Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်းကို ရန်ကုန်မှာ ထပ်မံတရားစွဲ - Reader Myanmar

Latest Posts

Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်းကို ရန်ကုန်မှာ ထပ်မံတရားစွဲ





ဆရာတော်ဦးဝီရသူနဲ့ မဘသ အဖွဲ့အစည်းအပေါ် ဝေဖန်ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက်ရပ်ကွက်မှာ နေထိုင်သူ ကိုသက်မျိုးဦးဆိုသူက ကျောက်တံတားမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
တရားစွဲဆိုသူကိုသက်မျိုးဦးက မည်သည့် အဖွဲ့အစည်းကိုမှ ဝင်ရောက်ထားခြင်းမရှိဘဲ ပြည်သူတစ်ဦးအနေနဲ့ တရားစွဲဆိုတာဖြစ်ပြီး ဆရာတော်ဦးဝီရသူနဲ့ ဩဝါဒါစရိယ ဆရာတော်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ မဘသအဖွဲ့အစည်းကို အဓမ္မအဖွဲ့အစည်းလို့ သုံးနှုန်း ပြောဆိုခဲ့လို့ ကိုးကွယ်သူတွေနဲ့ အခြားဘာသာဝင်တွေ အထင်အမြင်သေးစေဖို့ ရည်ရွယ်ပြောဆိုတယ်လို့ယူဆတာကြောင့် တရားစွဲဆိုရတာဖြစ်တယ်လို့  ကိုသက်မျိုးဦးက ပြောပါတယ်။
“အခုလိုအမှုဖွင့်ရတာဟာ ချစ်လို့မုန်းလို့မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ သူပြောခဲ့တဲ့စကားလုံးတွေဟာ အင်မတန်စိတ်မကောင်းစရာ ဖြစ်တယ်၊ အခုအမှုဖွင့်တာနဲ့ပတ်သက်လို့ဆရာတော်ဦးဝီရသူကတော့ ပုဂ္ဂိုလ်ရေးအရ ပြောတာ ဖြစ်တဲ့အတွက် ခွင့်ပြုပေးဖို့စာနဲ့တောင်းဆိုခဲ့တယ်၊ သူကလည်း ကန့်ကွက်စရာ မရှိပါဘူးလို့စာနဲ့အကြောင်း ပြန်ခဲ့ပါတယ်၊ မဘသအဖွဲ့အစည်းကတော့သံဃာတော်အဖွဲ့အစည်း ဖြစ်တဲ့အတွက်ခွင့်ပြုချက်မတောင်းခဲ့ပါဘူး”လို့ ကိုသက်မျိုးညွန့်က ပြောပါတယ်။
မတ်လ ၈ ရက်မွန်းလွဲ ၂ နာရီမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ အယ်ဒီတာချုပ်ကိုဆွေဝင်းက ဦးဝီရသူကို အပြစ်ပေးအရေးယူဖို့နဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာတွေကို တရားရုံးကို လျှောက်ထားချက်မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒီအမှုကို ကျောက်တံတား မြို့နယ်တရားရုံးက ရာကြီး ၆၈/ ၂၀၁၇ နဲ့ လက်ခံဆောင်ရွက်ထားပြီး ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂(၁)အရ ကျောက်တံတား မြို့မရဲစခန်းကို စစ်ဆေးပေးဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ အဆိုပါမြို့နယ်တရားရုံးကနေ သိရပါတယ်။
Source : The Voice
Loading...