အသက္ ၆၀ႏွစ္အရြယ္ရွိ အမ်ိဳးသမီးတစ္ဦးေနအိမ္တြင္ အသတ္ခံ - Reader Myanmar

Latest Posts

အသက္ ၆၀ႏွစ္အရြယ္ရွိ အမ်ိဳးသမီးတစ္ဦးေနအိမ္တြင္ အသတ္ခံ





"အသက္ ၆၀ႏွစ္အရြယ္ရွိ အမ်ိဳးသမီးတစ္ဦးေနအိမ္တြင္ အသတ္ခံရ "
မႏၱေလးျမိဳ႔ ခ်မ္းေအးသာစံျမိဳ႔နယ္ရွိ ေနအိမ္တစ္အိမ္တြင္ အသက္ ၆၀ႏွစ္အရြယ္ရွိ အမ်ိဳးသမီးတစ္ဦး လည္ပင္းဓားဒဏ္ရာျဖင့္ ေသဆံုးေနသည္ကိုေတြ႔ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ေသဆံုးသူ အမ်ိဳးသမီးၾကီးသည္ ေနအိမ္တြင္ တစ္ေယာက္တည္းရွိေနခ်ိန္၌ အသတ္ခံရျခင္းျဖစ္ကာ ဧျပီ ၈ရက္ ေန႔လယ္ ၁နာရီပိုင္းက ျဖစ္ပြားခဲ့သည္ဟု အခင္းျဖစ္ေနရာတြင္ ေရာက္ရွိေနသည့္ ခ်မ္းေအးသာစံျမိဳ႔နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သိန္းႏုိင္ကေျပာသည္။
“ေသဆံုးသူက ေဒၚရီျမင့္ အသက္ ၆၀ရွိျပီေျပာတယ္။ စခန္းကို လာအေၾကာင္းၾကားလို႔ လာၾကည့္တာပါ။ ဘယ္လိုျဖစ္တယ္ဆိုတာ စံုစမ္းေနတယ္။ သဲလြန္စရွာေနတယ္။ မႈခင္းရဲတပ္ဖြဲ႔နဲ႔ေပါင္းျပီးေဆာင္ရြက္ေနတယ္။ ” ဟု ရဲမွဴးသိန္းႏုိင္ကေျပာသည္။
ေဒၚရီျမင့္ သည္ ေနအိမ္တြင္ တစ္ဦးတည္းရွိေနခ်ိန္တြင္ အသတ္ခံရျခင္းျဖစ္ျပီး ေနအိမ္ဧည့္ခန္းမွ ေနာက္ေဖးမီးဖိုခန္းသို့ ၄င္းအား တရြတ္တိုက္ဆြဲေခၚသြားသည့္ ေသြးကြက္မ်ားကို ေတြ႔ရွိခဲ့သည္။
“ေန႔ခင္းတစ္နာရီေလာက္က ျဖစ္မယ္။ ေတာ္ေတာ္ေလး ဆိုးဆိုး၀ါး၀ါးေအာ္သံၾကီးၾကားရတယ္။ ကြ်န္ေတာ္နဲ႔ မ်က္ႏွာခ်င္းဆုိင္အိမ္ကလည္းၾကားတယ္။ ထြက္ေတာ့မၾကည့္မိဘူး။ ” ဟု အခင္းျဖစ္သည့္အိမ္အေရွ႔ဘက္မွ အမ်ိဳးသားတစ္ဦးကေျပာသည္။
အဆိုပါ ေသဆံုးမႈႏွင့္ပတ္သက္၍ အေလာင္းအား မႏၱေလးျပည္သူ႔ေဆးရံုၾကီး ပို့ေဆာင္စစ္ေဆးလ်က္ရွိကာ အမွတ္ ၈နယ္ေျမရဲတပ္ဖြဲ႔စခန္းတြင္ အမႈဖြင့္စစ္ေဆးႏုိင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

"အသက် ၆၀နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးနေအိမ်တွင် အသတ်ခံရ "
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၆၀နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး လည်ပင်းဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူ အမျိုးသမီးကြီးသည် နေအိမ်တွင် တစ်ယောက်တည်းရှိနေချိန်၌ အသတ်ခံရခြင်းဖြစ်ကာ ဧပြီ ၈ရက် နေ့လယ် ၁နာရီပိုင်းက ဖြစ်ပွားခဲ့သည်ဟု အခင်းဖြစ်နေရာတွင် ရောက်ရှိနေသည့် ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင်ကပြောသည်။
“သေဆုံးသူက ဒေါ်ရီမြင့် အသက် ၆၀ရှိပြီပြောတယ်။ စခန်းကို လာအကြောင်းကြားလို့ လာကြည့်တာပါ။ ဘယ်လိုဖြစ်တယ်ဆိုတာ စုံစမ်းနေတယ်။ သဲလွန်စရှာနေတယ်။ မှုခင်းရဲတပ်ဖွဲ့နဲ့ပေါင်းပြီးဆောင်ရွက်နေတယ်။ ” ဟု ရဲမှူးသိန်းနိုင်ကပြောသည်။
ဒေါ်ရီမြင့် သည် နေအိမ်တွင် တစ်ဦးတည်းရှိနေချိန်တွင် အသတ်ခံရခြင်းဖြစ်ပြီး နေအိမ်ဧည့်ခန်းမှ နောက်ဖေးမီးဖိုခန်းသို့ ၄င်းအား တရွတ်တိုက်ဆွဲခေါ်သွားသည့် သွေးကွက်များကို တွေ့ရှိခဲ့သည်။ 
“နေ့ခင်းတစ်နာရီလောက်က ဖြစ်မယ်။ တော်တော်လေး ဆိုးဆိုးဝါးဝါးအော်သံကြီးကြားရတယ်။ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်အိမ်ကလည်းကြားတယ်။ ထွက်တော့မကြည့်မိဘူး။ ” ဟု အခင်းဖြစ်သည့်အိမ်အရှေ့ဘက်မှ အမျိုးသားတစ်ဦးကပြောသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီး ပို့ဆောင်စစ်ဆေးလျက်ရှိကာ အမှတ် ၈နယ်မြေရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Loading...