မြန်​မာ့မီးရထားအတွက်​ စိတ်​မ​ကောင်းစရာ သတင်း​လေးတစ်ခု- (၂၂.၃.၂၀၂၇) - Reader Myanmar

Latest Posts

မြန်​မာ့မီးရထားအတွက်​ စိတ်​မ​ကောင်းစရာ သတင်း​လေးတစ်ခု- (၂၂.၃.၂၀၂၇)






စစ်​ကိုင်းတိုင်း​ဒေသကြီး၊ အမှတ်​(၂)တိုင်း ရွာ​ထောင်​၊ ကျန်းလှ-ကန့်​ဘလူအကြား အမှတ်​(၄၂)အစုန်​ လူစီးရထားနှင့်​ အမှတ်​(၄၁)အဆန်​ လူစီးရထား နှစ်​စီးသည်​ မိုင်​တိုင်​အမှတ်​ ၄၉၃/၃ကွေ့​အ​ရောက်​ အချိန်​(၀၄း၀၀) နာရီခန့်​တွင်​ မျက်​နှာချင်းဆိုင်​ တိုက်​ခိုက်​မှု ဖြစ်​ပွား​ကြောင်း သိရှိရပါသည်​။

၎င်းရထားနှစ်စင်း ​​တိုက်​ခိုက်​မှူ​ကြောင့်​ ခရီးသည်​ နှင့်​ဝန်​ထမ်းများ ထိခိုက်​မှု တစ်​စုံတစ်​ရာ လုံးဝ(လုံးဝ)ဖြစ်​ပွားမှု မရှိပါ။စက်​​ခေါင်း​နှစ်ခုစလုံး၏​ရှေ့ပိုင်း တွဲချိတ်​ဆက်​ ကိရိယာသာ အနည်းငယ်​ ပျက်​စီးမှု ဖြစ်​​ခဲ့ပါသည်​။

ဖြစ်​စဉ်​ သိရသည်​မှာ အမှတ်​(၄၁)အဆန်​ စက်​​ခေါင်း​မောင်းသည်​ ကန်​ဘလူဘူတာတွင်​ ရပ်​တန့်ခြင်း မရှိပါဘဲ အမှတ်​(၂)မိန်းလမ်းမှ ​တောက်​​လျှောက်​ဖြတ်​သန်း ​မောင်းနှင်​သွားပြီး ကျွန်းလှဘူတာမှ ပုံမှန်​ထွက်​ခွာလာ​​သော (အဆက်အသွယ်ရ၍ ​​အချိနိမှီ ရပ်​တန့်​ထား​စဉ်​) အမှတ်​(၄၂)အစုန်​ လူစီးရထားအား ဝင်​​ရောက်​တိုက်​ခိုက်​မိခြင်းဖြစ်​​ပါသည်​။တိုက်ခိုက်​​မှု​ကြောင့်​ အမှတ်​(၄၁)အဆန်​ရထား၏ ရှေ့ဆုံးလူစီးတွဲမှ ဘီးနှစ်​ဘီး (စဉ်​-၂,၇)နှင့်​ အမှတ်​(၄၂)အစုန်​ရထား၏ ဒုတိယ​မြောက်​ လူစီးတွဲမှ ဘီးနှစ်​ဘီး (စဉ်​-၃,၆)တို့ လမ်း​ချော်​ကျခဲ့ပါသည်​။ 


ကျွန်းလှ-ကန့်​ဘလူ လမ်းပိုင်းအား အမြန်​ဖွင့်​လှစ်​နိုင်​​ရေး တာဝန်​ရှိသူများမှ ဆက်​လက်​လုပ်​ကိုင်​​နေပါ​ကြောင်း သတင်းရရှိပါသည်​။


Image may contain: one or more people, people sitting and indoor

Image may contain: outdoor

Image may contain: one or more people



ထွန်းဝင်းဟန်​(၂၂.၃.၂၀၁၇)
Nay Myo Min
ဖိုတို ခရက်ဒစ်
Loading...