အဲလက်စ်ဖာဂူဆန် မန်ယူကို နည်းပြအဖြစ်ပြန်လည်ကိုင်တွယ်ဦးမည် - Reader Myanmar

Latest Posts

အဲလက်စ်ဖာဂူဆန် မန်ယူကို နည်းပြအဖြစ်ပြန်လည်ကိုင်တွယ်ဦးမည်






အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဂူဆန်ဟာ ၂၀၁၃ ခုနှစ်မှာ အသင်းကို သူ့လက်ထက် ၁၃ ကြိမ်မြောက် အမှတ်ပေးဖလား ယူပေးခဲ့ပြီးနောက် အနားယူသွားခဲ့သူဖြစ်ပါတယ်။ အခု ဖာဂူဆန်လက်ထက်မှာ ခေါ်ယူထားခဲ့တဲ့ အသင်းကစားသမားမိုက်ကယ်ကာရစ်အတွက် အမှတ်တရ ဂုဏ်ပြုခြေစမ်းပွဲမှာ ဖာဂူဆန်က အသင်းကို နည်းပြအဖြစ် ကိုင်တွယ်မှာဖြစ်ပါတယ်။ ဖာဂူဆန်ဟာ အသင်းမန်နေဂျာရာထူးက အနားယူသွားပြီဖြစ်ပေမယ့် အသင်းရဲ့ ပွဲစဉ်တွေကိုတော့ ပုံမှန်တက်ရောက်အားပေးလျှက်ရှိပါတယ်။မိုက်ကယ်ကာရစ်နဲ့ မန်ယူအသင်းအခြေအနေက မရေမရဖြစ်နေဆဲလို့ သိရပါတယ်။ မန်ယူနဲ့ ကာရစ်ချုပ်ဆိုထားတဲ့စာချုပ်အရ လာမယ့် နွေရာသီအကုန်မှာ စာချုပ်သက်တမ်း ပြည့်မှာဖြစ်ပြီး အသင်းဘက်က စာချုပ်သက်တမ်းထပ်တိုးမလားဆိုတာ မသိရသေးပါဘူး။ ကစားသမားဘက်ကတော့ လာမယ့်စာချုပ်သက်တမ်းပြည့်လို့ အသင်းဘက်က စာချုပ်သက်တမ်း ထပ်တိုးဖို့အစီအစဉ်မရှိဘူးဆိုရင် မိမိအနားယူဖွယ်ရှိတယ်လို့ ပြောကြားထားပါတယ်။မိုက်ကယ်ကာရစ် အသင်းနဲ့ လမ်းခွဲသည်ဖြစ်စေ၊ ဆက်နေသည်ဖြစ်စေ ကစားသမားအတွက် အမှတ်တရဂုဏ်ပြုခြေစမ်းပွဲကို လာမယ့်နွေရာသီမှာ ကစားမှာဖြစ်ပါတယ်။ ဇွန်လလေးရက်နေ့အရောက် အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားဖို့ ပြင်ဆင်ထားပြီး နည်းပြဟယ်ရီရက်နက်ပ်က အောစတားအသင်းကို ကိုင်တွယ်မှာဖြစ်ပါတယ်။ ဖာဂူဆန်က မန်ယူအသင်းကို ကိုင်တွယ်မှာပါ။ အောစတာအသင်းမှာ မန်ယူအသင်းကစားသမားဟောင်းတွေဖြစ်တဲ့ ပေါလ်စခိုး၊ ရိုင်ယန်ဂစ်၊ လီဗာပူးကစားသမားဟောင်း ဂျာရတ်နဲ့ ချယ်လ်ဆီးက လမ်းပတ်တို့ ပါဝင်ကြမှာဖြစ်ပါတယ်။အမှတ်တရဂုဏ်ပြုပွဲမှာ အသင်းကစားသမားဟောင်း ရော်နယ်ဒိုပါဝင်မှာလားဆိုတာတော့ မသိရသေးပါဘူး။

Loading...