ထိုင်းနိုင်ငံတွင် မြန်မာ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ဖို့ ကြိုးစားသူကို CCTV မှရတဲ့ ရုပ်သံ - Reader Myanmar

Latest Posts

ထိုင်းနိုင်ငံတွင် မြန်မာ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ဖို့ ကြိုးစားသူကို CCTV မှရတဲ့ ရုပ်သံ






ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့နယ်မှာ ၁၈.၃.၂၀၁၇ က အသက် (၂၁ ) နှစ်အရွယ် မြန်မာ မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြိုးစားသူကို အဆိုပါမိန်းကလေးက ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရင်း ကြက်သွန်လှီးသောဓါးဖြင့် ထိုးမိရာမှ အဓမ္မ ကျင့် ရန်ကြံရွယ်သူမှာ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည်)

မစုစုဇင် သည် တစ်ယောက်တည်း အခန်းငှားနေသူဖြစ်ပါသည်။ အခင်းမဖြစ်ပွားခင် မနက် ၇ နာရီတွင် မစုစုဇင်သည် ရေ ချိုးပြီး အလုပ်သွားရန် ပြင်ဆင်ချိန်တွင် အခန်းတံခါးကို ခေါက်သံကြားလိုက်သည်။ အခန်းဘေးနားက အမ လာခေါက် တ ယ်လို့ထင်ပြီး တံခါးဖွင့်လိုက်သည်။


CCTV မှာမြင်ရတဲ့အတိုင်း ယောက်င်္ကျားတစ်ယောက် အင်္ကျီအဖြူနဲ့ ဂျင်းဘောင်းဘီ သည် မစုစုဇင်ရဲ့အခန်းထဲကို ဝင်သွားတာတွေ့ ရမှာပါ။
ဒါပေမဲ့တံခါးဖွင့်ရာတွင် အခန်းဘေးနားကအမ မဟုတ်ပဲ ယောက်ကျားတစ်ဦး ဖြစ်ပြီး အခန်းထဲကို ဓမ္မအတင်းဝင်လာပြီး မစုစုဇင်ကို အော်ရင်သတ်ပြစ်မည်ဟု ခြိမ်းခြောက်သည်။  ထိုရာတွင် အဓမ္မပြုကျင့်ရန် ကြိုးစားတဲ့အတွက် ကြောက်လန့် တကြား မီးဖိုချောင်သုံး ကြက်သွန်လှီးဓါးနဲ့ လည်ပင်းကို ထိုးလိုက်မိပြီး အထိုးခံရသူ ပွဲချင်းပြီးသေဆုံး ခဲ့သည်။





Loading...