၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ နောက်ကွယ်မှ ဖြစ်ရပ်များ - Reader Myanmar

Latest Posts

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ နောက်ကွယ်မှ ဖြစ်ရပ်များ






မတ်လ ၁၈ ရက်တွင် ကျင်းပပြီးစီး ခဲ့သော ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့် သည့် အခမ်းအနားအောင်မြင်စွာ ပြီးဆုံး သွားခဲ့သော်လည်း လူသိနည်းတဲ့ နောက် ကွယ်မှဖြစ်ရပ်များကို မှတ်မိသလောက်ြေ ပာပြချင်ပါသည်။

– အကယ်ဒမီပွဲအတွက် လုံခြုံရေးအဖွဲ့ အင်အား တစ်ထောင်ကျော် အသုံးပြုထား

– အဝင်ပေါက်တိုင်းတွင်လည်း မိုင်းရှာ ခွေးများဖြင့် လုံခြုံရေး တင်းကျပ်ထားသည် ကို တွေ့ရ

– အမှိုက်အိတ်အတွက် ငွေ ၈၀၀၀၀ ကျော် ကုန်ကျခံထားပြီး နေရာတိုင်းတွင် အမှိုက်အိတ် အလွယ်တကူတွေ့ရှိအောင် ထားခဲ့သော်လည်း ပွဲအပြီးတွင် အမှိုက် များ ပြန့်ကြဲနေ၍ မြူနီစပယ်ခေါ်ကာ ရှင်းခဲ့ရ

– မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အ ထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် အကယ်ဒမီရွှေစင်ရုပ်တုပေါင်း ၁၀၀ ကျော် လည်း လျှောက်လမ်းတစ်လျှောက် ခင်းကျင်းပြသထား

– အကယ်ဒမီများရှင် မို့မို့မြင့်အောင် က ပထမဆုံးအကြိမ် အခမ်းအနားမှူး ပြု လုပ်ခဲ့

– ကော်ဇောနီခင်းကျင်းမှုအတွက် ကျပ်သိန်း ၅၀ နီးပါး ကုန်ကျ

– ခုံတစ်လုံးလျှင် ၂၅၀၀ ကျပ်ဖြင့် ခုံအ လုံးပေါင်း ၃၀၀၀ ငှားရမ်း

– ဠှုဏ အိမ်သာ လေးလုံးအပါအဝင် အိမ်သာပေါင်း ၄၄ လုံး ငှားရမ်းခဲ့ရ။ (တစ်လုံးကို နှစ်သိန်းခွဲကျပ်ဖြင့် ငှားရမ်း ထားသ ည့် ဠှုဏ အိမ်သာမတက်ရ၍ စိတ် ဆိုးသူများက ဠှုဏ ဆိုတာ ဖင်မှာ ရွှေချ ထားသလားလို့ ပြောဆိုနေသူများရှိခဲ့)

– အကယ်ဒမီအခမ်းအနား စင် တည် ဆောက်ခြင်းအပါအဝင် အခမ်းအနား တစ်ခုလုံးအတွက် ကျပ် သိန်း ၃၀၀၀ ကုန် ကျမည်ဟု ခန့်မှန်းထားသော်လည်း ကျပ် သိန်း ၂၀၀၀ နီးပါးသာ ကုန်ကျခဲ့

– ဇာတ်ညွှန်းဆုနှင့် အမျိုးသမီးဇာတ်ပို့ ဆု ချီးမြှင့်မှုမရှိခဲ့သည့်အတွက် အားမလို အားမရဖြစ်သူများလည်း တွေ့ခဲ့ရ

– အကယ်ဒမီ ထွန်းထွန်းက အောင် သမာဓိမှ စပွန်ဆာပေးထားသော ရွှေ နှစ် ကျပ်သားကျော်ကျော် အလေးချိန်ရှိသော သိန်း ၂၀ ဝန်းကျင်ခန့် တန်ဖိုးရှိ ရင်ထိုး ကျပျောက်ခဲ့

– ဓာတ်ပုံအကယ်ဒမီဆုအတွက် သုံး ယောက်ပေါင်း တစ်ဆုသာ ရရှိပေမယ့် နြူa မှ ရွှေရင်ထိုး နှစ်ခုကို ထပ်မံ ချီး မြှ င့်ပေးခဲ့

– မင်းသားမင်းသမီးများနှင့် အရံများ အတွက် ဝတ်စုံ၊ ဖိနပ်၊ လက်ဝတ်ရတနာ များကို လုပ်ငန်းရှင်များက အပြိုင်အဆိုင် စပွန်ဆာပေးနေကြသော်လည်း လူကြမ်း များအတွက် စပွန်ဆာပေးမည့်သူမရှိခဲ့ သောကြောင့် ကိုယ်ပိုင်ဝတ်စုံများဖြင့်သာ ပွဲတက်ခဲ့ရ

– အကယ်ဒမီကို ထွန်းထွန်းရလို့ ဝမ်း သာမျက်ရည်ကျသူများရှိသလို မြင့်မြတ် မရလို့ ဝမ်းနည်းမျက်ရည်ကျသူများလည်း ရှိခဲ့

– ရွှေတိဂုံဘုရားနောက်ခံထားပြီး ပွဲ ကျင်းပခဲ့သည့်အတွက် ပွဲတက်သူများ အားလုံး လုံလုံခြုံခြုံဝတ်ဆင်ခဲ့ကြ (မလုံ မခြုံ ဝ တ်လာသူများကို ပဝါဖြင့် အုပ်ရန် စောင့်နေသော်လည်း တစ်ယောက်မှ အအုပ်မခံလိုက်ရ)

– သတင်းယူသူ ဓာတ်ပုံဆရာများ အလွန်များပြားသည့်အတွက် အလုအ ယက် ဓာတ်ပုံရိုက်နေရသောကြောင့် ပုဆိုးကျွ တ်မှန်းပင် မသိသူများလည်း တွေ့ခဲ့ရ

– လူမင်းက အကယ်ဒမီရရှိရန် ၁၂ နှစ် စောင့်ခဲ့ရပြီး ရုပ်ရှင်ဥက္ကဋ္ဌသက်တမ်း ကုန်ဆုံးတော့မည့်အချိန်မှ ဇာတ်ပို့ဆု ရရှိ ခဲ့

– ရွှေအစစ်ဖြင့် ဆင်မြန်းထားသော ဝတ်စုံ ဝတ်ဆင်ထားသည့် အနုပညာရှင် အားလုံးနီးပါး အကယ်ဒမီဆုမကြေညာမီ ထပြန်သွားကြ

မင်းအိုက်စွန်းန်


Loading...