"NLD အမတ်တွေကို အချဉ်ဖမ်းပြီး ပြည်သူ့ဘဏ္ဍာ ခိုးပြီး ညိုမလိုဆိုဘဲ" - Reader Myanmar

Latest Posts

"NLD အမတ်တွေကို အချဉ်ဖမ်းပြီး ပြည်သူ့ဘဏ္ဍာ ခိုးပြီး ညိုမလိုဆိုဘဲ"




Image may contain: 2 people, people sitting

ဘီလင်းက မသီရိတို့ အပိုင်ဖြစ်တဲ့ ကဒီပုကျေးရွှာမှာ တွဲလက် ဆိုတဲ့ ကုမ္ပဏီ က တာဝန်ယူ တည်ဆောက်နေတဲ့ ကျပ် ( ၆၃ ) သန်း - ကျေးလက်ကျန်မာရေး ဌါနခွဲ အဆောက်အဦးကို မသီရိတို့ ဒီနေ့
သွားရောက် စစ်ဆေးတော့ ကိုးလက်မသာသာ အနက်သာမြေဝင်တူးထားပြီး အပေါ်မှာလည်း အုတ်တွေကို စီချင်သလိုဖြစ်သလိုစီထားတာတွေ့ရ
တော့ ဒေါတွေကန်ပြီး အကုန်ပြန်ဖျက်ခိုင်ပြီး သတ်မှတ်ထားအတိုင်း 
ပြန်လုပ်ပေးရင်ပေး မပေးရင် တရားစွဲမယ်လို့ ပွဲကြမ်းကျတယ်ဆိုဘဲ့။ 
-
အဲဒီတော့ အလုပ်သမားခေါင်ဆောင်က အဓိပ္ပါယ်ပါပါ နဲ့ မသီရိနား
ကပ်ပြီး အမတို့စိတ်ကျေနပ်တဲ့ထိ လုပ်ပေးပါမယ်လို့ အနာကပ်
ပြောတော့ ဟိုကပိုပေါက်ကွဲ တာပေါ့။
-
ပြည်သူပိုင်အဆောက်အဦးမို့ဖြစ်သလိုလုပ် မယ်ဆိုတဲ့ စိတ်ဓာတ်တွေ
ခေါက်ရိုးကျိုးနေသ၍တော့ ကျမတို့မစစ်ဆေးနိုင်တဲ့တစ်နေ့ ပြည်သူ့
ဘဏ္ဍာတွေ ယိုဖိတ်နေဦးမှာပါပဲ။ ပြည်သူ့ဘဏ္ဍာကိုဖွံ့ဖြိုးရေး အတွက်
အပြည့်အဝသုံးပေးပြီး အမှားအယွင်းမခံတဲ့ ညှိလို့လည်းမရလာဘ်ပေး
လို့လည်းလက်မခံတဲ့ပြည်သူု့အစိုးရနဲ့ဆုံလာတဲ့ ခေါက်ရိုးကျိုး ညှိနေကျ
တွေအဖို့တော့ ကျမတို့ကိုတော်တော်လေး မုန်းနေမှာပါပဲ။
-
မစစ်ရင် မစစ်သလိုခိုပြီးလုပ်လို့ရတယ်ဆိုတဲ့ခေတ်က ကုန်သွားပြီမို့ ပြန်ဖျက်ပြင် ဖို့သာလုပ်တော့ လို့ပြောခဲ့တယ်။ ဒီလိုပဲဆက်လုပ်ရင်
တော့တရားစွဲဖို့ တစ်လမ်းပဲရှိတော့တယ်လို့ ပွဲကြမ်းကြပြီလေ။
-
NLD အမျိုးသမီးလွှတ်တော်အမတ်တွေ လျော့တွက်ပြီး ခိုးလို့ရရင် တစ်ယောက်တ၀က် လုပ်မယ်ဆိုတဲ့ အရင်ကောင်တွေလို သွေးထိုးစမ်း
တာ ကဲဘယ်နှယ်ရှိစ - တဲနှယ် တူးနှယ် တဲနှယ် ( ခ်ခ် )






========
သီရိရတနာ
Loading...