ခုိေျပးလာသည့္ စုံတြဲ တည္းခုိခန္းေရွ႕ ထုိင္ေနစဥ္ မီနီဘတ္စ္ ၀င္တုိက္၊ အမ်ဳိးသမီး ေသဆုံး - Reader Myanmar

Latest Posts

ခုိေျပးလာသည့္ စုံတြဲ တည္းခုိခန္းေရွ႕ ထုိင္ေနစဥ္ မီနီဘတ္စ္ ၀င္တုိက္၊ အမ်ဳိးသမီး ေသဆုံး




ရန္ကုန္-မႏၲေလးလမ္း မိုင္တိုင္၃၅၆/၇ မွာ ဧၿပီ ၁၃ ရက္ ေန႔လယ္ ၃ နာရီေလာက္က မ်ဳိးမ်ိဳးတည္းခိုခန္းေရွ႕ ထိုင္ေနတဲ့ဇနီးေမာင္ႏွံကုိ မီနီဘတ္စ္ကားတစီးက ဘီးေပါက္ၿပီး ၀င္တုိက္

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ ရန္ကုန္-မႏၲေလးလမ္း မိုင္တိုင္၃၅၆/၇ မွာ ဧၿပီ ၁၃ ရက္ ေန႔လယ္ ၃ နာရီေလာက္က မ်ဳိးမ်ိဳးတည္းခိုခန္းေရွ႕ ထိုင္ေနတဲ့ဇနီးေမာင္ႏွံကုိ မီနီဘတ္စ္ကားတစီးက ဘီးေပါက္ၿပီး ၀င္တုိက္လုိ႔ အမ်ဳိးသမီး ေသဆုံးသြားပါတယ္။
ေမာင္ေမာင္တို႔စုံတြဲကုိ ၿဖိဳးေမာင္ေမာင္ ေမာင္းလာတဲ့ မီနီဘတ္စ္ကားေရွ႕ဘီး ေပါက္ၿပီးတိုက္မိလုိ႔ ေမာင္ေမာင္နဲ႔ကားေပၚပါလာတဲ့ ေဒၚေငြၿမိဳင္ ဒဏ္ရာရ ၿပီး ေမာင္ေမာင္ရဲ႕ဇနီးကေတာ့ အခင္းျဖစ္ေနရာမွာ ေသဆုံးတယ္လုိ႔ ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ေျပာပါတယ္။
“အခုမွခိုးလာတဲ့အတြဲ ေလာက္ကိုင္္ဘက္ကလုိ႔ သိရတယ္။ ေမာင္ေမာင္က ဝပ္ေရွာ့လုပ္တယ္တဲ့၊ ညာနားထင္ ေပါက္တယ္၊ ပြန္းပဲ႔ကုန္တယ္၊ ေသြးလန္႔ၿပီး ဘာမွမေျပာနိုင္ေသးေတာ့ ေသသြားတဲ့ သူ႔ေကာင္မေလးနာမည္ ေမးလုိ႔မရေသးဘူး၊ ဝမ္းတြင္းေဆး႐ုံတင္ထားရတယ္။ မီနီဘတ္ကားေပၚပါလာတဲ့ ေဒၚေငြၿမိဳင္က ညာဘက္ေပါင္က်ိဳးသြားတယ္၊ ေက်ာက္ဆည္ေဆး႐ုံပုိ႔ထားရတယ္လုိ႔ ဝမ္းတြင္းၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေအာင္ကုိကုိက ေျပာပါတယ္။
“ကားကေျမာက္ဘက္ကုိ ဦးတည္လာတယ္။ ေမာင္ေမာင္တို႔အတြဲက ကားကုိေက်ာေပးၿပီး ေျမာက္ဘက္လွည့္ စကားေျပာေနတယ္။ ကားအရွိန္ကျပင္းေတာ့ တမာပင္ ၂ ပင္ပါ ျပတ္သြားတယ္” လုိ႔ မ်က္ျမင္တဦးျဖစ္တဲ့ ကုိနန္းလႈိင္ကေျပာပါတယ္။
ယာဥ္မဆင္မျခင္ေမာင္းတဲ့ ၿဖိဳးေမာင္ေမာင္ကုိ လူေသဆုံးမႈ ရာဇသတ္ႀကီးပုဒ္မ ၃၀၄(က) နဲ႔ ျပငး္ထန္ဒဏ္ရာရမႈ ရာဇသတ္ႀကီးပုဒ္မ ၃၃၈ နဲ႔ ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ဖမ္းဆီးအမႈဖြင့္ပါတယ္။
သတင္း- ေမာင္ေမာင္လင္း (ဝမ္းတြင္း)
Unicode
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်း မိုင်တိုင်၃၅၆/၇ မှာ ဧပြီ ၁၃ ရက် နေ့လယ် ၃ နာရီလောက်က မျိုးမျိုးတည်းခိုခန်းရှေ့ ထိုင်နေတဲ့ဇနီးမောင်နှံကို မီနီဘတ်စ်ကားတစီးက ဘီးပေါက်ပြီး ဝင်တိုက်လို့ အမျိုးသမီး သေဆုံးသွားပါတယ်။

မောင်မောင်တို့စုံတွဲကို ဖြိုးမောင်မောင် မောင်းလာတဲ့ မီနီဘတ်စ်ကားရှေ့ဘီး ပေါက်ပြီးတိုက်မိလို့ မောင်မောင်နဲ့ကားပေါ်ပါလာတဲ့ ဒေါ်ငွေမြိုင် ဒဏ်ရာရ ပြီး မောင်မောင်ရဲ့ဇနီးကတော့ အခင်းဖြစ်နေရာမှာ သေဆုံးတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

“အခုမှခိုးလာတဲ့အတွဲ လောက်ကိုင်ဘက်ကလို့ သိရတယ်။ မောင်မောင်က ဝပ်ရှော့လုပ်တယ်တဲ့၊ ညာနားထင် ပေါက်တယ်၊ ပွန်းပဲ့ကုန်တယ်၊ သွေးလန့်ပြီး ဘာမှမပြောနိုင်သေးတော့ သေသွားတဲ့ သူ့ကောင်မလေးနာမည် မေးလို့မရသေးဘူး၊ ဝမ်းတွင်းဆေးရုံတင်ထားရတယ်။ မီနီဘတ်ကားပေါ်ပါလာတဲ့ ဒေါ်ငွေမြိုင်က ညာဘက်ပေါင်ကျိုးသွားတယ်၊ ကျောက်ဆည်ဆေးရုံပို့ထားရတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ကိုကိုက ပြောပါတယ်။

“ကားကမြောက်ဘက်ကို ဦးတည်လာတယ်။ မောင်မောင်တို့အတွဲက ကားကိုကျောပေးပြီး မြောက်ဘက်လှည့် စကားပြောနေတယ်။ ကားအရှိန်ကပြင်းတော့ တမာပင် ၂ ပင်ပါ ပြတ်သွားတယ်” လို့ မျက်မြင်တဦးဖြစ်တဲ့ ကိုနန်းလှိုင်ကပြောပါတယ်။

ယာဉ်မဆင်မခြင်မောင်းတဲ့ ဖြိုးမောင်မောင်ကို လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ ပြငး်ထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၃၈ နဲ့ ဝမ်းတွင်းမြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့်ပါတယ်။

သတင်း- မောင်မောင်လင်း (ဝမ်းတွင်း)
Loading...