လူတွေမသိသေးတဲ့ အရမ်းသိချင်နေကြတဲ့ ဘီလီလမင်းအေး အကြောင်းထွက်ပေါ် - Reader Myanmar

Latest Posts

လူတွေမသိသေးတဲ့ အရမ်းသိချင်နေကြတဲ့ ဘီလီလမင်းအေး အကြောင်းထွက်ပေါ်






ဆရာမဘီလီလမင်းအေးက
သီချင်းတွေဆိုတဲ့ ဘီလီလမင်းအေးဖြစ်နေပြီ
Myanmar Idol Season final ပြိုင်ပွဲကို မတ်လ ၂၅ရက် စနေနေ့ ည ၇နာရီ ၃၀ မိနစ်မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။
မတ်လ ၁၈ရက်နေ့က နယ်ခံတောင်ကြီးပရိသတ်များနဲ့တွေ့ဆုံရန်အတွက် ဘီလီတစ်ယောက်တောင်ကြီးပြန်သွားခဲ့ပါတယ်။
Myanmar Idol အစီအစဉ်မှာ ဖူးအများကြီးပြောင်းလဲသွားပါတယ်။
ကျောင်းပြီးဘွဲ့ရကတည်းကPrivate School မှာစာသင်ခဲ့တာ ၅နှစ်ရှိပြီ။
 ပါဝါမျက်မှန်ထူထူကြီးနဲ့ မနက် ၅နာရီဆိုအိပ်ယာထ မနက်စာစားပြီးတာနဲ့ စာသွားသင်ရပြီ။
ည ၈နာရီ ၉ နာရီမှအိမ်ပြန်ရောက်တယ်။
စာတွေနဲ့နပန်းလုံးပြီးမျက်မှန်ပါဝါတွေတိုးလာတယ်။
အားလပ်ချိန်လေးတွေမှာသီချင်းနားထောင်တယ်။
စာသင်စာဖတ်နဲ့ ဖူးရဲ့အချိန်တွေကတနေကုန်ကျောင်းသားကျောင်းသူတွေနဲ့ပဲအချိန်ကုန်တယ်။
ခုပြိုင်ပွဲဝင်နေချိန်ကျ တစ်ချိန်လုံးသီချင်းတွေနဲ့ အချိန်ကုန်ပြီးစာတွေပြန်ဖတ်ချင်တယ်။
အရင်တုန်းက တပည့်တွေက ဆရာမအသက်ဘယ်လောက်ရှိပြီလဲမေးရင်ဘယ်လောက်ရှိပြီထင်လဲပြန်မေးရင် အသက် ၂၇ ၃၀လောက်ရှိမှာပေါ့လို့ပြန်ဖြေကြတယ်။
ခုကျတော့အရမ်းပြောင်းလဲသွားတယ်။ပါဝါမျက်မှန်ရယ်ဆံပင်စုတ်ဖွားကြီးရယ်မရှိတော့ဘူး။
ဖူးကိုအားပေးတဲ့ပရိသတ်တွေအများကြီးရှိလာတယ်။
အရင်တုန်းကဘာမှမဟုတ်တဲ့ ဆရာမဘီလီလမင်းအေး ကသီချင်းတွေဆိုတဲ့ ဘီလီလမင်းအေးဖြစ်နေပြီ။
ဘီလီလို့ပြောရင်ဆရာမလေးလို့ တွဲမြင်ကြတာကို သဘောကျတယ်။
ဖူးfinal ထိရောက်ခဲ့ပေမယ့် စိတ်ဓာတ်ကျ အားငယ်နေတဲ့အခြေအနေနဲ့ပါ။
ခုလိုပရိသတ်ကြီးနဲ့တွေ့လိုက်ရတာ 100% ကျော်လွန်တဲ့ခွန်အားတွေ ရပါတယ်။
ရန်ကုန်မှာပြိုင်ပွဲဝင်နေချိန်တောင်ကြီးမြို့ရယ် ရှမ်းအစားအစာတွေနဲ့ ဖူးအိမ်ကို သတိရတယ်။
ပရိသတ်ကြီးအတွက် ဖူးအမြဲတမ်းပြုံးနေပါမယ်လို့တောင်ကြီးပရိသတ်နဲ့တွေ့ဆုံပွဲမှာပြောခဲ့ပါတယ်။


8Day
Loading...