အသက် ၂၀ နှစ်အရွယ် အမျိုးသမီး တစ်ဦး အရှင်လတ်လတ် မီးရှို့ခံရ - Reader Myanmar
Latest Posts
အသက် ၂၀ နှစ်အရွယ် အမျိုးသမီး တစ်ဦး အရှင်လတ်လတ် မီးရှို့ခံရ
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ် ဂျို့ဒ်ပါးရ်မြို့အနီး ရွာ တစ်ရွာတွင် သစ်ပင် ခုတ်လှဲရာတွင် ဆန့်ကျင်ကန့်ကွက်သဖြင့် အသက် ၂၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို အရှင်လတ်လတ် မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဒီအမှုကို သက်သေပြနိုင်မှာပါ၊ မကြာခင်မှာ စွပ်စွဲခံရသူတွေကို ဖမ်းဆီးနိုင်တော့မှာပါ” ဟု အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောသည်။
(Xinhua)
Unicode
အိန္ဒိယနိ်ုင်ငံ အနောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ် ဂျို့ဒ်ပါးရ်မြို့အနီး ရွာ တစ်ရွာတွင် သစ်ပင် ခုတ်လှဲရာတွင် ဆန့်ကျင်ကန့်ကွက်သဖြင့် အသက် ၂၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို အရှင်လတ်လတ် မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ မီးရှို့မှုမှာ မတ်လ ၂၆ ရက်တွင် ဖြစ်ပွားခဲ့ပြီး မတ်လ ၂၇ ရက် နံနက်အစောပိုင်းတွင် အဆိုပါ အမျိုးသမီးမှာ ဒဏ်ရာများနှင့်အတူ ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။
ရဲများ၏ အဆိုအရ လယ်လီတာ (Lalita) အမည်ရှိသော အမျိုးသမီးသည် ၎င်း၏ ရွာအနီး လမ်းဖောက်ရန် အတွက် ၎င်း၏ လယ်ကွက်အတွင်းရှိ သစ်ပင်များအား ခုတ်လှဲခြင်းကို ကန့်ကွက်ခဲ့ကြောင်း သိရသည်။
သေးငယ်သော အငြင်းပွားမှုဖြင့် စတင်ခဲ့သော်လည်း တဖြည်းဖြည်း အရှိန်မြင့်တက်လာခဲ့ပြီး ရွာသားအုပ်စုက အမျိုးသမီးအား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကျေးရွာသူကြီး Ranveer Singh ကိုယ်တိုင်ပါဝင်ခဲ့ပြီး အဆိုပါ ရွာသား အုပ်စုမှာ ထိုမျှနှင့် ရပ်တန့်မသွားဘဲ အမျိုးသမီး၏ ကိ်ုယ်ပေါ်သို့ ဓာတ်ဆီများ လောင်းချကာ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
“ဒီအမှုကို သက်သေပြနိုင်မှာပါ၊ မကြာခင်မှာ စွပ်စွဲခံရသူတွေကိ်ု ဖမ်းဆီးနိုင်တော့မှာပါ” ဟု အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောသည်။
(Xinhua)
http://www.xinhuamyanmar.com
Loading...