ပလတ်စတစ် ဘူးခွံ ကို ပန်ကာ နဲ့တွဲပြီး AIR-CON ဖြစ်အောင်ဖန်တီးမယ် - Reader Myanmar

Latest Posts

ပလတ်စတစ် ဘူးခွံ ကို ပန်ကာ နဲ့တွဲပြီး AIR-CON ဖြစ်အောင်ဖန်တီးမယ်





Credit : momolay

ဖျော်ရည်ဗူးခွံနဲ့ ရေသန် ့ဗူးခွံ တွေကို ပန်ကာနောက်မှာ တပ်ဆင်လိုက်ရင် သိပ်အေးတဲ့ Air-con တစ်လုံးဖြစ်လာနိုင်တယ်ဆိုတာ သိပါသလား။ စိတ်ဝင်စားသွားရင် တူတူလိုက်လုပ်ကြည့်ရအောင်နော်။
Xfuwv6jrurlskhurblsa
ပထမဆုံး ပလတ်စတစ် ဗူးခွံ (၂)ခုလိုပါတယ်။ ဓားတစ်လက်ကို အသုံးပြုပြီး ဗူးခွံရဲ့အောက်ပိုင်းကို ဓားနဲ့ဖြတ်ပါမယ်။ ဗူးခွံပြတ်သွားသည်အထိ မဖြတ်ရပါ။ တစ်ဝက်ကျော်ကျော်လောက်ဆို ရပါတယ်။ နောက် အပါက်ဖောက်တဲ့ ကိရိယာကို အသုံးပြုပြီး ပုံမှာပြထားတဲ့အတိုင်း အပေါက်လေးတွေဖောက်ပါ။ ဗူးခွံ နှစ်ခုရဲ့ အဝဘက်ကို အော်ဘက်မှာထားပြီး သွပ်နန်းကြိုးဖြင့် ပန်ကာ ရဲ့အနောက်ဘက် တစ်ဖက်စီမှာ တွဲချည်ပါ။ ပြီးလျှင် ဗူး ထဲကို ရေခဲတုံး များ ထည့်ပါ။ အားလုံးပြီးသွားပြီဆိုလျှင် ပန်ကာ ကို ဖွင့်လိုက်ပါ။ အေးမြခြင်းကို အသေအချာခံစားရမှာ သေချာပါတယ်။
Dxlfngam0dj8syyub6yg
Credit : momolay

Loading...