အသက်(၁၂)အရွယ် အမျိုးသမီးငယ်အားသားမယားအဖြစ်ပြုကျင့်ခံရသည့် သက်ငယ်မုဒိမ်းမှုဖြစ်ပွား - Reader Myanmar

Latest Posts

အသက်(၁၂)အရွယ် အမျိုးသမီးငယ်အားသားမယားအဖြစ်ပြုကျင့်ခံရသည့် သက်ငယ်မုဒိမ်းမှုဖြစ်ပွား






ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊မဲကနယ်ကျေးရွာတွင် မိခင်နှင့်အတူနေထိုင်သော အသက်(၁၂)နှစ်အရွယ် အမျိုးသမီးငယ်အား မြ၀တီမြို့၊အမှတ်(၄)ရပ်ကွက်၊အောင်မြေရွှေဘုံ(၁)လမ်းနေ အဒေါ်ဖြစ်သူမှ
အလည်လာခေါ်၍ ထည့်လိုက်ရာအဒေါ်ဖြစ်သူနေအိမ်အရောက်
ညပိုင်းတွင် ၁၂နှစ်အရွယ် မ××××မှာ အိမ်ချင်းကပ်လျှက်ခေါင်းရင်းဘက်ရှိ ထွန်းထွန်းနိုင်၏ နေအိမ်၌ အိပ်ပျော်အိပ်စဉ် သာမယားအဖြစ်ပြုကျင့်ခြင်း
ခံခဲ့ရသည်။
ဖြစ်စဉ်မှာ ၂၄-၃-၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဒေါ်ဝင်းချေ၊ ၃၈နှစ်၊(ဘ)ဦးရင်သိန်းမောင်၊ ခစတ(၁၀၂၂)တပ်ဝန်း၊ အတွင်းမဲကနယ်ကျေးရွာ၊မြ၀တီမြို့နယ်နေသူမှခင်ပွန်းဖြစ်သူ၏ညီမ(ယောင်းမ)တော်စပ်သူ မဌေးဌေးဝင်း၊ ၃၀နှစ်၊(ဘ)ဦးကိုကိုကြီး အား ဖုန်းဖြင့်ဆက်သွယ်၍ သမီးဖြစ်သူ မ××××၊၁၂နှစ်အား အလည်ခေါ်ရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ
ယောင်းမဖြစ်သူ မဌေးဌေးဝင်းမှ ၎င်း၏သားဖြစ်သူ ပိုင်ပိုင်နှင့်အတူဆိုင်ကယ် ကယ်ရီဖြင့် လာရောက်ခေါ်ဆောင်သ၍မ×××၊၁၂နှစ်အားထည့်ပေး
လိုက်ကြောင်း၊ ၂၅-၃-၂၀၁၇ ရက်နေ့ နံနက်(၁၁)နာရီအချိန်ခန့်
တွင်သမီးဖြစ်သူမှာ ဆိုင်ကယ်ကယ်ရီဖြင့် တစ်ဦးတည်းပြန်လည်ရောက်ရှိ
လာပြီး မျက်နှာမကောင်း၍ မေးကြည့်ရာ မ×××မှာ အဒေါ်ဖြစ်သူနေအိမ်သို့ အလည်လိုက်သွားစဉ် ၂၄-၃-၂၀၁၇ ရက်နေ့ ညတွင် အဒေါ်ဖြစ်သူ၏
နေအိမ်ခေါင်းရင်းဘက်ရှိ ထွန်းထွန်းနိုင်၏ နေအိမ်၌အိပ်နေခဲ့စဉ် ၂၅-၃-၂၀၁၇ ရက်နေ့ နံနက် (၃)နာရီခွဲအချိန်ခန့်တွင် ထွန်းထွန်းနိုင်မှ
သမီးဖြစ်သူ မ×××အား သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိရ၍ ဒေါ်ဝင်းချေမှ တရားလိုပြုလုပ်ကာ ၂၅-၃-၂၀၁၇ ရက်နေ့ ည ၉နာရီ
မိနစ် ၂၀ အချိန်မြ၀တီမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် မြ၀တီမြို့မရဲစခန်း၏ အမှုကြီးအမှတ်စဉ် (၉/၂၀၁၇)၊(ပ)၂၆၉/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုရေးဖွင့်ပြီး အမှုအားမြ၀တီမြို့မရဲစခန်းမှူး ဒုတိယရဲမှူး
ကိုကိုနိုင်မှ စစ်ဆေးပြီး အမှုစစ်မှ ၂၅-၃-၂၀၁၇ ရက်နေ့ ည(၉)နာရီ၊
(၃၅)မိနစ်အချိန်တွင် အစွပ်စွဲခံရသူ ထွန်းထွန်းနိုင်အား အမှုဖြင့်ဖမ်းဆီး
ကာ စစ်ဆေးဆောင်ရွက်လျှက်ရှိသည်
မင်းသူ(ဘားအံ)
ဘားအံသတင်း@#ZMT
Loading...