စစ္ပြဲႏွဳတ္ခမ္း၀သို ့လက္တကမ္းသာလိုေတာ့သည္ ့ကိုရီးယားကၽြန္းဆြယ္အေျခအေန - - - - Reader Myanmar

Latest Posts

စစ္ပြဲႏွဳတ္ခမ္း၀သို ့လက္တကမ္းသာလိုေတာ့သည္ ့ကိုရီးယားကၽြန္းဆြယ္အေျခအေန - - -





စစ္ပြဲႏွဳတ္ခမ္း၀သို ့လက္တကမ္းသာရိွေတာ့သည္ ့တင္းမာမွဳတရိပ္ရိပ္ျမင့္တက္ေနေသာကိုရီးယားကၽြန္းဆြယ္အေျခအေန - - -

တကမၻာလံုးနီးပါး ယခုအခါ အာရံုစူးစိုက္ေနႀကေသာ ျဖစ္စဥ္ကေတာ့ ဆင္ဖမ္းက်ားဖမ္းေလလံုးႀကီးမ်ားျဖင့္အစဥ္ရန္လိုစိန္ေခၚေနသည့္၊ဆင္ျခင္တံုမဲ့စြာျဖင့္လက္စြမ္းျပဒံုးပ်ံပစ္ခတ္ျခင္း၊ျငိမ္းခ်မ္းစြာေနလိုသည့္ကမၻာ ့မိသားစုႀကီးအားအေရးမစိုက္ဘဲ ႏ်ဴကလိီယာစမ္းသပ္ေဖါက္ခြဲျခင္း၊စသည့္တို ့အားမရပ္မနားလုပ္ေဆာင္ေနခဲ့သည့္အျပင္ မိမိမ်ိဳးရိုးစဥ္ဆက္အား ေနမင္းမွဆင္းသက္လာသည့္တန္ခိုးရွင္မ်ားဆန္ဆန္ ျပည္သူမ်ားအားဦးေဏွာက္ေဆး၊ရိုက္သြင္းထားျပီးတစ္ေသြးတစ္သံတစ္မိန္ ့သံလက္သီးျဖင့္အုပ္ခ်ဳပ္ေနေသာ ေျမာက္ကိုရီးယားအာဏာရွင္၏အနီးကပ္ဆံုးရိွရာအရပ္သို ့ အျပင္းခ်ီတက္ေနသည့္ နီမိဇ္အမ်ိဳးအစား ႏ်ဴကလီယားစြမ္းအင္သံုးေလယာဥ္တင္သေဘၤာႀကီး USS Carl Vinson (CVN-70) ဦးေဆာင္သည့္ အေမရိကန္ စစ္သေဘၤာတိုက္ခိုက္ေရးအုပ္စုႀကီးျဖစ္ပါတယ္။

ကမၻာ ့အႀကီးမားဆံုးဧရာမေရတပ္ႀကီးကိုပိုင္ဆိုင္ထားသည့္အေမရိကန္ႏိုင္ငံဟာ ယခုလတ္တေလာအထိ အလားတူေလယာဥ္တင္သေဘၤာႀကီးမ်ားကိုယ္စီဦးေဆာင္ထားသည့္ အခ်ိန္မေရြးတိုက္ပြဲ၀င္ႏိုင္ေသာ စစ္သေဘၤာတိုက္ခိုက္ေရးအုပ္စုႀကီး (၁၀)အုပ္စုအထိပိုင္ဆိုင္ထားျပီး USS Carl Vinson ဦးေဆာင္တာကေတာ့ အုပ္စုအမွတ္(၁) ေခၚ Carrier Strike Group 1 ျဖစ္ပါတယ္။ USS Carl Vinson ဟာျပီးခဲ့ေသာလကမွ သမိုင္းတြင္အႀကီးမားဆံုးျဖစ္သည့္ ရက္သတၱ၈ပါတ္ႀကာ Foal Eagle စစ္ေရးေလ့က်င့္မွဳ ႀကီးအား ေတာင္ကိုရီးယား/ဂ်ပန္တပ္ဖြဲ ့၀င္မ်ားႏွင့္အတူပါ၀င္ဆင္ႏႊဲခဲ့ျပီးကိုရီးယားေရျပင္မွထြက္ခြါခဲ့တာျဖစ္ပါတယ္။

 ကာလီဖိုးနီးယားျပည္နယ္ San Diego အေျခစိုက္ USS Carl Vinson ေလယာဥ္တင္သေဘၤာအုပ္စုဟာ စကၤာပူဆိပ္ကမ္းကို၀င္ေရာက္လည္ပတ္ခဲ့ျပီးေနာက္ မူလကႀသစေႀတးလ်သို ့ဆက္လက္ခရီးဆက္ဖို ့ရာမွာ အေမရိကန္စစ္ဌါနခ်ဳပ္အမိန္ ့အရ ကိုရီးယားကၽြန္းဆြယ္ရိွရာကို ျပန္လွည့္ခ်ီတက္ခဲ့ရတာျဖစ္ပါတယ္။
USS Carl Vinson စစ္သေဘၤာအုပ္စုဟာ ကိုရီးယားကၽြန္းဆြယ္အနီးႏိုင္ငံတကာေရျပင္သို ့ဦးတည္ေနတာျဖစ္ေပမယ့္ ေျမာက္ကိုရီးယားဖက္ကလည္း သူ ့ထံသို ့ဦးတည္လာတယ္လို ့တထစ္ခ်ယူဆျပီးစစ္ေႀကျငာသေဘာအထိသက္၀င္သည့္ေျပာဆိုမွဳမ်ားထုတ္ျပန္ထားပါတယ္။

အေမရိကန္သမၼတ Donald J. Trump ကေတာ့ ေျမာက္ကိုးရီးယာဟာျပႆနာေကာင္ျဖစ္တယ္၊ ေျမာက္ကိုရီးယားျပႆနာကိုတရုတ္က၀ိုင္း၀န္းဖိအားေပးေျဖရွင္းရင္ေတာ့ပိုေကာင္းတယ္၊အကယ္၍တရုတ္မကူညီခဲ့လၽွင္လည္း ေျမာက္ကိုရီးယားကိုဦးခ်ိဳးဖို ့အတြက္ဘယ္သူမွမပါ၀င္ဘဲအေမရိကန္တစ္ဦးတည္းနဲ ့လည္းစြမ္းေဆာင္ႏိုင္တယ္လို ့ထုတ္ေျပာခဲ့ပါတယ္။ေရြးေကာက္ပြဲအျပီးအာဏာရလာကတည္းက စိတ္ထဲထင္သလိုထလုပ္တတ္တဲ့အေမရိကန္သမၼတနဲ ့ တေဇာက္ကန္းဆန္ဆန္လုပ္တတ္တဲ့ေျမာက္ကိုရီးယားအာဏာရွင္တို ့အႀကားအနီးကပ္ဆံုးထိပ္တိုက္ရင္ဆိုင္မွဳျဖစ္ေစခဲ့ျပီး တစ္ဖက္ဖက္မွတစ္စံုတစ္ရာျပဳမူလိုက္တာနဲ ့စစ္မက္ျဖစ္ပြါးဖို ့အေနအထားကမ်ားစြာနီးကပ္လွပါတယ္။ 


Image may contain: sky, ocean, outdoor and water

လာမည့္စေနေန ့တြင္ေရာက္ရိွလာႏိုင္ဖြယ္ရိွသည့္ အေမရိကန္စစ္သေဘၤာအုပ္စုႀကီးႏွင့္အတူပူးေပါင္းရန္အတြက္ ဂ်ပန္ေရတပ္ကလည္း ဒံုးတင္စစ္သေဘၤာမ်ားေစလႊတ္ဖို ့ျပင္ဆင္ထားျပီးျဖစ္ပါတယ္။
Carrier Strike Group 1 အမည္ရ USS Carl Vinson စစ္သေဘၤာအုပ္စုႀကီးမွာေျမာက္ကိုရီးယားမွပစ္ခတ္တိုက္ခိုက္ႏိုင္သည့္ဒံုးက်ည္မာ်းအားေျခရာခံေခ်မွဳန္းႏိုင္သည့္ Aegies ေခတ္မွီဒံုးပ်ံကာကြယ္ေရးစနစ္မ်ားတပ္ဆင္ထားေသာ USS Wayne E. Meyer(DDG-108)ဖ်က္သေဘၤာ၊ USS Michael Murphy(DDG-112)ဖ်က္သေဘၤာ၊ USS Lake Champlain(CG-57) ကရူဇာစစ္သေဘၤာ စသည့္စစ္သေဘၤာေပါင္းစံုတို ့ပါ၀င္ျပီး F/A-18F Super Hornet စသည့္တိုက္ေလယာဥ္မ်ိဳးစံု(၆၅-၇၀စင္းခန္ ့)ႏွင့္စစ္သည္(၁၀၀၀၀)ေက်ာ္အျပင္ အေရအတြက္မသိရိွရေသာ အာဖဂန္/အေရွ ့အလယ္ပိုင္းစစ္ပြဲမ်ားတြင္အသံုးျပဳေလ့ရိွသည့္ေမာင္းသူမဲ့ဒံုးက်ည္တင္ေလယာဥ္မ်ားလည္းတင္ေဆာင္ထားပါတယ္။


Image may contain: ocean, sky, water and outdoor

 ေျမာက္ကိုရီးယားဖက္မွ အစဥ္အလာအတိုင္း သူ ့ကိုလာထိလၽွင္ ႏ်ဴကလီယားလက္နက္ျဖင့္တုံ ့ျပန္မယ္လို ့တရစပ္ေျပာဆိုထားေပမယ့္ တိုက္ခိုက္ေရးစစ္သေဘၤာအုပ္စုတြင္ပါ၀င္ေသာ အေမရိကန္စစ္သေဘၤာမ်ားတြင္ ကန္ ့သတ္ေဒသတြင္အသံုးျပဳ ႏုိင္ေသာ ႏ်ဴကလီယားထပ္ဖူးမ်ားသယ္ေဆာင္ထားျခင္းရိွမရိွကို အေမရိကန္စစ္ဖက္မွ မည္သည့္အခါကမၽွ၀န္ခံေျပာဆိုေလ့မရိွခဲ့ပါ။

သမိုင္းအဆက္ဆက္ ေျမာက္ကိုရီးယားရဲ ့အဓိကမဟာမိတ္လည္းျဖစ္၊ဆရာသမားလည္းျဖစ္တဲ့ တရုတ္ႏိုင္ငံဟာ ယခုႏွစ္ပိုင္းမ်ားအတြင္းေျမာက္ကိုရီးယားအေပၚႀသဇာသက္ေရာက္မွဳ သိသာစြာက်ဆင္းခဲ့ျပီး အေမရိကန္ႏွင့္ဆန္ ့က်င္ဖက္ျပဳရသည့္မဟာဗ်ဴဟာအရသာ ေျမာက္ကိုရီးအေရးကိစၥတိုင္းလိုလို အေမရိကန္တို ့အေပၚျပစ္တင္ရွံဳ ့ခ်သည့္ေႀကျငာခ်က္မ်ားထုတ္ျပန္ေလ့ရိွေသာလည္း စီးပြါးေရးျဖစ္ထြန္းမွဳကိုပိုမိုအာရံုစိုက္လာသည့္မ်ိဳးဆက္သစ္အစိုးရပီပီ ေဒသတြင္းစစ္မက္ျဖစ္ပြါးလာခဲ့ပါက သူ ့အက်ိဳးစီးပြါးကိုလည္းမ်ားစြာထိခုိက္မွာကိုမ်ားစြာမလိုလားသျဖင့္ ေျမာက္ကိုရီးယားေႀကာင့္ ေခါင္းခဲေနခဲ့ရတာႀကာခဲ့ပါျပီ။

တရုတ္စစ္တပ္မွ တပ္မနဲ ့ခ်ီျပီးေျမာက္ကိုရီးယားနဲ ့ထိစပ္ေနေသာနယ္စပ္ေဒသသို ့တိုးျမွင့္ေရႊ ့ေျပာင္းခ်ထားတာဟာလည္း အေမရိကန္တို ့ရဲ ့ယခုတေခါက္စစ္ျပင္ဆင္မွဳကို သာမန္ျခိမ္းေျခာက္မွဳျဖစ္ရပ္အျဖစ္တရုတ္ႏိုင္ငံမွ သေဘာမထားရဲတာကိုေပၚလြင္ေစပါတယ္။ ေခတ္မီွတိုးတက္ေသာႏိုင္ငံမ်ားပီပီ စစ္မက္ကိုမလိုလားေသာလည္း ေျမာက္ကိုရီးယားတို ့ဖက္မွ ေသမထူးေနမထူးသေဘာျဖင့္စစ္ပြဲဖန္တီးခဲ့ေသာအခါ ဆံုးရွံဳးမွဳ မႀကီးမားေစရန္အတြက္ ေဒသတြင္းရိွေတာင္ကိုရီးယား၊ဂ်ပန္ႏိုင္ငံတို ့ကလည္း မိမိတို ့ရဲ ့တပ္ဖြဲ ့မ်ားအား စစ္ျဖစ္ႏိုင္သည့္အျမင့္ဆံုးအေနအထားအထိတပ္လွန္ ့ထားႀကရပါတယ္။


ေျမာက္ကိုရီးယားအတြက္ အေပၚယံအားျဖင့္သာ အေမရိကန္တို ့အေပၚတုန္ ့ျပန္စိန္ေခၚေနေပမယ့္ တကယ္ထိတ္လန္ ့ေနတာကေတာ့ အေမရိကန္တို ့ဖက္မွ မည္သည့္အခါမၽွေႀကျငာေလ့မရိွသည့္ ကမၻာ ့ေရျပင္က်ယ္ႀကီးမ်ားတြင္သြားလာလွဳပ္ရွားေနေသာ အေမရိကန္တိုက္ခိုက္ေရးစစ္သေဘၤာအုပ္စုႀကီးမ်ားႏွင့္အတူ ေရနက္ပိုင္းမွယွဥ္တြဲလိုက္ပါေလ့ရိွသည့္ အေမရိကန္ေရငုပ္သေဘၤာႀကီးမ်ားျဖစ္ပါတယ္။

 ႏ်ဴကလီယားထိပ္ဖူးအပါအ၀င္ တိုက္ခ်င္းပစ္ဒံုးပံ်အထိပါ ရန္သူ ့ႏိုင္ငံအနီးေရာက္သည့္အခါမွသာအခ်ိန္မေရြးပစ္ခတ္ႏိုင္သည့္အတြက္ အဆိုပါ ႏ်ဴကလီယားစြမ္းအင္သံုးအေမရိကန္ေရငုပ္သေဘၤာႀကီးမ်ားအား "ေရြ ့လ်ားေနေသာအသံတိတ္ဒံုးပစ္စင္မ်ား"ဟုလည္းေခၚေ၀ၚႀကေလ့ရိွပါတယ္။ အေမရိကန္ေရတပ္တြင္ တိုက္ခ်င္းပစ္ဒံုးက်ည္တင္ေဆာင္ထားေသာ၊ကရုဇ္ဒံုးက်ည္တင္ေဆာင္ထားေသာ၊အျခားရန္သူေရငုပ္သေဘၤာႏွင့္သေဘၤာမ်ားအားေခ်မွဳန္းေရးတာ၀န္ထမ္းေဆာင္ေသာ စသျဖင့္ ေရငုပ္သေဘၤာအုပ္စုအမ်ိဳးအစား(၃)မ်ိဳးရိွျပီးအားလံုးဟာ ႏ်ဴကလီယားစြမ္းအင္သံုးျဖစ္ႀကသျဖင့္ ကမၻာ ့သမုဒၵရာအသီးသီးတြင္ လေပါင္းမ်ားစြာခ်ီျပီးလွည့္လည္တာ၀န္ထမ္းေဆာင္ႏိုင္ႀကပါတယ္။ 

Photos : အေမရိကန္ေရတပ္ႏွင့္တိုက္ခိုက္ေရးစစ္သေဘၤာအုပ္၀ဘ္ဆိုက္မွရယူေဖၚျပပါသည္။ 

Dr.Myo Tun

စစ်ပွဲနှုတ်ခမ်းဝသို ့လက်တကမ်းသာရှိတော့သည် ့တင်းမာမှုတရိပ်ရိပ်မြင့်တက်နေသောကိုရီးယားကျွန်းဆွယ်အခြေအနေ - - -

တကမ္ဘာလုံးနီးပါး ယခုအခါ အာရုံစူးစိုက်နေကြသော ဖြစ်စဉ်ကတော့ ဆင်ဖမ်းကျားဖမ်းလေလုံးကြီးများဖြင့်အစဉ်ရန်လိုစိန်ခေါ်နေသည့်၊ဆင်ခြင်တုံမဲ့စွာဖြင့်လက်စွမ်းပြဒုံးပျံပစ်ခတ်ခြင်း၊ငြိမ်းချမ်းစွာနေလိုသည့်ကမ္ဘာ ့မိသားစုကြီးအားအရေးမစိုက်ဘဲ နျူကလိီယာစမ်းသပ်ဖေါက်ခွဲခြင်း၊စသည့်တို ့အားမရပ်မနားလုပ်ဆောင်နေခဲ့သည့်အပြင် မိမိမျိုးရိုးစဉ်ဆက်အား နေမင်းမှဆင်းသက်လာသည့်တန်ခိုးရှင်များဆန်ဆန် ပြည်သူများအားဦးဏှောက်ဆေး၊ရိုက်သွင်းထားပြီးတစ်သွေးတစ်သံတစ်မိန် ့သံလက်သီးဖြင့်အုပ်ချုပ်နေသော မြောက်ကိုရီးယားအာဏာရှင်၏အနီးကပ်ဆုံးရှိရာအရပ်သို ့ အပြင်းချီတက်နေသည့် နီမိဇ်အမျိုးအစား နျူကလီယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောကြီး USS Carl Vinson (CVN-70) ဦးဆောင်သည့် အမေရိကန် စစ်သင်္ဘောတိုက်ခိုက်ရေးအုပ်စုကြီးဖြစ်ပါတယ်။

ကမ္ဘာ ့အကြီးမားဆုံးဧရာမရေတပ်ကြီးကိုပိုင်ဆိုင်ထားသည့်အမေရိကန်နိုင်ငံဟာ ယခုလတ်တလောအထိ အလားတူလေယာဉ်တင်သင်္ဘောကြီးများကိုယ်စီဦးဆောင်ထားသည့် အချိန်မရွေးတိုက်ပွဲဝင်နိုင်သော စစ်သင်္ဘောတိုက်ခိုက်ရေးအုပ်စုကြီး (၁၀)အုပ်စုအထိပိုင်ဆိုင်ထားပြီး USS Carl Vinson ဦးဆောင်တာကတော့ အုပ်စုအမှတ်(၁) ခေါ် Carrier Strike Group 1 ဖြစ်ပါတယ်။ USS Carl Vinson ဟာပြီးခဲ့သောလကမှ သမိုင်းတွင်အကြီးမားဆုံးဖြစ်သည့် ရက်သတ္တ၈ပါတ်ကြာ Foal Eagle စစ်ရေးလေ့ကျင့်မှု ကြီးအား တောင်ကိုရီးယား/ဂျပန်တပ်ဖွဲ ့ဝင်များနှင့်အတူပါဝင်ဆင်နွှဲခဲ့ပြီးကိုရီးယားရေပြင်မှထွက်ခွါခဲ့တာဖြစ်ပါတယ်။

 ကာလီဖိုးနီးယားပြည်နယ် San Diego အခြေစိုက် USS Carl Vinson လေယာဉ်တင်သင်္ဘောအုပ်စုဟာ စင်္ကာပူဆိပ်ကမ်းကိုဝင်ရောက်လည်ပတ်ခဲ့ပြီးနောက် မူလကသြစတြေးလျသို ့ဆက်လက်ခရီးဆက်ဖို ့ရာမှာ အမေရိကန်စစ်ဌါနချုပ်အမိန် ့အရ ကိုရီးယားကျွန်းဆွယ်ရှိရာကို ပြန်လှည့်ချီတက်ခဲ့ရတာဖြစ်ပါတယ်။
USS Carl Vinson စစ်သင်္ဘောအုပ်စုဟာ ကိုရီးယားကျွန်းဆွယ်အနီးနိုင်ငံတကာရေပြင်သို ့ဦးတည်နေတာဖြစ်ပေမယ့် မြောက်ကိုရီးယားဖက်ကလည်း သူ ့ထံသို ့ဦးတည်လာတယ်လို ့တထစ်ချယူဆပြီးစစ်ကြေငြာသဘောအထိသက်ဝင်သည့်ပြောဆိုမှုများထုတ်ပြန်ထားပါတယ်။

အမေရိကန်သမ္မတ Donald J. Trump ကတော့ မြောက်ကိုးရီးယာဟာပြဿနာကောင်ဖြစ်တယ်၊ မြောက်ကိုရီးယားပြဿနာကိုတရုတ်ကဝိုင်းဝန်းဖိအားပေးဖြေရှင်းရင်တော့ပိုကောင်းတယ်၊အကယ်၍တရုတ်မကူညီခဲ့လျှင်လည်း မြောက်ကိုရီးယားကိုဦးချိုးဖို ့အတွက်ဘယ်သူမှမပါဝင်ဘဲအမေရိကန်တစ်ဦးတည်းနဲ ့လည်းစွမ်းဆောင်နိုင်တယ်လို ့ထုတ်ပြောခဲ့ပါတယ်။ရွေးကောက်ပွဲအပြီးအာဏာရလာကတည်းက စိတ်ထဲထင်သလိုထလုပ်တတ်တဲ့အမေရိကန်သမ္မတနဲ ့ တဇောက်ကန်းဆန်ဆန်လုပ်တတ်တဲ့မြောက်ကိုရီးယားအာဏာရှင်တို ့အကြားအနီးကပ်ဆုံးထိပ်တိုက်ရင်ဆိုင်မှုဖြစ်စေခဲ့ပြီး တစ်ဖက်ဖက်မှတစ်စုံတစ်ရာပြုမူလိုက်တာနဲ ့စစ်မက်ဖြစ်ပွါးဖို ့အနေအထားကများစွာနီးကပ်လှပါတယ်။ 

လာမည့်စနေနေ ့တွင်ရောက်ရှိလာနိုင်ဖွယ်ရှိသည့် အမေရိကန်စစ်သင်္ဘောအုပ်စုကြီးနှင့်အတူပူးပေါင်းရန်အတွက် ဂျပန်ရေတပ်ကလည်း ဒုံးတင်စစ်သင်္ဘောများစေလွှတ်ဖို ့ပြင်ဆင်ထားပြီးဖြစ်ပါတယ်။
Carrier Strike Group 1 အမည်ရ USS Carl Vinson စစ်သင်္ဘောအုပ်စုကြီးမှာမြောက်ကိုရီးယားမှပစ်ခတ်တိုက်ခိုက်နိုင်သည့်ဒုံးကျည်များအားခြေရာခံချေမှုန်းနိုင်သည့် Aegies ခေတ်မှီဒုံးပျံကာကွယ်ရေးစနစ်များတပ်ဆင်ထားသော USS Wayne E. Meyer(DDG-108)ဖျက်သင်္ဘော၊ USS Michael Murphy(DDG-112)ဖျက်သင်္ဘော၊ USS Lake Champlain(CG-57) ကရူဇာစစ်သင်္ဘော စသည့်စစ်သင်္ဘောပေါင်းစုံတို ့ပါဝင်ပြီး F/A-18F Super Hornet စသည့်တိုက်လေယာဉ်မျိုးစုံ(၆၅-၇၀စင်းခန် ့)နှင့်စစ်သည်(၁၀ဝ၀ဝ)ကျော်အပြင် အရေအတွက်မသိရှိရသော အာဖဂန်/အရှေ ့အလယ်ပိုင်းစစ်ပွဲများတွင်အသုံးပြုလေ့ရှိသည့်မောင်းသူမဲ့ဒုံးကျည်တင်လေယာဉ်များလည်းတင်ဆောင်ထားပါတယ်။

 မြောက်ကိုရီးယားဖက်မှ အစဉ်အလာအတိုင်း သူ ့ကိုလာထိလျှင် နျူကလီယားလက်နက်ဖြင့်တုံ ့ပြန်မယ်လို ့တရစပ်ပြောဆိုထားပေမယ့် တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုတွင်ပါဝင်သော အမေရိကန်စစ်သင်္ဘောများတွင် ကန် ့သတ်ဒေသတွင်အသုံးပြု နိုင်သော နျူကလီယားထပ်ဖူးများသယ်ဆောင်ထားခြင်းရှိမရှိကို အမေရိကန်စစ်ဖက်မှ မည်သည့်အခါကမျှဝန်ခံပြောဆိုလေ့မရှိခဲ့ပါ။

သမိုင်းအဆက်ဆက် မြောက်ကိုရီးယားရဲ ့အဓိကမဟာမိတ်လည်းဖြစ်၊ဆရာသမားလည်းဖြစ်တဲ့ တရုတ်နိုင်ငံဟာ ယခုနှစ်ပိုင်းများအတွင်းမြောက်ကိုရီးယားအပေါ်သြဇာသက်ရောက်မှု သိသာစွာကျဆင်းခဲ့ပြီး အမေရိကန်နှင့်ဆန် ့ကျင်ဖက်ပြုရသည့်မဟာဗျူဟာအရသာ မြောက်ကိုရီးအရေးကိစ္စတိုင်းလိုလို အမေရိကန်တို ့အပေါ်ပြစ်တင်ရှုံ ့ချသည့်ကြေငြာချက်များထုတ်ပြန်လေ့ရှိသောလည်း စီးပွါးရေးဖြစ်ထွန်းမှုကိုပိုမိုအာရုံစိုက်လာသည့်မျိုးဆက်သစ်အစိုးရပီပီ ဒေသတွင်းစစ်မက်ဖြစ်ပွါးလာခဲ့ပါက သူ ့အကျိုးစီးပွါးကိုလည်းများစွာထိခိုက်မှာကိုများစွာမလိုလားသဖြင့် မြောက်ကိုရီးယားကြောင့် ခေါင်းခဲနေခဲ့ရတာကြာခဲ့ပါပြီ။

တရုတ်စစ်တပ်မှ တပ်မနဲ ့ချီပြီးမြောက်ကိုရီးယားနဲ ့ထိစပ်နေသောနယ်စပ်ဒေသသို ့တိုးမြှင့်ရွှေ ့ပြောင်းချထားတာဟာလည်း အမေရိကန်တို ့ရဲ ့ယခုတခေါက်စစ်ပြင်ဆင်မှုကို သာမန်ခြိမ်းခြောက်မှုဖြစ်ရပ်အဖြစ်တရုတ်နိုင်ငံမှ သဘောမထားရဲတာကိုပေါ်လွင်စေပါတယ်။ ခေတ်မှီတိုးတက်သောနိုင်ငံများပီပီ စစ်မက်ကိုမလိုလားသောလည်း မြောက်ကိုရီးယားတို ့ဖက်မှ သေမထူးနေမထူးသဘောဖြင့်စစ်ပွဲဖန်တီးခဲ့သောအခါ ဆုံးရှုံးမှု မကြီးမားစေရန်အတွက် ဒေသတွင်းရှိတောင်ကိုရီးယား၊ဂျပန်နိုင်ငံတို ့ကလည်း မိမိတို ့ရဲ ့တပ်ဖွဲ ့များအား စစ်ဖြစ်နိုင်သည့်အမြင့်ဆုံးအနေအထားအထိတပ်လှန် ့ထားကြရပါတယ်။


မြောက်ကိုရီးယားအတွက် အပေါ်ယံအားဖြင့်သာ အမေရိကန်တို ့အပေါ်တုန် ့ပြန်စိန်ခေါ်နေပေမယ့် တကယ်ထိတ်လန် ့နေတာကတော့ အမေရိကန်တို ့ဖက်မှ မည်သည့်အခါမျှကြေငြာလေ့မရှိသည့် ကမ္ဘာ ့ရေပြင်ကျယ်ကြီးများတွင်သွားလာလှုပ်ရှားနေသော အမေရိကန်တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုကြီးများနှင့်အတူ ရေနက်ပိုင်းမှယှဉ်တွဲလိုက်ပါလေ့ရှိသည့် အမေရိကန်ရေငုပ်သင်္ဘောကြီးများဖြစ်ပါတယ်။

 နျူကလီယားထိပ်ဖူးအပါအဝင် တိုက်ချင်းပစ်ဒုံးပျံအထိပါ ရန်သူ ့နိုင်ငံအနီးရောက်သည့်အခါမှသာအချိန်မရွေးပစ်ခတ်နိုင်သည့်အတွက် အဆိုပါ နျူကလီယားစွမ်းအင်သုံးအမေရိကန်ရေငုပ်သင်္ဘောကြီးများအား "ရွေ ့လျားနေသောအသံတိတ်ဒုံးပစ်စင်များ"ဟုလည်းခေါ်ဝေါ်ကြလေ့ရှိပါတယ်။ အမေရိကန်ရေတပ်တွင် တိုက်ချင်းပစ်ဒုံးကျည်တင်ဆောင်ထားသော၊ကရုဇ်ဒုံးကျည်တင်ဆောင်ထားသော၊အခြားရန်သူရေငုပ်သင်္ဘောနှင့်သင်္ဘောများအားချေမှုန်းရေးတာဝန်ထမ်းဆောင်သော စသဖြင့် ရေငုပ်သင်္ဘောအုပ်စုအမျိုးအစား(၃)မျိုးရှိပြီးအားလုံးဟာ နျူကလီယားစွမ်းအင်သုံးဖြစ်ကြသဖြင့် ကမ္ဘာ ့သမုဒ္ဒရာအသီးသီးတွင် လပေါင်းများစွာချီပြီးလှည့်လည်တာဝန်ထမ်းဆောင်နိုင်ကြပါတယ်။ 

Photos : အမေရိကန်ရေတပ်နှင့်တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်ဝဘ်ဆိုက်မှရယူဖေါ်ပြပါသည်။ 

Dr.Myo Tun

Loading...