ပျံ့နှံ့ခဲ့တဲ့ အသံဖိုင်နဲ့ ပတ်သတ်ပြီး ပြန်လည်တောင်းပန်ခဲ့တဲ့ ပြေတီဦး - Reader Myanmar

Latest Posts

ပျံ့နှံ့ခဲ့တဲ့ အသံဖိုင်နဲ့ ပတ်သတ်ပြီး ပြန်လည်တောင်းပန်ခဲ့တဲ့ ပြေတီဦး





"အဲ့ဒါကတော့ ကိုယ့်ရဲ့ မကောင်းတဲ့အကျင့်လို့ ပြောရမှာပေါ့။ အစ်ကိုက သူများကို တအားစတတ်တယ်။ ဆေးလည်းထိုးတတ်တယ်။ အစ်ကို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ရိုက်ကွင်းပေါ်ကလူတွေ နီးနီးကပ်ကပ်ရှိတဲ့သူတွေဆိုရင် အကို အစကြမ်းတာသိကြတယ်။ အဓိကကတော့ ကစ်ကစ်ကို ဆေးထိုးနေတာပေါ့။ တမင်တကာ သူ့ကိုကြပ်နေတာ။ ဘယ့်သူကိုမှ မကောင်းတဲ့စိတ် ထိခိုက်စေလိုတဲ့စိတ်နဲ့ ပြောတာတော့ မဟုတ်ဘူး။ လူတွေအများကြီးရှေ့မှာပဲ စနေတာကိုး။ ဘေးကလူတွေလည်း ဝိုင်းရယ်နေကြတာပဲ။ မကောင်းတဲ့စိတ်နဲ့ဆိုရင် ဘယ်သူမှမကြားအောင် တိုးတိုးပဲပြောမှာပေါ့။ အခုရိုက်ပြီးတင်လိုက်တဲ့သူကလည်း ဒီအသံတွေပါလို့ပါမှန်း မသိကြဘူး။ ဘယ်သူ့ ဘယ်သူကိုမှ ဘာမှပြောစရာမရှိပါဘူး။ အစ်ကို့အနေနဲ့ သေချာတာတစ်ခုက ဘယ်သူ့အပေါ်မှ ထိခိုက်စေလိုတဲ့စိတ် နစ်နာလိုတဲ့စိတ်မရှိပါဘူး။ စခြင်း နောက်ခြင်း သက်သက်ပါပဲ။ ဒါပေမဲ့လည်း ဒီလိုပြောလိုက်တဲ့အခါမှာ မထင်မှတ်ပဲ ထိခိုက်သွားတယ်။ နစ်နာသွားတယ်။ စိတ်အနှောက်အယှက် ဖြစ်သွားတဲ့သူတွေရှိရင် အနူးအညွတ်တောင်းပန်ပါတယ်။ အကယ်ဒမီကတော့ ဘယ်သူပဲရရပါ။ ကို့ရဲ့ အနုပညာညီအကို မောင်နှမတွေပဲဆိုတော့ ဝမ်းသာပါတယ်" ဆိုပြီး တောင်းပန်စကားပြောကြားခဲ့ပါတယ် ပရိသတ်ကြီးရေ……

Source: Popular
Loading...