ပရိသတ်ကို ဇောဒက မတက်ပါဘူးဆိုတဲ့ သားငယ် - Reader Myanmar

Latest Posts

ပရိသတ်ကို ဇောဒက မတက်ပါဘူးဆိုတဲ့ သားငယ်




Myanmar Idol Winner သားငယ်ကတော့ သူ့ရဲ့ ဂီတလမ်းကို စတင်လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ် ။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ Junction Square မှာပြုလုပ်ခဲ့တဲ့ SAI Cosmetix Eye Shadow မိတ်ဆက်ပွဲမှာ ဘန်နီဖြိုး ၊ G-Fatt ၊ Project K ၊ အမရာဖုန်း တို့နဲ့ အတူ သားငယ်က ဝင်ရောက်ဖျော်ဖြေပေးခဲ့ပါတယ် ။



ခုလတ်တလောအနုပညာလှုပ်ရှားမှုအတွက်က Show ပွဲတွေလက်ခံထားပြီး သင်္ကြန်ကိုလဲ သီချင်းဆို ဖြတ်သန်းမယ်လို့ဆိုပါတယ် ။ နောက်ပိုင်းမှာတော့ အခွေထုတ်ဖို့ပြင်ဆင်ထားတာမို့ Solo အခွေထွက်လာဦးမှာပါတဲ့ ။ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုနဲ့ ပါတ်သတ်ပြီးမေးမြန်းရာမှာတော့



" ပရိတ်သတ်တွေကပြောတာကတော့ ကျွန်တော်ကောင်းလဲ ပရိတ်သတ်ပြောမှာပဲ ... ဆိုးလဲပရိတ်သတ်ပြောမှာပဲ ပြောတဲ့အပေါ်မှာ ကျွန်တော်တို့ စောဒက တက်စရာမရှိပါဘူး ။ ပရိတ်သတ်တွေဟာကျွန်တော်ရဲ့ ကျေးဇူးရှင်တွေပါ " တဲ့ အားပေးကြတဲ့ပရိတ်သတ်တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်လို့လဲပြောကြားသွားခဲ့ပါတယ် ။



Source : Myanmar Celebrity


Loading...