စိတ်ဝေဒနာရှင်က အစားစားရာမှသုံးတဲ့တူဖြင့် ထိုးသတ်မှုကြောင့် ၃ ဦး သေဆုံး(ရုပ်သံ) - Reader Myanmar

Latest Posts

စိတ်ဝေဒနာရှင်က အစားစားရာမှသုံးတဲ့တူဖြင့် ထိုးသတ်မှုကြောင့် ၃ ဦး သေဆုံး(ရုပ်သံ)





တရုတ်နိုင်ငံ ဆေးရုံတစ်ရုံမှာ စိတ်ဝေဒနာရှင်တစ်ဦးက အမျိုးသမီး လူနာ ၄ ဦကို အစားစားရာမှာသုံးတဲ့တူဖြင့် ထိုးသ တ်ခဲ့မှုကြောင့် ၃ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း တရုတ်သတင်းတွေက ဖော်ပြပါတယ်။
China Daily သတင်းရဲ့ဖော်ပြမှုအရ Luoning ခရိုင်မှာ အစိုးရက ဆေးရုံမှဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ေ ဆးရန် ဆေးရုံကိုပိတ်ထားကြောင်း ဧပြီ ၄ ရက်က သတင်းထုတ်ပြန်ပါတယ်။
ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ စိတ်ရောဂါကုဆေးရုံဟာ စီမံခန့်ခွဲမှု ဖရိုဖရဲဖြစ်နေခဲ့ကြောင်းနဲ့ ခရိုင်ကျန်းမာရေးအရာရှိ ၂ ဦးကို ဒေသတွင်း ဆေးရုံများကို ကြီးကြပ်ရာမှာ ပေါ့လျော့မှုဖြင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။
ဖေဖေါ်ဝါရီ ၂၄ ရက်က ဟီနန်ပြည်နယ်ရှိ Luoning Dazhong ဆေးရုံမှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း Shanghai Daily သတင်းက ပြောပါတယ်။ ဆေးရုံမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းများအရ ယန်လို့အမည်ရှိတဲ့ စိတ်ဝေဒနာရှင်ဟာ စိတ်ကစဥ့်ကလျားရောဂါ ခံစားနေရပြီး အခြားလူတွေကို အန္တရာယ်ပြုနိုင်တာကြောင့် ၎င်းကို သီးခြား ထိန်းသိမ်းထားတဲ့ အခန်းမှ ည ၈း၂၈ မှာ လွတ်မြောက်လာခဲ့တာ တွေ့ရပါတယ်။
ထို့နောက် ယန်က လူနာဆောင်အတွင်းရှိ ကော်ဖီစားပွဲပေါ်မှ အစားစာရာမှာသုံးတဲ့တူကို ယူဆောင်သွားခဲ့ပြီး အခြား အ ခန်းတစ်ခန်းအတွင်း ဝင်ရောက်သွားခဲ့ပါတယ်။ ယန်က အခန်းအတွင်းရှိ အမျိုးသမီး လူနာတွေကို တူဖြင့်ထိုးသတ်ခဲ့ရာ တ စ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
အခြား အမျိုးသမီးနှစ်ဦးမှာ တူဖြင့်အထိုးခံရတဲ့ ဒဏ်ရာများဖြင့် ဆေးရုံမှာ သေဆုံးခဲ့ကြောင်း China Dailly က ဖော်ပြပါတယ်။ စတုတ္ထမြောက် အမျိုးသမီးမှာ အသက်မသေဘဲ ဒဏ်ရာရခဲ့ပါတယ်။ အမျိုးသမီးတွေကို တူဖြင့် ထိုးသတ်ခဲ့တဲ့ ယန်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။
Source & Photo: CNA
Duwun
Loading...