ယာဉ်​စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်း​ရေးအဖွဲ့ ​ရှောင်​တခင်​စစ်​​ဆေးမှုပြုလုပ်ရာ တပ်​ဖွဲဝင်​တစ်​ဦးနှင့် ဆိုင်​ကယ်​​မောင်းနှင်​သူတစ်ဦးတို့ ထိုးကြိတ်မှုဖြစ်ပွား - Reader Myanmar

Latest Posts

ယာဉ်​စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်း​ရေးအဖွဲ့ ​ရှောင်​တခင်​စစ်​​ဆေးမှုပြုလုပ်ရာ တပ်​ဖွဲဝင်​တစ်​ဦးနှင့် ဆိုင်​ကယ်​​မောင်းနှင်​သူတစ်ဦးတို့ ထိုးကြိတ်မှုဖြစ်ပွား






တောင်​တွင်းကြီး မတ်​(၁၉)

တောင်​တွင်းကြီးမြို့ ၊ မ​ကွေးလမ်း ၊ မြို့မ​ဈေးကြီး​ရှေ့ဘက်​တွင်
ယ​နေ့နံနက်​ (၁၀)နာရီချိ​န့်​က ယာဉ်​/စည်းတပ်​ဖွဲ့ဦး​ဆောင်​​သော
စု​ပေါင်းစစ်​​ဆေး​ရေးအဖွဲ့မှ မ​ကွေးလမ်း​ပေါ်တွင်​ ယာဉ်​စည်းကမ်းလမ်း
စည်းကမ်းမလိုက်​နာ​သော ​မော်​​တော်​ယာဉ်​များ၊သုံးဘီးဆိုင်​ကယ်​များနှင့်
ဆိုင်​ကယ်​စီးဦးထုပ်​မ​ဆောင်​​သော ဆိုင်​ကယ်​များအား ​ရှောင်​တခင်​စစ်​​ဆေးမှုပြုလုပ်​လျှက်​ရှိခဲ့ရာ မ​ကွေးလမ်းမကြီး​ပေါ်
အ​ရှေ့မှအ​နောက်​သို့စီးနင်း​မောင်းနှင်​လာ​သော ​ရွှေကြာအင်း(၁)အောင်​​ဇေယျာရပ်​ကွက်​အပိုင်း​နေ
ယာဉ်​​မောင်း​မောင်​ချစ်​ရင်​ဦး (သ)၁၆နှစ်​ (ဘ)ဦးကိုကိုဦး
မောင်းနှင်​လာ​သော၅၁ယ/၆၆၄၆၄ Canda125နီ/နက်​ခဲရောင်
ဆိုင်​ကယ်​မှ စု​ပေါင်းယာဉ်​စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်း​ရေးအဖွဲ့
ရှောင်​တခင်​စစ်​​ဆေးပြုလုပ်​မှုဧရိယာတွင်းအ​ရောက်​တွင်​ အသာတကြည်
ရပ်​တန့်​​ပေးခြင်းမရှိဘဲ ​မောင်းနှင်​ထွက်​​ပြေးရာ ယာဉ်​စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်း​ရေးတပ်​ဖွဲ့ဝင်​ တပ်​သားဇင်​ကိုကိုဦး
တာဝန်​ကျ​နေရာ ​ဖောင်​​တော်​ဦးဘုရား​ရှေ့အ​ရောက်​တွင်​ တပ်​သားဇင်​ကို
ဦးမှ​ရှေ့မှပိတ်​ရပ်​၍တားဆီးရာ ရပ်​တန်​ခြင်းမပြုဘဲ တာဝန်​အရတားဆီး​သောယာဉ်​ထိန်းတပ်​ဖွဲ့ဝင်တပ်​သားဇင်​ကိုဦး၏
ခြေ​ထောက်​အား ၀င်​​ရောက်​တိုက်​မိပြီးအရှိန်​မထိန်းနိုင်​ဘဲ လဲကျခဲ့ရာ​ဘေးနားရှိ​နေ​သောအခြားတပ်​ဖွဲဝင်​တစ်​ဦးမှဆိုင်​ကယ်​​နောက်​ပိုင်းအားလှမ်းဆွဲခဲ့ရာဆွဲလှဲသည်​ဟုထင်​မှတ်​ပြီး ဆိုင်​ကယ်​​မောင်းနှင်​လာ​သော​ယာဉ်​​မောင်း​မောင်​ချစ်​ရင်​ဦးမှ လဲ​နေရာမှထ၍ယာဉ်​စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်း​ရေးတပ်​ဖွဲ့ဝင်​ တပ်​သားဇင်​ကိုဦးကို စတင်​၀င်​​ရောက်​ထိုးနှက်​ခဲ့ပါသည်​။ထို့​နောက်​ ယာဉ်​/စည်းတာဝန်​ခံ ရဲတပ်​ကြပ်​ကြီးရဲဝင်းမှ၎င်းဆိုင်​ကယ်​အား
ဖမ်းဆီးလိုက်​ပြီး ယာဉ်​/စည်းတပ်​ဖွဲ့ဝင်​မှ တားဆီးမှု​ကြောင့်​ ဆိုင်​ကယ်​လဲကာ အနာတရရရှိခဲ့​သောယာဉ်​​မောင်း​မောင်​ချစ်​ရင်​ဦးနှင့်
ဆိုင်​ကယ်​​နောက်​မှစီးနင်းလိုက်​ပါလာသူအမျိုးသမီးတစ်​ဦးတို့အား ဆိုက္ကားဖြင့်​တင်​​ဆောင်​​ပေးပြီး ​ဆေးရုံတွင်​ ရဲ​ဆေးစာသွားယူရန်​ ပို့​ဆောင်​​ပေးခဲ့​ကြောင်းသိရပါသည်​။
ထိုသို့ပို့​ဆောင်​​ပေးချိန်​တွင်​ဂန့်​​ကော်​ဦးဆီဆိုင်​​ရှေ့တွင်
တာဝန်​ထမ်း​ဆောင်​​နေ​သော ယာဉ်​/စည်းတပ်​ဖွဲ့ဝင်​ တပ်​သား​အောင်​မျိုး​ဇော်​အားဆိုင်​ကယ်​မ​မောင်းနှင်​သူယာဉ်​​မောင်း
မောင်​ချစ်​ရင်​ထူးကဆိုက္ကာ​ပေါ်မှ လက်​ညိုးထိုး၍​ပြောဆိုရာ တပ်​သား​အောင်​မျိုး​ဇော်​ကပြန်​လည်​၍ ဘာလဲဟု​မေးရာမှဆက်​လက်​ထိုးကြိတ်​မှုဖြစ်​ပွားခဲ့ပါသည်​။
ယင်းသို့ထိုးကြိတ်​မှုဖြစ်​ပွားချိန်​တွင်​ ယာဉ်​/စည်းတာဝန်​ခံနှင့်
တပ်​ဖွဲ့ဝင်​များမှ ပြန်​လည်​ခုခံထိုးနှက်​ခဲ့သည်​ဟုလည်းမျက်​မြင်​များ၏
ပြောဆိုမှုများ​ကြောင့်​ သိရှိခဲ့ရပါသည်​။
ယင်းဖြစ်​ပွားမှုများအားဆက်​လက်​၍ဥပ​ဒေအရပြုလုပ်​သွား
မည်​ဖြစ်​​ကြောင်းကို နှစ်​ဦးနှစ်​ဖက်​စလုံးမှသိရပါသည်​။
၎င်းဖြစ်​ပွားခဲ့​သောဖြစ်​စဉ်​များနှင့်​ပတ်​သက်​၍ ​တောင်​တွင်းကြီးမြို့
မြို့မရဲစခန်းမှ တာဝန်​ကျတာဝန်​မှူးရဲအုပ်​​အောင်​ခိုင်​စိုး
မှစစ်​​ဆေးမှုများပြုလုပ်​သွားပြီးဥပ​ဒေအရအ​​ရေးယူ​ဆောင်​ရွက်​သွား
မည်​ဖြစ်​​ကြောင်းကနဦးသတင်းရရှိပါသည်​။

ထက်​သူရ(Tdi)










Loading...