ကိုယ့္မွာရွိတာတစ္ေသာင္းတန္အတုေလလား - Reader Myanmar

Latest Posts

ကိုယ့္မွာရွိတာတစ္ေသာင္းတန္အတုေလလား








ခုတေလာတစ္ေသာင္းတန္ေငြစကၠဴအတုလက္ထဲေရာက္လာတာဘဏ္ေရာက္မွသိၿပီးဖ်က္ဆီးခံရတာေတြရွိလာတယ္။
တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးျဖစ္တဲ႕ ဦးစည္သူေက်ာ္က
“ျမင္ဖူးသမ်ွထဲမွာအရမ္းေကာင္းတဲ႕အတုပါ။အျဖဴကြက္ထဲကေရစာပံုဆိုရင္အစစ္ထက္ေကာင္းေနေသးတယ္လို႔ဆိုတယ္။
ႀကိဳးလည္းပါတယ္။ဖလက္ရွ္မီးနဲ႕ေစာင္းၿပီးထိုးၾကည့္ရင္ေတာ့ေရႊေရာင္မေျပာင္းတာကြာပါတယ္။မ်က္ႏွာစာေအာက္ပိုင္းအျပာ ေရာင္ပန္းကြက္ညာဘက္တန္းအဆုံးနဲ႕
၁၀၀၀၀လို႔ေရးထားတဲ႕ထိစပ္ေနရာကေဆးေတြမသပ္ရပ္တာကသိသာပါတယ္။မိတၱဴမဟုတ္ဘဲေသခ်ာပံုႏွိပ္ထားတာပါ။”လို ေျပာပါတယ္။
သူကပဲ” သူငယ္ခ်င္းေငြလဲရာကပါလာၿပီးေဆးဆိုင္မွာေဆးသြားဝယ္ေတာ့ေဆးဆိုင္ကျပန္လဲခိုင္းတာပါ။ဘဏ္ဆိုရင္ေတာ့အေပါက္ေဖါက္ခံထိမွာပါ။ေဆးဆိုင္နဲ ့ဘဏ္ကလိုက်ြမ္းက်င္တဲ႕ေငြကိုင္ေတြမဟုတ္ရင္
အျပင္မွာေတာ္ရံုေစ်းဝယ္တာေလာက္ကေတာ့မသိႏိုင္ဘူး”လိုေျပာပါတယ္။
တခ်ိဳ ့ဆိုင္ေတြဆို တစ္ေသာင္းတန္ေပးလိုက္ရင္အျပန္ျပန္အလွန္လွန္ႀကည့္ျပီးမွယူႀကပါတယ္။မရွိတဲ့လူေတြအဖို ့တစ္ရြက္ဆံုးရံုးလိုက္ရလို ့နစ္နာမွုေတြရွိလာပါတယ္။
AUTHOR ေအာင္ထြန္းဦး

ခုတလောတစ်သောင်းတန်ငွေစက္ကူအတုလက်ထဲရောက်လာတာဘဏ်ရောက်မှသိပြီးဖျက်ဆီးခံရတာတွေရှိလာတယ်။
တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးစည်သူကျော်က
“မြင်ဖူးသမျှထဲမှာအရမ်းကောင်းတဲ့အတုပါ။အဖြူကွက်ထဲကရေစာပုံဆိုရင်အစစ်ထက်ကောင်းနေသေးတယ်လို့ဆိုတယ်။
ကြိုးလည်းပါတယ်။ဖလက်ရှ်မီးနဲ့စောင်းပြီးထိုးကြည့်ရင်တော့ရွှေရောင်မပြောင်းတာကွာပါတယ်။မျက်နှာစာအောက်ပိုင်းအပြာ ရောင်ပန်းကွက်ညာဘက်တန်းအဆုံးနဲ့
၁၀ဝ၀ဝလို့ရေးထားတဲ့ထိစပ်နေရာကဆေးတွေမသပ်ရပ်တာကသိသာပါတယ်။မိတ္တူမဟုတ်ဘဲသေချာပုံနှိပ်ထားတာပါ။”လို ပြောပါတယ်။
သူကပဲ” သူငယ်ချင်းငွေလဲရာကပါလာပြီးဆေးဆိုင်မှာဆေးသွားဝယ်တော့ဆေးဆိုင်ကပြန်လဲခိုင်းတာပါ။ဘဏ်ဆိုရင်တော့အပေါက်ဖေါက်ခံထိမှာပါ။ဆေးဆိုင်နဲ ့ဘဏ်ကလိုကျွမ်းကျင်တဲ့ငွေကိုင်တွေမဟုတ်ရင်
အပြင်မှာတော်ရုံဈေးဝယ်တာလောက်ကတော့မသိနိုင်ဘူး”လိုပြောပါတယ်။
တချို ့ဆိုင်တွေဆို တစ်သောင်းတန်ပေးလိုက်ရင်အပြန်ပြန်အလှန်လှန်ကြည့်ပြီးမှယူကြပါတယ်။မရှိတဲ့လူတွေအဖို ့တစ်ရွက်ဆုံးရုံးလိုက်ရလို ့နစ်နာမှုတွေရှိလာပါတယ်။

AUTHOR အောင်ထွန်းဦး




Loading...