မကွေး ရွှေမြတ်မင်းသမီး ကေတီဗီ မီးလောင် လူ ၁၅ ဦးသေဆုံးသတင်းအပြည့်အစုံ (ထိတ်လန့် တက်သူများ ဖွင့်မကြည့်ပါရန်) - Reader Myanmar

Latest Posts

မကွေး ရွှေမြတ်မင်းသမီး ကေတီဗီ မီးလောင် လူ ၁၅ ဦးသေဆုံးသတင်းအပြည့်အစုံ (ထိတ်လန့် တက်သူများ ဖွင့်မကြည့်ပါရန်)






မကွေး - ဧပြီ ၂

မကွေးတိုင်းဒေသကြီး မကွေးမြို့  မြင်သာရပ် သစ္စာလမ်းနှင့်(၂၉)လမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး ကာရာအိုကေ အဆင့်မြင့် အအေးခန်း စားသောက်ဆိုင် ဧပြီလ ၂ရက်နေ့  ယနေ့ ည ၁၀း၁၅ နာရီက ​မီး​လောင်​မှုတွင် လူ​သေအ​လောင်းများ ၁၅ လောင်း ​တွေ့ရှိရကာ အမျိုးသား ၁၁ လောင်း ၊ အမျိုးသမီး ၄ လာင်း တွေ့ရှိကြောင်း သိရှိရပါသည်။


အဆိုပါ မီးလောင်ကျွမ်းရာသို့ တိုင်း/ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အသီးသီးမှ ပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၀း၄၅ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 မီးလောင်ကျွမ်းမှု ကြောင့် နှစ်ထပ်တိုက်နေအိမ် တစ်လုံး လောင်ကျွမ်းဆုံးရှုံးခဲ့ပြီး ဆိုင်ပိုင်ရှင်မှာ ဦးရဲညွှန့်(ခ)ရွာသားကြီးဖြစ်ကြောင်း သိရပါသည်။

သတင်း - ဓါတ်ပုံ ။ ။ သန်းနိုင်ဦး(ငဖဲ)
သစ်ထူးလွင်
Loading...