ဗိုလ်ချုပ်ကြေးရုပ်တုအား ဖျက်ဆီးသူကို ဖမ်းဆီးရမိ - Reader Myanmar

Latest Posts

ဗိုလ်ချုပ်ကြေးရုပ်တုအား ဖျက်ဆီးသူကို ဖမ်းဆီးရမိ





လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာလူမျိုးတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တ စ်ယောက်ပါပဲ။


တစ်နေ့တစ်ခြား လူတွေလည်း တော်တော်လေးကို ရိုင်းစိုင်းယုတ်မာလာကြတော့တာပဲ။

မတ်လ(၂၁)ရက်နေ့ နေ့လည် (၂)နာရီကျော်အချိန်ခန့်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုကို ဖျက်စီးခဲ့တဲ့သူကို ဖမ်း ဆီးရမိခဲ့တယ်လို့ သိရပါတယ်။



ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဆည်ရွာအုပ်စု ပန်းတိမ်ကုန်းကျေးရွာနေ အသက်(၃၆)နှစ်အရွယ် စိုးမင်းမင်း (ဘ) ဦးလှသန်း ဆိုသူက တဲကြီးကုန်းကျေးရွာရှိ ဗိုလ်ချုပ်ကြေးရုပ်တုအား သံတုတ် ၊ တံဇဉ်းများဖြင့် ရိုက်နှက်ဖျက်ဆီး ခဲ့တဲ့အတွက် ရုပ်ထုမှာ တစ်စစီပျက်စီးသွားခဲ့ပါတယ်။

သတင်းကြားကြားချင်း ရွာသားတွေနဲ့ ရဲကင်းတာဝန်ရှိသူတွေက တရားခံကို ဝိုင်းဝန်းဖမ်းစီးရမိခဲ့ပြီး သူဟာ စိတ်မနှံ့သူ (စိတ်ကျန်းမာရေးဆေးရုံ) ဆေးကုသမှုခံယူဖူးသူဖြစ်တယ်လည်း သိရပါတယ်။




Credit to Mymedia

Loading...