ေျခလြန္လက္လြန္ ျဖစ္ၿပီးမွ ေရွာင္ဖယ္ေရွာင္ဖယ္လုပ္တဲ့သူ႕ကို ဘယ္လုိလုပ္သင့္သလဲ - Reader Myanmar

Latest Posts

ေျခလြန္လက္လြန္ ျဖစ္ၿပီးမွ ေရွာင္ဖယ္ေရွာင္ဖယ္လုပ္တဲ့သူ႕ကို ဘယ္လုိလုပ္သင့္သလဲ





ကၽြန္မက မႏၱေလး မွာ ေက်ာင္းတက္ေနပါတယ္။ နယ္က ဆုိပါေတာ့။ ကၽြန္မရဲ႕ ခ်စ္သူ နဲ႔ အတိုင္းအတာတစ္ခုအထိ ေျခလြန္လက္လြန္ ျဖစ္ခဲ့ဖူးပါတယ္။ အဲဒီကိစၥ ၿပီးသြားကတည္းက သူက ကၽြန္မကုိ ေရွာင္ေနတယ္။ ေတြ႕ေတာ့လည္း အရင္ကလုိ ဟတ္ဟတ္ပတ္ မရွိေတာ့ဘူး။ သူ႔ပုံစံၾကည့္ရတာ လက္ထပ္ခ်င္တဲ့ပုံ မေပၚဘူးျဖစ္ေနတယ္။ သမီး အရမ္းလည္း ေဒါသေတြ ထြက္ေနတယ္ … အခု သမီးဘာလုပ္သင့္သလဲ … ? အႀကံေပးပါဦး။

အခုေခတ္မွာ လက္မထပ္ဘဲ အတူတူ Living Together ၾကတဲ့ ဓေလ့ဟာ ျမန္မာနုိင္ငံအတြင္းကို က်ယ္က်ယ္ျပန္႔ျပန္႔ ၀င္ေရာက္လာပါၿပီ။ ျမန္မာေတြဟာ အျခားႏုိင္ငံေတြရဲ႕ ဓေလ့ Living Together ဆိုတာကိုက်ေတာ့ လက္ခံၾကၿပီး၊ အဲဒီ Living Together ရဲ႕ ဆုိးက်ိဳး ကိုေတာ့ အင္မတန္ ခံႏုိင္ရည္ နည္းၾကသလုိ၊ သိေတာင္ မသိသူေတြ ရွိပါတယ္။
အခုကိစၥကလည္း Living Together ရင္း ျဖစ္လာရတဲ့ ျပႆနာတစ္ခုလုိ႔ ျမင္ပါတယ္။ ဒီေတာ့ အရင္ဆုံး ေျပာခ်င္တာက ဒီလုိအခ်ိန္မ်ိဳးမွာ ပြဲမၾကမ္းပါနဲ႔။ ကိုယ့္ဘက္က တက္ႏုိင္သေလာက္ ႏူးညံ့စြာနဲ႔ ျပႆနာကို ကုိင္တြယ္ေစခ်င္ပါတယ္။ သူ႕ဘက္က အခ်စ္ေပါ့သြားတဲ့ သေဘာဆုိတာကလည္း တစ္ခါတေလ ဒီေကာင္မေလး လြယ္လွခ်ည္လားဟ-လုိ႔ ေတြးမိတဲ့
ေယာက္်ာေလးတုိင္းမွာ ျဖစ္ေလ့ရွိပါတယ္။

ဒီေတာ့ ယုတ္စြအဆုံး ကိုယ္၀န္မရွိဘူးဆုိရင္ လက္ထပ္ဖုိ႔ အၾကပ္မကို္င္ပါနဲ႔။ က်န္းမာၿပီး နဂုိထက္ လွပေအာင္ ႀကိဳးစားပါ။ သူ ႀကိဳက္တတ္တဲ့ အ၀တ္အစားေလးေတြကို မသိမသာ၀တ္ဆင္ၿပီး ၿပဳံးၿပဳံးရႊင္ရႊင္ေနျပပါ။ သူ သင့္ကုိ တကယ္ခ်စ္႐ုိးမွန္
ရင္ ျပန္လာမွာပါ။ မစုိးရိမ္ပါနဲ႔။ ဒါက ပထမ ေျဖရွင္းရမယ့္ နည္းပါ။
ဒုတိယနည္းကေတာ့ ေစာေစာကေျပာတဲ့ လက္လြန္ေျခလြန္ ျဖစ္ထားလုိ႔ မ်က္လုံးျပဴးရမယ့္ အေနအထားဆုိရင္ သူ႕ကို အက်ိဳးအေၾကာင္း ရွင္းျပပါ။ ဘာမွ ေဟာေဟာဒုိင္းဒုိင္း မလုပ္ပါနဲ႔။ ဒါကိုမွ သူက ျငင္းပယ္တယ္ဆုိရင္ သင့္ဘက္က တရားဥပေဒ အရ ရွင္းဖုိ႔သာ ရွိပါေတာ့တယ္။ ဒီေနရာမွာ ဘယ္အဖြဲ႕နဲ႔တုိင္မယ္၊ ဘာလုပ္မယ္ ဘာညာ မၿခိမ္းေျခာက္ပါနဲ႔။ ေျပးသြားမွာစုိးလုိ႔ပါ။

ယဥ္ယဥ္ေလးပဲ ကို္င္တြယ္ပါ။ သုံးႀကိမ္သုံးခါ ေျပာလုိ႔မွ လက္မခံရင္ သင္တုိ႔ျဖစ္တာကို သင္ေသခံေပးနုိင္မယ့္ သူငယ္ခ်င္းနဲ႔အတူ ရဲစခန္း မွာ ကာမလိမ္လည္ရယူမႈနဲ႔ အမႈဖြင့္ပါ။ အဲဒီအခ်ိန္ထိ ယဥ္ယဥ္ေလး ေနေပးလုိက္ပါဦး။ ရဲေတြက သူ႕ကို
ယဥ္ယဥ္ေလး လာဖမ္းေခၚသြားပါလိ့မ္မယ္။ တစ္ခုရွိတာက သင့္ဗုိက္ထဲက ကေလး ဟာ သူ႕ကေလး ဆုိတာေတာ့ ေသခ်ာပါေစ … ေတာ္ၾကာ လုိအပ္လုိ႔ ေဆးဘာညာ စစ္ကာမွ ဖုံးထားသမွ် အကုန္ေပၚသြားတာမ်ိဳး မျဖစ္ပါေစနဲ႔။

ေလးစားစြာျဖင့္ …

Credit : Shwemom

ကျွန်မက မန္တလေး မှာ ကျောင်းတက်နေပါတယ်။ နယ်က ဆိုပါတော့။ ကျွန်မရဲ့ ချစ်သူ နဲ့ အတိုင်းအတာတစ်ခုအထိ ခြေလွန်လက်လွန် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီကိစ္စ ပြီးသွားကတည်းက သူက ကျွန်မကို ရှောင်နေတယ်။ တွေ့တော့လည်း အရင်ကလို ဟတ်ဟတ်ပတ် မရှိတော့ဘူး။ သူ့ပုံစံကြည့်ရတာ လက်ထပ်ချင်တဲ့ပုံ မပေါ်ဘူးဖြစ်နေတယ်။ သမီး အရမ်းလည်း ဒေါသတွေ ထွက်နေတယ် … အခု သမီးဘာလုပ်သင့်သလဲ … ? အကြံပေးပါဦး။

အခုခေတ်မှာ လက်မထပ်ဘဲ အတူတူ Living Together ကြတဲ့ ဓလေ့ဟာ မြန်မာနိုင်ငံအတွင်းကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လာပါပြီ။ မြန်မာတွေဟာ အခြားနိုင်ငံတွေရဲ့ ဓလေ့ Living Together ဆိုတာကိုကျတော့ လက်ခံကြပြီး၊ အဲဒီ Living Together ရဲ့ ဆိုးကျိုး ကိုတော့ အင်မတန် ခံနိုင်ရည် နည်းကြသလို၊ သိတောင် မသိသူတွေ ရှိပါတယ်။
အခုကိစ္စကလည်း Living Together ရင်း ဖြစ်လာရတဲ့ ပြဿနာတစ်ခုလို့ မြင်ပါတယ်။ ဒီတော့ အရင်ဆုံး ပြောချင်တာက ဒီလိုအချိန်မျိုးမှာ ပွဲမကြမ်းပါနဲ့။ ကိုယ့်ဘက်က တက်နိုင်သလောက် နူးညံ့စွာနဲ့ ပြဿနာကို ကိုင်တွယ်စေချင်ပါတယ်။ သူ့ဘက်က အချစ်ပေါ့သွားတဲ့ သဘောဆိုတာကလည်း တစ်ခါတလေ ဒီကောင်မလေး လွယ်လှချည်လားဟ-လို့ တွေးမိတဲ့
ယောက်ျာလေးတိုင်းမှာ ဖြစ်လေ့ရှိပါတယ်။

ဒီတော့ ယုတ်စွအဆုံး ကိုယ်ဝန်မရှိဘူးဆိုရင် လက်ထပ်ဖို့ အကြပ်မကို်င်ပါနဲ့။ ကျန်းမာပြီး နဂိုထက် လှပအောင် ကြိုးစားပါ။ သူ ကြိုက်တတ်တဲ့ အဝတ်အစားလေးတွေကို မသိမသာဝတ်ဆင်ပြီး ပြုံးပြုံးရွှင်ရွှင်နေပြပါ။ သူ သင့်ကို တကယ်ချစ်ရိုးမှန်
ရင် ပြန်လာမှာပါ။ မစိုးရိမ်ပါနဲ့။ ဒါက ပထမ ဖြေရှင်းရမယ့် နည်းပါ။
ဒုတိယနည်းကတော့ စောစောကပြောတဲ့ လက်လွန်ခြေလွန် ဖြစ်ထားလို့ မျက်လုံးပြူးရမယ့် အနေအထားဆိုရင် သူ့ကို အကျိုးအကြောင်း ရှင်းပြပါ။ ဘာမှ ဟောဟောဒိုင်းဒိုင်း မလုပ်ပါနဲ့။ ဒါကိုမှ သူက ငြင်းပယ်တယ်ဆိုရင် သင့်ဘက်က တရားဥပဒေ အရ ရှင်းဖို့သာ ရှိပါတော့တယ်။ ဒီနေရာမှာ ဘယ်အဖွဲ့နဲ့တိုင်မယ်၊ ဘာလုပ်မယ် ဘာညာ မခြိမ်းခြောက်ပါနဲ့။ ပြေးသွားမှာစိုးလို့ပါ။

ယဉ်ယဉ်လေးပဲ ကို်င်တွယ်ပါ။ သုံးကြိမ်သုံးခါ ပြောလို့မှ လက်မခံရင် သင်တို့ဖြစ်တာကို သင်သေခံပေးနိုင်မယ့် သူငယ်ချင်းနဲ့အတူ ရဲစခန်း မှာ ကာမလိမ်လည်ရယူမှုနဲ့ အမှုဖွင့်ပါ။ အဲဒီအချိန်ထိ ယဉ်ယဉ်လေး နေပေးလိုက်ပါဦး။ ရဲတွေက သူ့ကို
ယဉ်ယဉ်လေး လာဖမ်းခေါ်သွားပါလိ့မ်မယ်။ တစ်ခုရှိတာက သင့်ဗိုက်ထဲက ကလေး ဟာ သူ့ကလေး ဆိုတာတော့ သေချာပါစေ … တော်ကြာ လိုအပ်လို့ ဆေးဘာညာ စစ်ကာမှ ဖုံးထားသမျှ အကုန်ပေါ်သွားတာမျိုး မဖြစ်ပါစေနဲ့။

လေးစားစွာဖြင့် …

Credit : Shwemom


Loading...