမြန်းနေတဲ့ မျက်နှာ။ အရက်ဖျဉ်းစွဲ
နေတဲ့ ဗိုက်ကလွဲရင် ကျန်တဲ့ နေရာမှာ အဆီ အသား ရှားပါပေ့။ပြောချင်တဲ့ စကားကိုလည်း အာလေး လျှာလေး အာလိပ် လျှာလိပ်နဲ့ သုံးခေါက် ပြန်မှ နားရည် လည်တော့တယ်။
" ဆ... ဆ .... ဆရာ ...ကျွန် ...ကျွန်
ကျွန်တော် ....က ....မမူး ...မူး .... အဖေပါ"
အတန်းထဲက ပန်းကလေးအများစုရဲ့
မျက်လုံးအစုံဟာ မမူး အဖေဆိုသူ ဆီသို့။ တစ်ယောက်သော ပန်းကလေးက လွဲလို့ပေါ့။
" ဦးကို ပြောချင်ပါတယ်။ မမူးဆိုတာ မရှိတော့ ပါဘူး။ မမူးကို ဖူးဝေ လို့ ကျောင်းမှာ
တရားဝင် နာမည်ပြောင်းထားပါတယ်။ ဒါကြောင့်
ဖူးဝေ လို့ပဲခေါ်ပါလို့ မေတ္တာရပ်ခံပါရစေ "
" ဟုက် ... ဟုက် ....ဟုက်ကဲ့။ ကျွန် ...ကျွန် ...ကျွန်တော်က ... မမူး ....အဲ ....ဖူးဝေ
ရဲ့ အဖေပါ။ သူ ....သူ ....အ....အမေ ....နေ....နေမကောင်းလို့ .... ခွင့် ...ခွင့် ....တောင်း ....တောင်း "
အခြေနေကို ရိပ်စားမိလိုက်တယ် ။ ဖူးဝေရဲ့ ခုံပေါ်မှာ ခေါင်းငုံ့ထားတဲ့ ဖူးဝေရဲ့ မျက်
ဝန်း မှုန်သုန်ကာ မျက်ရည် ဖြိုင်ဖြိုင်ကျနေပြီပဲ။
ဖူးဝေကို သူ့အဖေနဲ့ ခွင့်ပေးပြီး အတန်းထဲက ပန်းကလေးတွေရဲ့ မျက်စိအောက်ကနေ အမြန်
နှင်ထုတ်လိုက်ပါတယ်။ စိတ်အနှောက်ယှက်ကြုံ
ရတာကြောင့် ဒီနေ့ စာသင်မဖြောင့်နိုင်တော့ဘူး။
ညနေ ကျောင်းဆင်းတော့ ပန်းကလေးရဲ့ အိမ်ကို ပထမဆုံးအကြိမ် အလည်ရောက်သွားမိ
တယ်။ အိမ်က လူ့တစ်ရပ်လွတ် သုံးပင် အိမ်ကလေးပါ ။
" ဟယ် ....ဆရာ လာတယ်။ ဖူးဝေ ဆရာ့
ကို အိမ်အလည် မခေါ်ချင်လို့ မဟုက်ပါဘူး။ ဆရာ့ကို အားနာလို့ပါ။ ဆရာ နေပါဦးနော် ။ ဖူးဝေ ထမင်းအိုး ငှဲ့လိုက်ဦးမယ် ..."
အိမ်ရဲ့ အောက် ကုတင်ပေါ်မှာတော့ အရက်တစ်လုံးနဲ့ ခေါင်းထောင်နိူင်ပုံ မရတော့တဲ့
ဖူးဝေ အဖေကို တွေ့လိုက်ရတယ်။
" ဟဲ့ ..... မ ....မ ....မူး ....အဲ
ဖူး ....ဖူး..... ဖူးဝေ ....သ....သ .
..သမီး ...ဆ...ဆ...ဆရာ့ကို ...ဒီ ...ဒီ ...ဒီခေါ်လိုက်က်ပါ"
" ကဲ ...ဆရာ ဖူးဝေ အဖေနဲ့ စကားပြော
လိုက်ဦးမယ်။ ဖူးဝေ အမေကော သက်သာသွား
ပြီလား။ ဆရာ့ကို အားနာမနေနဲ့။ လုပ်စရာရှိတာ
လုပ်" ဆိုပြီး နှင်လိုက်တယ်။
ဖူးဝေ ထွက်သွားတော့မှ ဖူးဝေ အဖေက မိမိကို " ဆရာ ၊ ဒါလုပ်တတ်လား" ဆိုပြီးလက်မ
နဲ့ ပါးစပ်ကို တေ့ပြီး အရက်သမား သင်္ကေတ လုပ်ပြတာကို မိမိ ခေါင်းခါလိုက်တယ်။ တကယ်
ဆို မိမိလည်း ပုထုဇဉ်မို့ မကင်းတတ်ပါ။
ဒါပေမယ့် ကိုယ်က ဆရာလေ ။ " အတုမြင် အတတ်သင်" တတ်တဲ့ ပန်းကလေး
တွေရဲ့ ရှေ့မှာ ကိုယ့်ရဲ့ အပြုမူ အကျင့်ကြံ အနေထိုင် အားလုံးဟာ စံပြ ဖြစ်နေရမယ်လေ။
ဒါကြောင့်လည်း "အနန္တော အနန္တငါးပါး" ထဲ ထည့်
ထားတာပေါ့။
" ဆ ....ဆ ....ဆရာ့ကို ...သ ...သ ...သမီးက ...သိပ်ချစ် ...ချစ်တာ ...အိမ် ....ရောက် ...ရောက်ရင် ...ဆ ...ဆရာ့အကြောင်း ...ပြော ...ပြော ...နေတာ
....ကျေး ....ကျေးဇူးပါ ...ဆ ...ဆရာ..."
စကားများများ ပြောလိုက်တော့မှ ပန်းက
လေးရဲ့ မိသားစု ဘဝအခြေနေတွေကို နားလည်လာရတယ်။ တစ်ဦးတည်းသော သမီး ပန်းကလေးကို ပန်းကလေး အဖေဟာ သိပ်ချစ်
ရှာပါတယ်။ ပညာတတ်ကြီး ဖြစ်အောင် မြေတောင်မြှေက်ပေးလိုတဲ့ ဆန္ဒတွေကလည်း ရင်မှာ အပြည့်။ ဘဝရဲ့ လှည့်ကွက် ကံကြမ္မာရဲ့
မျက်လှည့်ကြောင့် အခုလို အရက်သမားကြီး ဖြစ်သွားရတဲ့ ပန်းကလေးရဲ့ အဖေအပေါ်မှာ နားလည်ခံစားတတ်လာတယ်။ အကြောင်းစုံ မသိခင်ကတော့ အထင်သေးခဲ့မိတယ်။ အရင်
က ကားပိုင် ဒရိုင်ဘာ ဘဝနဲ့ ပန်းကလေး ငယ်
ငယ်က ရွှေထီးဆောင်းခဲ့ဖူးတာပေါ့။ နောက် ကားတိုက်မှု ဖြစ်ခဲ့တယ် ။ လူသေသွားတော့ အမှုဖြစ် ၊ ငွေကုန် ၊ ထောင်ပါ ကျပြီး စီးပွားပျက်
သွားခဲ့တယ်။ သူ မိုးကောင်းစဉ် တရုန်းရုန်းနဲ့ နေခဲ့ ရှိခဲ့သူတွေဟာ နောက်ပိုင်းမှာ သူ့ကိုမြင်
ရင် တဝုန်းဝုန်းနဲ့ ထပြေးတော့တာပဲ။ လူတွေကို အမြင်မကြည် စိတ်နာပြီး အရွဲ့တိုက်ရာကနေ အရက်သမားဖြစ်သွားတော့တာပဲ ။
" လောကကြီးကို အရွဲ့တိုက်လိုက်တာ လောကကြီးက ဘာမှဖြစ်မသွားဘူး။ ပန်းကလေ
အဖေသာ အရက်အိုးကြီး ဖြစ်သွားတယ်။ ပန်းကလေးရဲ့ တစ်ရပ်လွတ်အိမ်ရဲ့ အောက် အရှေ့ထောင့်မှာရှိတဲ့ စာကြည့်ခန်းဟာ ပန်းကလေး အဖေရဲ့ ချစ်ခြင်း သင်္ကေတတွေပေါ့
ထန်းလက်ပတ်၊ ကြသောင်းဝါး၊လက်ပံဇလီပျဉ်
တို့နဲ့သပ်ရပ်စွာ ဖွဲ့ထားတဲ့ စာကြည့်ခန်းလေး
စာကြည့်စာပွဲ၊ ကုလားထိုင်ကလေးနဲ့စာအုပ်စင်
လေးတို့က သပ်ရပ်ပါပေ့။ ဘက်ထရီ 9V 11P
အိုးနဲ့ အတူ တစ်ပေ ဖန်ချောင်းလေး ဆင်ပေး
ထားတယ်။ ဒါဟာ သားသမီးရဲ့ ပညာရေး အ
ပေါ်မှာ သိပ်တန်ဖိုး ထားတတ်တဲ့ မိဘတစ်ယော
ရဲ့ ချစ်ခြင်းမေတ္တာ သင်္ကေတ ပြယုဂ်ပေါ့။
" အဲ ....အဲ ...ဒါတွေ ...မ ...မမူး...ယောင်
လို့ ...ဖူး ...ဖူးဝေ ... အတွက် ...ကျွန်တော် လုပ်ပေးထားတာပါ ။ ထန်းပက်လက် ကုလားထိုင် တစ်လုံး ...ဆ ...ဆရာ့ ...အတွက် လုပ်...လုပ်ပေးရဦးမယ် ။
တကယ်ဆို ပန်းကလေးအဖေဟာ
မိမိထင်ထားသလို အချိန်ရှိသရွေ့ မူးပြီး မိသားစု
အပေါ် တာဝန်ကင်းမဲ့သူလို့ ထင်ထားခဲ့တာ မှား
သွားပြီ။ ပန်းကလေး အမေက ပန်းနာ ရင်ကျပ်
သမားမို့ သိပ်မလုပ်နိုင်တော့။ ပန်းကလေး အဖေ
ဟာ ထန်းကုလားထိုင်၊စာကြည့်စာပွဲနဲ့ ကြုံရင် ကြုံသလို လက်သမား ပန်းရံလိုက်တယ်။
ပန်းကလေးတိုရဲ့ ကျယ်ဝန်းတဲ့ မြေကွက်လပ်မှာ စားပင် သီးပင်အစုံစိုက်လို့။ ကြက်မွေးတယ်၊ ဝက်မွေးတယ်။ မူးပေမယ့် မိသားစု တာဝန်မပျက်
တဲ့ သမီးကို သိပ်ချစ်တဲ့ အဖေတစ်ယောက် အဖြစ် စိတ်ထဲက ကြိတ်အမှတ်ပေးလိုက်ပါတယ်။
ဖူးဝေရဲ့ စာကြည့်စာပွဲနံရံမှာ ကပ်ထား
တဲ့ စာတန်းကလေးက ပိုကြည်နူးစရာ။
" ဖူးဝေ ၊ နင် ဆရာကို တကယ်ချစ်
တယ် ၊ လေးစားတယ်ဆိုရင် ပထမ ရအောင် လုပ်ပါ။ ပညာတတ်ကြီး ဖြစ်အောင်လုပ်ပါ" ဆိုတဲ့
စာတန်းလေးတွေဟာ တကယ့်ကို ပီတိတွေ စား
လိုက်ရသလို အားရှိပါဘိ ။
ပန်းကလေးတွေနဲ့ အသားကျခါမှ သွားရမယ့် ကိစ္စ တစ်ခု ပေါ်လာတယ်။ တစ်လ
ခွဲနီးပါးကြာတဲ့ သင်တန်းတစ်ခုပေါ့ ။ ဆရာမ 
ဒေါ်ခင်ဆွေကို အတန်းလွှဲပြီး ထွက်သာ လာရ
တယ်။ ပန်းကလေးတွေကို စိတ်မချနိူင်ဘူး။
သင်တန်းက မပင်ပန်းပေမယ့် ပန်း
ကလေးတွေကို လွမ်းတဲ့စိတ်က ပင်ပန်းလှတယ်။
အထူးသဖြင့် 'ဖူးဝေ' ဆိုတဲ့ ပန်းလေးတစ်ပွင့်ပေါ့
ဒီပန်းကလေးက ပိုအားငယ်တတ်တယ်လေ။
သင်တန်းက အပြန် မန္တလေး ရောက်
တော့ ပန်းကလေးအားလုံးအတွက် လမုန့်၊ ချိုချဉ်၊ မက်မုံသီး ဝယ်လိုက်တယ်။
တစ်ပွင့် ၊ နှစ်ပွင့် ၊ သုံးပွင့်၊ အားလုံး သုံးဆယ့်ရှစ်ပွင့်ပေါ့။
ဆရာ ပြန်လာပြီ ပန်းကလေးတို့ရေ။
ကျောင်းရောက်တော့ ဆရာကြီးက အစ ဆရာမ
တွေ အားလုံး မျက်နှာက မသာယာ။ အတန်းထဲ
ဝင်လိုက်စဉ် " မင်္ဂလာပါ ဆရာ၊ ပ ဉ္စဂုဏံ အဟံဝန္ဒာမိ၊ အာစရိယ ဂုဏံ အဟံဝန္ဒာမိ" ဆိုတဲ့
နှုက်ဆက်သံဟာ ငိုသံ ရောစွတ်နေတယ်။
" မင်္ဂလာပါ။ ကျေးဇူးတင်ပါတယ်။
ထိုင်ပါ" ဆိုပြီး အတန်းထဲ မျက်စိ ကစားလိုက်
တော့ ပန်းကလေး တစ်ပွင့် လျော့နေပါလား။
" ဆရာ ဒီနေ့ရောက်မယ်ဆိုတာ သိလို့
ဆရာ့ကို ကျွန်မတို့ စောင့်နေတာ။ ဖူး ...ဖူးဝေရဲ့ ကိစ္စကို တစ်ကျောင်းလုံး သွားကြမယ် ဆရာ"
ဆရာမ ဒေါ်ခင်ဆွေက ငိုသံနဲ့ပြောတော့ အတန်းထဲက ပန်းကလေးတွေဟာ တစ်တန်းလုံး
ငိုချကြတယ်။ မိမိ ဘာမှ နားမလည်နိုင်တော့ပါ။
ပန်းကလေး အိမ်ရောက်တော့ ဆရာ့
ကို ထမကြိုဆိုနိုင်ရှာတော့ဘူး။ ဖူးဝေဟာ အိပ်
ပျော်နေတဲ့ အတိုင်းပါပဲ။ မိမိ ဝယ်ပေးခဲ့တဲ့ အဖြူ
အစိမ်း ကျောင်းဝတ်စုံလေးနဲ့ ပါးကွက်ကလေး ကွက်လို့။ ခေါင်းမှာ စံပယ်ပန်းကုံးလေး။
ပန်းကလေးရယ်၊ ဖူးဝေရယ်၊ သမီးရယ်။ တင်းထားတဲ့စိတ်ဟာ ပန်းကလေး
ကို မြင်လိုက်တော့ နှလုံးသား အရည်ပျော်ကျ
သွားတယ်။ နှလုံးသား မျက်ရည်စက် ပါးထက်မှာ
ပေါ့။ 
" ဖူးဝေ သေရတာ ကျွန်မ အပြစ်ပါ ဆရာ။
ကျွန်မ တစ်သက်လုံး နောင်တ ရနေမှာပါ "
" မဟုက်ပါဘူး ဆရာမ။ အဓိက တရားခံက
ကျွန်တော်ပါ။ ဆရာမနဲ့ မဆိုင်ပါဘူး။ ဒီကောင် အရက်သမားကြီး မကောင်းတာ"
ဆရာမနဲ့ ဖူးဝေ အဖေ အချီအချ အပြန် အလှန် ပြောဆိုနေကြတာကို မိမိ နားမလည် နိုင်
တော့ပါ။
အဲ .... နားလည်နိုင်တာ တစ်ခုကတော့ ပန်းကလေးနဲ့မိမိ ဒီဘဝမှာ ထာဝရ နှုက်ဆက်
ထွက်ခွာသွားပြီ ဆိုတာပဲ ဖြစ်တယ်လေ။
ပန်းကလေးအတွက် ယူလာတဲ့ လက်ဆောင် မုန့်ထုပ်ကလေးကို လွယ်အိပ်ထဲက
ထုတ်ပြီး ရင်ဘတ်ပေါ် တင်ပေးလိုက်တယ်။ ပန်းကလေးရဲ့ လက်ကလေးကို မုန့်ထုက်ကလေ
ပေးတင်ပေးပြီး နဖူးလေးကို နှုက်ဆက် အနမ်း
ခြွေလိုက်တယ်။ ပန်းကလေး ပါးထက် ဆင်းသက်သွားတဲ့ ဆရာ့မျက်ရည်စက်တွေ အတွက် ဆရာ့ကို ခွင့်လွှတ်ပါ။
အားလုံး အားလုံးဟာ ငိုချင်ရက် လက်တို့
ဖြစ်သွားကြရှာတယ်။
" သူငယ်ချင်း ဖူးဝေ၊ ငါ့တို့ကို မုန်းသွား
ပြီလား။ မမူးလို့ မခေါ်တော့ပါဘူး ဟ ။ နင်က
အတန်းထဲမှာ ပထမ ရလို့ မာန ကြီးသွားတာလာ
သူငယ်ချင်းရေ "
အတန်းထဲက အဖော်တွေ ငိုနေကြပြီ ကလေး
ရေ ။
" ဖူးဝေ ဆရာမကို ခွင့်လွှတ်ပါကွယ်။ ဆရာမ
မသိလို့ ပြောမိတာပါ။ ငါ့တပည့်မလေးရယ်"
ပန်းကလေး ကြားနိုင်မည်လား မသိ။
" ဖူးဝေ သမီး အဖေ့ကို ခွင့်လွှတ်ပါ သမီးလေး
ရယ်"
ပန်းကလေး အဖေလည်း အလွမ်းက
လေးဖွဲ့နေခဲ့ပါပေါ့။
" ဖူးဝေ သမီးလေး သမီး သိပ်ချစ်တယ်ဆိုတဲ့ ဆရာလေး လာပြီလေ။ ထနှုက်ဆက်ပါဦး သမီး
ရယ်။ ဒီတစ်ခါ ဆရာ သင်တန်းက ပြန်လာရင်
ဆရာ့ကို ကြက်သားဟင်းနဲ့ ထမင်းချက်ကြွေးရ
အောင် အမေရယ် ဆို ။ ခု သမီး ဆရာ ပြန်လာ
နေပြီ သမီးရဲ့။ သမီးအတွက် မုန့်ပါလာတာ ဆရာစိတ်ကောင်း အောင် စားလိုက်ပါလား သမီးရယ်"
အားလုံး အားလုံးဟာ ဖူးဝေဆိုတဲ့ ပန်းကလေ
အတွက် ကမ႓ာပျက်နေကြပြီလေ ။
ေဩာ် ... ပန်းကလေးရယ် အိပ်ပျော်နေတဲ့ အတိုင်းပါလား ။ ဆရာ နုက်ဆက်ပါတယ်ကွယ်။
ဖူးဝေ ဆိုတဲ့ ပန်းကလေးကတော့ ပြုံးယောင်သန်းတဲ့ မျက်လုံးလေးနဲ့ပေါ့ ။
ဒါပေမယ့် မျက်လွှကာတော့ လုံးဝ ဥသုံ စုံမှိတ်
လျှက်။
ပန်းကလေးရဲ့ ရက်လည်နေ့မှာတော့ .
" ဖူးဝေ ကိစ္စက ဒီလိုပါ ဆရာ။ ကျွန်မ ဆရာ့ဆီ
က အတန်းလွှဲယူတော့ အတန်းထဲက ပစ္စည်းတွေ
ကို အလှည့်ကျ စနစ်နဲ့ တပည့်တွေကို သိမ်းခိုင်း
တယ် ၊ ဆရာသွားပြီး မကြာခင်မှာပဲ ဖူးဝေက ရေအိုးဖုံးနဲ့ ရေခွက်သိမ်းဖို့ ကျတယ်။ အဲဒါ နောက်တစ်နေ့ ကျောင်းကို ရောက်တော့ ကျောင်းသူ ကျောင်းသားတွေက " ဆရာမ ရေခွက်က အရက်စော် နံလို့ " တဲ့ ၊ကျွန်မ
လာပြောတယ် ဆရာ"
ဆရာမ ဒေါ်ခက်ဆွေက စကားကို မဆက်
နိုင်သေးဘဲ ကျလာတဲ့ မျက်ရည်စကို လက်ကိုင်
ပုဝါနဲ့ အသာတို့ပြီးမှ စကားဆက်နိုင်ရှာတယ်။
" ဟုက်တယ် ဆရာ ကျွန်မ ကိုယ်တိုင် နမ်းကြည့်
တော့ ခေါင်းမူးသွားလောက်အောင် အရက်စော် နံနေတယ်။ ဒါကြောင့်လည်း ဘယ်သူသိမ်းတာ
လဲ မေးပြီး ဖူးဝေကို စိတ်တိုတိုနဲ့ ဖူးဝေကို ဒီကျောင်း သောက်ရေခွက်နဲ့ အရက်ထည့် သောက်ရသလား ။ နင့်ကို ဖူးဝေ ကနေ မမူးလို့ပဲ
နာမည် ပြန်ပြောင်းပစ်လိုက်ချင်တယ် ဆိုပြီး ဆူပြောမိတယ်။ သုံးချက်လောက်လည်း ရိုက်
လိုက်မတယ် ဆရာ။ လက်ဖဝါးကိုပါ ။ သိပ်တော့
မနာပါဘူး။ နောင် မှတ်အောင်လို့ပါ"
ေဩာ် ... လက်ဖဝါးက အနာဟာ နှလုံးသားထဲ ၊ စိတ်ထဲမှာ သိပ်နာသွားရှာတာပါ
လား ပန်းကလေးရယ်။
" အဖြစ်က ဒီလိုပါ။ အဓိက တရားခံက ကျွန်တော်လေ။ အဲဒီနေ့က ဖူးဝေ ကျောင်းမသွား
ခင် ဧည့်သည် သုံး လေးယောက် ရောက်နေတာနဲ့ အဲဒီ ရေခွက်ကို အရက် ထည့်
သောက်မိတယ်။ ဖူးဝေ ကတော့ ဘာမှ မသိရှာ
ပါဘူး "
" အဲ ...အဲဒီနေ့ ကျောင်းက ပြန်ရောက်လာတော့ မျက်နှာ ညိုးမှိုင်းပြီး မျက်ရည် ကျနေတယ်။ ဘာဖြစ်တာလဲ မေးတော့
မေးမရဘူး ။ လူကလည်း မူးနေတော့ အကြောင်း
မရှိဘဲ မငိုရဘူး၊ ဟောဒီလို ရိုက်မှ ငိုရတယ် ဟ ဆိုပြီး နားရင်းကို တစ်ချက် ရိုက်မိတယ်။ ကျောင်းမှာ အတန်းထဲ ရှက်စိတ် ၊ သိမ်ငယ်စိတ်
အဖေ့အပေါ် နာကြည်းစိတ်တွေ ဝင်သွားသလား
မသိပါဘူး ဆရာရယ်။ အဲဒီနောက်ပိုင်း အစားနည်း ၊ အအိပ်နည်း၊ တရှောင်ရှောင် ဖြစ်
ရင်းကနေ အိပ်ယာထဲ လဲတော့တာပဲ။ နောက် ဖူးဝေမှာ မွေးရာပါ နှလုံးရောဂါရှိတယ်ဆိုတာ ကျွန်တော် မေ့သွားတယ် ဆရာ "
ဖူးဝေ့ အဖေ့ စကားကို နားထောင်ရင်း ဖူးဝေကို ပိုနားလည်လာသည်။
" နောက် သူဆုံးမယ့်နေ့ ရောက်တော့ ဆရာပြန်လာရင် ဒီစာအိတ်နဲ့ ရေခွက်ကလေးကို
ဆရာ့လက်ထဲ ထည့်ပေးပါလို့ ပြောရှာတယ်။ သူ့ကိုသူ သိနေမှာပေါ့ ဆရာ။ ငါ့ သမီးလေး နေကောင်းသွားမှာပါ မပြောကောင်းတာတွေ မပြောရဘူး ဆိုပြီး အားပေးမိတယ်။ ဆေးတိုက်
တော့ လက်မခံတော့ဘူး။ အစာရော ဆေးရော အန်ပစ်တယ်။ သူဆုံးခါနီး သမီးကို ချစ်ရင် အရက်မသောက်နဲ့နော် အဖေတဲ့ "
ဖူးဝေ အဖေဟာ ပြောရင်း ယောကျ်ားတန်မဲ့ ချုံးပွဲချ ငိုပစ်လိုက်တယ်။ နောက်မှ ငိုသံနှင့်အတူ " ဖူးဝေ ...သမီးလေးရေ ၊ သမီး အဖေ လူမိုက်ကြီ
လိမ္မာနေပါပြီ။ အဖေလေ ... သမီးအတွက် ရည်စူးပြီး အရက်မသောက်တော့ပါဘူး။ အဲဒါ
သမီးကို ချစ်လို့ပေါ့ ။ တမလွန်က နေပြီး သမီး အဖေ လိမ္မာနေတာကို ကြည့်ရင်း အဖေ့ကို ခွင့်
လွှတ်ပါ သမီးရယ်"
ဖူးဝေ ရဲ့ အကြောင်းစုံ သိလိုက်ရတာနဲ့ " ဘကြီးအောင် ညာတယ် " ထဲက မောင်ချစ်ကလေးကို ပြေးမြင်လိုက်တယ်။
အစွဲအလန်းကြီးပြီး ကြိတ်ခံသွားရှာတဲ့
ပန်းကလေးရယ် ဆရာသာရှိခဲ့ရင် ဒါတွေ ဖြစ်လာ
မယ် မထင်ဘူး။ ဆရာက ပန်းကလေးကို နားလည်တယ်လေ။ စာအိတ်ကို ဖောက်ပြီး နှလုံးသားနဲ့ ဖတ်နေမိတယ်။
ဆရာ ....
ဖူးဝေ ဆရာ့ကို နှုက်ဆက်ခဲ့ပါ
တယ်။ ကြိုပြီးတော့လည်း ကန်တော့ခဲ့ပါတယ်
ဆရာ လုပ်ပေးခဲ့တဲ့ ဖူးဝေရဲ့ ဘက်စုံ ဖွံ့ဖြိုးရေး
ရန်ပုံငွေထဲကနေ အတန်းအတွက် ရေခွက်က
လေး ဝယ်ထားတာ ဆရာက တစ်ဆင့် ဆရာမ
ကို ပေးလိုက်ပါ။
ဆရာ့ရဲ့
အချစ်ဆုံး တပည့်လေး
ဖူးဝေ .....
ဖူးဝေရဲ့ လက်ရေးနဲ့ စာရွက်လေးပေါ်မှာ
ဆရာ့ရဲ့ နှလုံးသွေး ဆူပွက်မှုကြောင့် ဖြစ်လာတဲ့ 
ငွေ့ရည်လေးတွေ အရည်ပြောင်းသွားတယ်။
အဖြူရောင် ဖိုင်ဘာ သောက်ရေခွက်
ကလေး။
ဖူးဝေရဲ့ အလွမ်းနှုက်ဆက်စာ တစ်စာင်။
ေဩာ် ...လောင်းရိပ်လွတ်ကာမှ
နှောင်းအတိတ်က ဝဋ်ကြွေးများ ပါခဲ့ရှာသလား
ပန်းကလေးရယ်။ ~~~~~~~~~
မူရင်းရေးသားသူ ဆရာ ကိုလှိုင်ကြည်ဝင်းအား
Credit ပေးပါသည်။
အားလုံးကို လေးစားလျှက်


Loading...