သမီးအရင္းႏွင့္ေဖာက္ျပန္ေနသည္ဟုဆိုကာ ေနာက္ခင္ပြန္းအားအမႈဖြင့္ - Reader Myanmar

Latest Posts

သမီးအရင္းႏွင့္ေဖာက္ျပန္ေနသည္ဟုဆိုကာ ေနာက္ခင္ပြန္းအားအမႈဖြင့္






သမီးအရင္းႏွင့္ေဖာက္ျပန္ေနသည္ဟုဆိုကာ

အေမျဖစ္သူက၄င္း၏ေနာက္အိမ္ေထာင္အား တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာဥပေဒပုဒ္မ(၁၃)ႏွင့္အမႈဖြင့္ထား

ေရႊေတာင္ ဧၿပီ (၇)ရက္ေန႔ပဲခူးတိုင္းေဒသႀကီး၊ျပည္ခရိုင္၊ေရႊေတာင္ၿမိဳ႕နယ္တြင္ ျပည္ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ဦးစီးအရာရွိတစ္ဦးအား ဇနီးျဖစ္

သူမွတစ္လင္တစ္မယားက်င့္သုံးျခင္းဆိုင္ရာ ဥပေဒပုဒ္မ(၁၃)ျဖင့္ေရႊေတာင္ရဲစခန္း၌လာေရာက္ အမႈဖြင့္ထားေၾကာင္းသိရသည္။


ျဖစ္စဥ္မွာဧၿပီလ(၆)ရက္ေန႔ ေန႔လည္(၁)နာရီ(၃၀)အခ်ိန္ခန႔္ ေရႊေတာင္ၿမိဳ႕၊သရက္ေတာရပ္ကြက္၊ ေအာင္ေျမသာနယ္ေျမ၊ ဝန္ထမ္းအိမ္ယာခြဲမႉး အရာရွိ လိုင္ခန္းေနထိုင္သူ ေဒၚမာလာရီ (၅၄)ႏွစ္၊(ဘ)ဦးေမာင္ဝင္း၊ခ်ည္မၽွင္ႏွင့္အထည္စက္႐ုံဝန္ထမ္းလုပ္ကိုင္သူသည္ ပ

ထမခင္ပြန္းျဖစ္သူ ဦးဝင္းသိန္း ႏွင့္ ၂၀၁ဝခုႏွစ္၊နိုဝင္ဘာ(၂)ရက္ေန႔တြင္တရားဝင္ကြာရွင္းၿပီးေနာက္ ျပည္ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ဦးစီးအရာရွိျဖစ္သူ ဦးသန္းဆင့္(၆၀)ႏွစ္၊(ဘ)ဦးခင္ေမာင္

ႏွင့္ လြန္ခဲ့ေသာ(၇)ႏွစ္ခန႔္က တရားဝင္ေပါင္းသင္း ေနထိုင္ခဲ့ၿပီး ေရႊေတာင္ၿမိဳ႕ခ်ည္မၽွင္စက္႐ုံ ၊အရာရွိ အိမ္ယာလိုင္းခန္းတြင္ ေနထိုင္ခဲ့ကာ ၄င္း၏ခင္ပြန္းေဟာင္း ဦးဝင္းသိန္း ႏွင့္ ရရွိခဲ့ေသာ သမီးျဖစ္သူ မ.....

(၂၂)ႏွစ္၊ (ဘ)ဦးဝင္းသိန္း ၊ခ်ည္မၽွင္ႏွင့္အထည္စက္႐ုံဝန္းတြင္း ေအာင္ေျမသာနယ္ေျမခြဲမႉး အိမ္ယာလိုင္းခန္းေနသူႏွင့္ အဆိုပါေနအိမ္လိုင္းခန္းတြင္ အတူတကြေနထိုင္ခဲ့ၾကသည္ဆို၏။

ထိုသို႔အတူတကြေနထိုင္ခဲ့ၿပီး ခင္ပြန္းျဖစ္သူ ဦးသန္းဆင့္ ႏွင့္မ…... ပေထြးႏွင့္ မယားပါသမီးတို႔မွာ ဧၿပီ(၆)ရက္ေန႔(၆)ရက္ေန႔ ေန႔လည္

(၁)နာရီ(၃၀)အခ်ိန္ခန႔္ အိမ္၏ အိပ္ခန္းထဲတြင္ အဝတ္အစားမရွိပဲ အတူေဖာက္ျပန္ေနၾကသည္ကို ကိုယ္တိုင္ျမင္ေတြ႕ ခဲ့သျဖင့္ ဧၿပီ(၇)ရက္ေန႔ ေန႔လည္(၂)နာရီ(၂၀)အခ်ိန္ခန႔္ ေရႊေတာင္ၿမိဳ႕မရဲစခန္းသို႔လာေရာက္ကာ ေဒၚမာလာရီ မွတရားလိုျပဳလုပ္တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္းရဲတပ္ဖြဲ႕မွသိရသည္။

“အေမလုပ္တဲ့သူက သမီးျဖစ္သူနဲ႔ သူမ၏ေနာက္အိမ္ေထာင္အမ်ိဳးသားတို႔ ေဖာက္ျပန္ေနေၾကာင္း ဒါေၾကာင့္သူ၏ခင္ပြန္းျဖစ္သူ ဦးသန္းဆင့္

အား ဥပေဒအရအေရးယူေပးပါရန္ ရဲစခန္းလာတိုင္လို႔ ပုဒ္မ(၁၃)နဲ႔အမႈဖြင့္ထားတာပါ။သမီးျဖစ္သူကို လက္ရွိမွာအမႈဖြင့္ထားတာမရွိေသးပါ

ဘူး”ဟု အမႈစစ္ ဒုရဲအုပ္ ေဇာ္သန္းထိုက္ကေျပာသည္။

ထို႔ေၾကာင့္ ေဒၚမာလာရီမွ တရားလိုျပဳလုပ္တိုင္တန္းခ်က္အရ ျပည္ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ဦးစီးအရာရွိျဖစ္သူ ဦးသန္းဆင့္

အား ေရႊေတာင္ၿမိဳ႕မရဲစခန္း(ပ)၅၆၀/၁၇၊တစ္လင္တစ္မယားက်င့္သုံးျခင္းဆို္ရာဥပေဒပုဒ္မ-၁၃ ျဖင့္ အမႈဖြင့္ထားၿပီး အမႈအားဒုရဲအုပ္ ေဇာ္သန္းထိုက္ မွ စစ္ေဆးလ်က္ရွိေၾကာင္းသတင္းရရွိသည္။

Source: ျပည္ခရိုင္မႈခင္းႏွင့္သတင္းစုံ

AYK


သမီးအရင်းနှင့်ဖောက်ပြန်နေသည်ဟုဆိုကာ

အမေဖြစ်သူက၄င်း၏နောက်အိမ်ထောင်အား တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ(၁၃)နှင့်အမှုဖွင့်ထား

ရွှေတောင် ဧပြီ (၇)ရက်နေ့ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိတစ်ဦးအား ဇနီးဖြစ်

သူမှတစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၃)ဖြင့်ရွှေတောင်ရဲစခန်း၌လာရောက် အမှုဖွင့်ထားကြောင်းသိရသည်။


ဖြစ်စဉ်မှာဧပြီလ(၆)ရက်နေ့ နေ့လည်(၁)နာရီ(၃၀)အချိန်ခန့် ရွှေတောင်မြို့၊သရက်တောရပ်ကွက်၊ အောင်မြေသာနယ်မြေ၊ ဝန်ထမ်းအိမ်ယာခွဲမှူး အရာရှိ လိုင်ခန်းနေထိုင်သူ ဒေါ်မာလာရီ (၅၄)နှစ်၊(ဘ)ဦးမောင်ဝင်း၊ချည်မျှင်နှင့်အထည်စက်ရုံဝန်ထမ်းလုပ်ကိုင်သူသည် ပ

ထမခင်ပွန်းဖြစ်သူ ဦးဝင်းသိန်း နှင့် ၂၀၁ဝခုနှစ်၊နိုဝင်ဘာ(၂)ရက်နေ့တွင်တရားဝင်ကွာရှင်းပြီးနောက် ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်(၆၀)နှစ်၊(ဘ)ဦးခင်မောင်

နှင့် လွန်ခဲ့သော(၇)နှစ်ခန့်က တရားဝင်ပေါင်းသင်း နေထိုင်ခဲ့ပြီး ရွှေတောင်မြို့ချည်မျှင်စက်ရုံ ၊အရာရှိ အိမ်ယာလိုင်းခန်းတွင် နေထိုင်ခဲ့ကာ ၄င်း၏ခင်ပွန်းဟောင်း ဦးဝင်းသိန်း နှင့် ရရှိခဲ့သော သမီးဖြစ်သူ မ.....

(၂၂)နှစ်၊ (ဘ)ဦးဝင်းသိန်း ၊ချည်မျှင်နှင့်အထည်စက်ရုံဝန်းတွင်း အောင်မြေသာနယ်မြေခွဲမှူး အိမ်ယာလိုင်းခန်းနေသူနှင့် အဆိုပါနေအိမ်လိုင်းခန်းတွင် အတူတကွနေထိုင်ခဲ့ကြသည်ဆို၏။

ထိုသို့အတူတကွနေထိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဦးသန်းဆင့် နှင့်မ…... ပထွေးနှင့် မယားပါသမီးတို့မှာ ဧပြီ(၆)ရက်နေ့(၆)ရက်နေ့ နေ့လည်

(၁)နာရီ(၃၀)အချိန်ခန့် အိမ်၏ အိပ်ခန်းထဲတွင် အဝတ်အစားမရှိပဲ အတူဖောက်ပြန်နေကြသည်ကို ကိုယ်တိုင်မြင်တွေ့ ခဲ့သဖြင့် ဧပြီ(၇)ရက်နေ့ နေ့လည်(၂)နာရီ(၂၀)အချိန်ခန့် ရွှေတောင်မြို့မရဲစခန်းသို့လာရောက်ကာ ဒေါ်မာလာရီ မှတရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့မှသိရသည်။

“အမေလုပ်တဲ့သူက သမီးဖြစ်သူနဲ့ သူမ၏နောက်အိမ်ထောင်အမျိုးသားတို့ ဖောက်ပြန်နေကြောင်း ဒါကြောင့်သူ၏ခင်ပွန်းဖြစ်သူ ဦးသန်းဆင့်

အား ဥပဒေအရအရေးယူပေးပါရန် ရဲစခန်းလာတိုင်လို့ ပုဒ်မ(၁၃)နဲ့အမှုဖွင့်ထားတာပါ။သမီးဖြစ်သူကို လက်ရှိမှာအမှုဖွင့်ထားတာမရှိသေးပါ

ဘူး”ဟု အမှုစစ် ဒုရဲအုပ် ဇော်သန်းထိုက်ကပြောသည်။

ထို့ကြောင့် ဒေါ်မာလာရီမှ တရားလိုပြုလုပ်တိုင်တန်းချက်အရ ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်

အား ရွှေတောင်မြို့မရဲစခန်း(ပ)၅၆၀/၁၇၊တစ်လင်တစ်မယားကျင့်သုံးခြင်းဆို်ရာဥပဒေပုဒ်မ-၁၃ ဖြင့် အမှုဖွင့်ထားပြီး အမှုအားဒုရဲအုပ် ဇော်သန်းထိုက် မှ စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။

Source: ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

AYK
Loading...