အင်ဒိုနီးရှားယူ (၂၂) အသင်း ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်း - Reader Myanmar

Latest Posts

အင်ဒိုနီးရှားယူ (၂၂) အသင်း ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်း






ဒီကနေ့ ညနေပိုင်း ကကစားခဲ့တဲ့ အင်ဒိုနီးရှား ယူ-၂၂ အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ရဲ့ ချစ်ကြည်ရေးခြေစမ်း ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းက (၃- ၁) နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲချိန် (၂၂)မိနစ်မှာ အင်ဒိုနီးရှားအသင်းက ဟာဒီယန်တိုက ခေါင်းတိုက်ပြီးဦးဆောင်ဂိုးရယူနိုင်ခဲ့ပေမယ့် ပွဲချိန် (၃၇)မိနစ်မှာ မောင်မောင်လွင်က အင်ဒိုနီးရှား ဂိုးသမားကိုပါလိမ်ပြီး ချေပဂိုးရယူနိုင်ခဲ့လို့ ပထမပိုင်း အပြီးမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

Image may contain: 1 person, playing a sport, stadium, grass and outdoor

Image may contain: 5 people, people playing sport and outdoor


ဒုတိယ ပိုင်းမှာတော့ မြန်မာက ကစားအားတင်လာခဲ့ပြီး ဂိုးသွင်းခွင့်တွေ အများကြီးရခဲ့ပေမယ့် ဂိုးကံခေနေ ခဲ့လို့ ဂိုးမရခဲ့ပါဘူး။ ပွဲချိန်(၇၄)မိနစ်မှာတော့ တိုက်စစ်မှူးကျော်ကိုကို ကို အင်ဒိုနီးရှားနောက်ခံလူ (၂)ယောက် ဟန့်တား ရင်းနဲ့ ပင်နယ်တီရခဲ့ပြီး ဒီပင်နယ်တီကိုကျော်ကိုကို ကိုယ်တိုင်အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။

Image may contain: 1 person, outdoor

Image may contain: 2 people, people playing sport and outdoor

 ပွဲပြီးခါနီး နာကျင်အချိန်ပိုအရောက်မှာတော့ ညာခြမ်းက ကျော်ကိုကိုရဲ့ ပေးပို့မှုကို လူစားဝင်လာတဲ့ စည်သူအောင်က အလွယ်တကူပိတ်သွင်းပြီး တတိယဂိုးရယူခဲ့ လို့ ပွဲအပြီး မှာ မြန်မာ့လက်ရွေးစင်အသင်းက (၃-၁)နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
Photos From - MFF

Image may contain: 2 people, people playing sport and outdoor




Loading...