Myanmar Idol ဘီလီလမင်းအေး တဆင့်ပြီးတဆင့် တက်လာတာ ဘာ့ကြောင့်လဲ - Reader Myanmar

Latest Posts

Myanmar Idol ဘီလီလမင်းအေး တဆင့်ပြီးတဆင့် တက်လာတာ ဘာ့ကြောင့်လဲ






MM Idol မှာ ဘီလီလမင်းအေး တဆင့်ပြီးတဆင့် တက်လာတော့ တချို့က ပြောကြတယ်… … “ဒါ ယောက်ျားတွေ ဖွန်ကြောင်ပြီး ဗုတ်လို့”… တဲ့။

မှားပါတယ် လုံးလုံးလျားလျားကို မှားတယ်။ ဒါ ယောက်ျားတွေရဲ့ သဘာဝကို နားမလည်လို့ ပြောကြတာ။ ‘ဘယ်ယော က်ျားမှ တစိမ်းမိန်းမတစ်ယောက်အတွက် အလကားနေရင်း ပိုက်ဆံအကုန်မခံပါဘူး’…။


ကိုယ်နဲ့ ရှေ့ဆက်ရန် ဇာတ်လမ်းမရှိတဲ့ မိန်းမတစ်ယောက်အတွက်၊ ရှေ့မှာ ဘာအမျှော်အမြင်မှ မရှိနိုင်တဲ့ မိန်းမတစ်ေ ယာက်အတွက် ဘယ်ယောက်ျားမှ အခြောက်တိုက် ပိုက်ဆံအကုန်မခံဘူး။ ဒါမျိုးတွေက မိန်းမတွေပဲလုပ်ကြတာ မိန်းမ သဘာဝဆို ပိုမှန်မယ်။

ဒီမယ်ကြည့်… ပန်းကုံးစွပ်တဲ့ ဥပမာလေး ပြောပြမယ်…. ဇာတ်မင်းသားလေးကို မိန်းမတွေ ပန်းကုံးတက်စွပ်တယ်
(ဘာမျှော်လင့်ချက်မှ မရှိဘူး၊ ချစ်လို့ ခင်လို့ စွပ်တာ)။ အေး… စင်တင်မှာ အဆိုတော်ကောင်မလေးကို ပုရိသတွေ ပန်း ကုံးတက်စွပ်တယ်… (ဟွင်း… ဟွင်း… ဒါ အင်ထရိုဝင်နေတာ၊ အတီးပိုက်က နောက်က လာတော့မှာ၊ ရှေ့ ဇာတ်လမ်း ဆက်ဖို့ အစပျိုးနေတာ၊ အလကား ပိုက်ဆံအကုန်ခံနေတာ မဟုတ်ဘူး)

နောက်တခုကြည့်… စိုင်းစိုင်းခမ်းလှိုင် နူတ်ခမ်းနီထုတ်တယ် မိန်းကလေးတွေက အဲ့နူတ်ခမ်းနီကို ကြိုက်ကြိုက် မကြို က် ကြိုက် အလုအယက် ဝယ်ကြတယ် ဘာလို့လဲ စိုင်းစိုင်းကို ချစ်လို့ ခင်လို့လေ၊ ဘာမျှော်လင့်ချက်နဲ့မှ မဟုတ်ဘူးလေ။

အဲ… နီနီခင်ဇော် နူတ်ခမ်းနီထုတ်ရောင်းတယ် ဘယ်သကောင့်သားများ ဝယ်တာတွေ့လဲ? လှည့်ကို မကြည့်တာ၊ ကျုပ်တို့ ယောက်ျားတွေ နီနီခင်ဇော်ကြီးကို စိတ်မဝင်စားပဲ နေမလား? ဒီလောက်ကောင်းတာကြီးကို (သီချင်းဆိုတာ ပြောပါတယ်) ဒါပေမယ့် နီနီခင်ဇော်ဟာကို မဝယ်ဘူး ကျုပ်တို့က။


ချုပ်ပြီးပြောရရင်… ဘီလီလေး ဒီအဆင့်ထိရောက်တာ ကျုပ်တို့ ယောက်ျားတွေနဲ့ မဆိုင်ဘူး။ ခင်ဗျားတို့ ပြောချင်ရင် MPT ကိုပြော။ MPT လုပ်ချင်ရာ လုပ်နေတာ။ MPT က အရူးလုပ်ပြီး အချဉ်ဖမ်းနေတာ။

ဒါပေမယ့်… တခုတော့ပြောလိုက်မယ်… … “ဒီ နောက်ဆုံးအဆင့်မှာ မတော်တဆ ဘီလီလေး ရှုံးနိမ့်ပြီး winner ဆု ကားကြီး မရခဲ့ရင် အဲ့ကားနဲ့ တပုံစံထဲတူတဲ့ကား ကျနော် ဝယ်ပေးမှာ” ဘာမှ လာမပြောနဲ့ အမွေ သိန်း ၂၇၀၀ ရထားတာ မကြာသေးဘူး။

ဒါဗြဲ ….သန်၎ကို – သီချင်းများကို နှလုံးသားဖြင့် နားထောင်သူ။

Credit
Loading...