ဓမ္မဘက်တော်သား ဆရာတော် ဦးဝီရသူဆိုပြီး လူကြည့်များနေတဲ့ ရုပ်သံ - Reader Myanmar

Latest Posts

ဓမ္မဘက်တော်သား ဆရာတော် ဦးဝီရသူဆိုပြီး လူကြည့်များနေတဲ့ ရုပ်သံ





ရဟန်းသံဃာအချို့နှင့် အများစုက အင်္ကျီလည်ကတုံးအဖြူနှင့် ပုဆိုးများ ဝတ်ဆင်ထားသည့် လူကြီးလူငယ်များ တရားရုံးပတ်ဝန်းကျင်သို့ အများအပြား စုဝေးလာကြသည်။ ခန့်မှန်းခြေ ၁၀၀ နီးပါးခန့်အထိရှိလာသည်။
မကြာမီတွင် အမျိုးသားရေးဝါဒီ ဦးဝီရသူ ကားဖြင့် ရောက်ရှိလာသည်။ လူအများက စုရုံးကြိုဆိုကြသည်။
ဦးဝီရသူအား လူအုပ်ကြားတွင် တို့းဝှေ့ကာ ဓာတ်ပုံရိုက်ရန်ကြိုးပမ်းသည့် 7day သတင်းစာမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်ဇော်သိုက်အား လူအုပ်က ဝိုင်းဝန်းအော်ဟစ် တွန်းထိုးကြသည်။ စုရုံးစုရုံးဖြစ်သွားကာ သတင်းထောက်က လွတ်ရာသို့ ထွက်ခွာသွားရသည်။
ထို့နောက် ခပ်လှမ်းလှမ်း လက်ဖက်ရည်ဆိုင်တွင် သွားထိုင်နေသောသူ့အား လူငယ်ခြောက်ဦးခန့်က ဆိုင်ထဲဝင်ကာ လိုက်လံမေးမြန်းခဲ့သည်။ အခြေအနေ ဆက်လက်မတင်းမာတော့ဘဲ ပြီးစီးသွားသည်။
ဦးဝီရသူက ကမာရွတ်တရားရုံးနှင့် သုံးအိမ်ကျော်ခန့်ရှိ ဘုန်းကြီးကျောင်းတစ်ခုသို့ ဝင်ရောက်သွားသည်။
ဦးဝီရသူ ကမာရွက်တရားရုံးသို့ ကြွရောက်လာစဉ်ရုပ်သံ ကို အောက်တွင် တွဲတင်ပေးထားပါသည်။
တရားခွင်မှ ထွက်လာသည့် သံဃာများနှင့် လူများအား အပြင်မှစောင့်ဆိုင်းနေသည့် လူအုပ်က လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုကြသည်။
ဦးဝီရသူကမူ တရားရုံးအနီးရှိ ဘုန်းကြီးကျောင်းတွင် တရားရုံးဆုံးဖြတ်ချက်ကျသည်အထိစောင့်ဆိုင်းနေခဲ့သည်။
မကြာမီတွင် အမျိုးသားများ တစ်ဦးနှင့်တစ်ဦး လက်ချိတ်ကာ ဦးဝီရသူပြန်လည်ထွက်ခွာရန် စီစဉ်ပေးကြသည်။
ဦးဝီရသူသည် နှာခေါင်းအုပ်အမည်းကိုစွပ်ပြီး ကားဆီသို့ ခပ်မှန်မှန်လှမ်းသွားကာ ကားနားအရောက်တွင် သတင်းထောက်များအား အနားတိုးလာရန်ခေါ်ယူခဲ့သည်။
ထို့နောက် နှာခေါင်းအုပ်ကိုချွတ်ပြစ်လိုက်ပြီး သူ့ပါးစပ်အား တိတ်အနီနှင့် အနက်ဖြင့် ကြက်ခြေခပ် ပိတ်ထားသည်အား ထုတ်ဖော်ပြပြီး လက်မထောင်ကာ ကားထဲဝင်၍ ထွက်ခွာသွားသည်။ လူအုပ်ကထိုအချိန်တွင် “အမျိုးသားရေးဝါဒ အောင်ရမည်၊ အောင်ရမည်”ဟု အကြိမ်ကြိမ် အော်ဟစ်ကြသည်။
ဦးဝီရသူပြန်လည်ထွက်ခွာချိန် ရုပ်သံကို အောက်တွင် ဖော်ပြထားပါတယ်။
Source & Photo: Frontier Myanmar
Loading...