Facebook သံုးတဲ့ မိဘေတြ သတိထားၾကဖို႔ အျဖစ္အပ်က္ေလးပါ - Reader Myanmar

Latest Posts

Facebook သံုးတဲ့ မိဘေတြ သတိထားၾကဖို႔ အျဖစ္အပ်က္ေလးပါ





လူတစ္ေယာက္က friend request ပို႔လာတယ္။ သူ႔ကုိ မသိေပမယ့္ သူ႔ပရုိဖုိင္ကုိ ၾကည့္တဲ့အခါ ရည္ရည္မြန္မြန္ပံုစံရွိတာေၾကာင့္ လက္ခံလုိက္တယ္။
ဒီေန႔ သမီးေလး ေက်ာငး္စတက္တဲ့ေန႔။ သမီးေလးက ေက်ာင္းယူနီေဖာင္းေလးနဲ႔ ခ်စ္စရာေကာင္းလုိက္တာ။ အဲဒါနဲ႔ သမီးေလးကို ဓာတ္ပံုေလးရုိက္ေပးၿပီး ေဖ့စ္ဘုတ္ခ္ေပၚ ပံုတင္လုိက္တယ္။ ဒါမွ ကုိယ့္မိတ္ေဆြေတြေရာ၊ ေဆြမ်ိဳးေတြေရာ အားလံုးေတြ႕ၾကမွာ။
သမီးေလးကို ေက်ာင္းလုိက္ပို႔ရင္း ေက်ာင္းေရာက္တဲ့အခါ ကိုယ္ checkin ဝင္တယ္။ “သမီးေလး ဒီေလာက္အရြယ္ေရာက္လာလိမ့္မယ္လုိ႔ ကြ်န္မ မထင္ဘူး။ အခ်ိန္ေတြ အကုန္ျမန္လုိက္တာေနာ္။ ေက်ာင္းသူႀကီးရဲ႕ ေမေမတစ္ေယာက္ ျဖစ္ခြင့္ရၿပီရွင့္” လုိ႔ေဖ့စ္ဘုတ္ခ္မွာ တင္လုိက္တယ္။
ဒီအခ်ိန္မွာ ကိုယ့္ကုိ friend request ပို႔ၿပီး ကိုယ္မသိဘဲလက္ခံလုိက္တဲ့သူဟာ ေက်ာင္းယူနီေဖာင္းေလးနဲ႔ ခ်စ္စရာေကာငး္လွတဲ့ သမီးေလးရဲ႕ပံုကို သူ႔ဖုန္းထဲ save ၿပီး ဒီလုိစာကပ္၊ တစ္ကမၻာလံုးကို ျဖန္႔ေနပါၿပီ။
“အေမရိကန္မိန္းကေလး၊ ၅ ႏွစ္၊ ဆံပင္ညိဳ၊ မ်က္လံုးညိဳ၊ ေဒၚလာ ၅၀၀၀”
ကုိယ္ဟာ သမီးေလးရဲ႕ဓာတ္ပံုကို လူကုန္ကူးသူလက္ထဲ ထည့္ေပးရံုမွွ်မက ကေလးတက္ေနတဲ့ေက်ာင္း လိပ္စာနဲ႔နာမည္ကိုပါ ထုတ္ေျပာခဲ့တာကိုး။
အဲဒီေန႔ညေန ၃ နာရီမွာ သမီးေလးကို သြားႀကိဳတဲ့အခါ သမီးမရွိေတာ့ပါဘူး။
ကိုယ့္ရဲ႕ရင္ေသြးရတနာေလးကို အသက္ ၄၃ ႏွစ္အရြယ္ ကေလးမုဆုိးတစ္ေယာက္က ဒီမနက္ ကိုယ္ေက်ာင္းဝင္းထဲက မထြက္ခင္မွာတင္ ေခၚေဆာင္သြားပါၿပီ။ အခုဆုိရင္ ကေလးဟာ ေခါင္းေပၚမွာ အိတ္ႀကီးတစ္အိတ္ အစြပ္ခံရလုိ႔ ေၾကာက္လန္႔ရင္း၊ ငိုေၾကြးရင္း၊ မိဘေတြကို တမ္းတရင္း၊ ေနာက္ဘာဆက္ျဖစ္မလဲ ေတြးၿပီး အားငယ္ရင္း ေတာင္အာဖရိကကုိ သြားရာလမ္းေပၚ ေရာက္ေနပါၿပီ။ သမီးေလးရဲ႕ ဒီအျဖစ္အပ်က္ကုိ မိဘေတြ လံုးဝမသိႏိုင္ေတာ့ပါဘူး။
အဲဒါေၾကာင့္ ေဖ့စ္ဘုတ္ခ္ေပၚမွာ လူစိမ္းေတြလာ add ရင္ လံုးဝလက္မခံပါနဲ႔ေတာ့။
ကိုယ့္ဘဝရဲ႕ ကိစၥအဝဝကုိ ေဖ့စ္ဘုတ္ခ္ေပၚတင္တာေတြ ရပ္လုိက္ပါေတာ့။
သားသမီးေတြကို ဘယ္ေလာက္ခ်စ္ခ်စ္ ကိုယ့္ profile picture အျဖစ္မေျပာင္းပါနဲ႔ေတာ့။
မိဘတုိင္း၊ သားသမီးတုိင္းအတြက္လည္း ဒီဇာတ္လမ္းေလးကို ရွဲေပးပါ။
(ကေလးေတြကို နည္းမ်ိဳးစံုနဲ႔ ခုိးယူ၊ အျမတ္ထုတ္မႈဟာ တစ္ကမၻာလံုးမွာ ျဖစ္ပြားေနပါတယ္။ ျမန္မာျပည္မွာ ဒါမ်ိဳးမျဖစ္ႏိုင္ဘူးဆုိၿပီး မေပါ့ဆၾကရေအာင္ ဘာသာျပန္လုိက္ပါတယ္။)
စုျပည့္စံု

Unicode 

လူတစ်ယောက်က friend request ပို့လာတယ်။ သူ့ကို မသိပေမယ့် သူ့ပရိုဖိုင်ကို ကြည့်တဲ့အခါ ရည်ရည်မွန်မွန်ပုံစံရှိတာကြောင့် လက်ခံလိုက်တယ်။
ဒီနေ့ သမီးလေး ကျောငး်စတက်တဲ့နေ့။ သမီးလေးက ကျောင်းယူနီဖောင်းလေးနဲ့ ချစ်စရာကောင်းလိုက်တာ။ အဲဒါနဲ့ သမီးလေးကို ဓာတ်ပုံလေးရိုက်ပေးပြီး ဖေ့စ်ဘုတ်ခ်ပေါ် ပုံတင်လိုက်တယ်။ ဒါမှ ကိုယ့်မိတ်ဆွေတွေရော၊ ဆွေမျိုးတွေရော အားလုံးတွေ့ကြမှာ။
သမီးလေးကို ကျောင်းလိုက်ပို့ရင်း ကျောင်းရောက်တဲ့အခါ ကိုယ် checkin ဝင်တယ်။ “သမီးလေး ဒီလောက်အရွယ်ရောက်လာလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ အချိန်တွေ အကုန်မြန်လိုက်တာနော်။ ကျောင်းသူကြီးရဲ့ မေမေတစ်ယောက် ဖြစ်ခွင့်ရပြီရှင့်” လို့ဖေ့စ်ဘုတ်ခ်မှာ တင်လိုက်တယ်။
ဒီအချိန်မှာ ကိုယ့်ကို friend request ပို့ပြီး ကိုယ်မသိဘဲလက်ခံလိုက်တဲ့သူဟာ ကျောင်းယူနီဖောင်းလေးနဲ့ ချစ်စရာကောငး်လှတဲ့ သမီးလေးရဲ့ပုံကို သူ့ဖုန်းထဲ save ပြီး ဒီလိုစာကပ်၊ တစ်ကမ္ဘာလုံးကို ဖြန့်နေပါပြီ။
“အမေရိကန်မိန်းကလေး၊ ၅ နှစ်၊ ဆံပင်ညို၊ မျက်လုံးညို၊ ဒေါ်လာ ၅၀၀၀”
ကိုယ်ဟာ သမီးလေးရဲ့ဓာတ်ပုံကို လူကုန်ကူးသူလက်ထဲ ထည့်ပေးရုံမျှှမက ကလေးတက်နေတဲ့ကျောင်း လိပ်စာနဲ့နာမည်ကိုပါ ထုတ်ပြောခဲ့တာကိုး။
အဲဒီနေ့ညနေ ၃ နာရီမှာ သမီးလေးကို သွားကြိုတဲ့အခါ သမီးမရှိတော့ပါဘူး။
ကိုယ့်ရဲ့ရင်သွေးရတနာလေးကို အသက် ၄၃ နှစ်အရွယ် ကလေးမုဆိုးတစ်ယောက်က ဒီမနက် ကိုယ်ကျောင်းဝင်းထဲက မထွက်ခင်မှာတင် ခေါ်ဆောင်သွားပါပြီ။ အခုဆိုရင် ကလေးဟာ ခေါင်းပေါ်မှာ အိတ်ကြီးတစ်အိတ် အစွပ်ခံရလို့ ကြောက်လန့်ရင်း၊ ငိုကြွေးရင်း၊ မိဘတွေကို တမ်းတရင်း၊ နောက်ဘာဆက်ဖြစ်မလဲ တွေးပြီး အားငယ်ရင်း တောင်အာဖရိကကို သွားရာလမ်းပေါ် ရောက်နေပါပြီ။ သမီးလေးရဲ့ ဒီအဖြစ်အပျက်ကို မိဘတွေ လုံးဝမသိနိုင်တော့ပါဘူး။
အဲဒါကြောင့် ဖေ့စ်ဘုတ်ခ်ပေါ်မှာ လူစိမ်းတွေလာ add ရင် လုံးဝလက်မခံပါနဲ့တော့။
ကိုယ့်ဘဝရဲ့ ကိစ္စအဝဝကို ဖေ့စ်ဘုတ်ခ်ပေါ်တင်တာတွေ ရပ်လိုက်ပါတော့။
သားသမီးတွေကို ဘယ်လောက်ချစ်ချစ် ကိုယ့် profile picture အဖြစ်မပြောင်းပါနဲ့တော့။
မိဘတိုင်း၊ သားသမီးတိုင်းအတွက်လည်း ဒီဇာတ်လမ်းလေးကို ရှဲပေးပါ။
(ကလေးတွေကို နည်းမျိုးစုံနဲ့ ခိုးယူ၊ အမြတ်ထုတ်မှုဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေပါတယ်။ မြန်မာပြည်မှာ ဒါမျိုးမဖြစ်နိုင်ဘူးဆိုပြီး မပေါ့ဆကြရအောင် ဘာသာပြန်လိုက်ပါတယ်။)
စုပြည့်စုံ


Loading...