စုန္​းထုတ္​တဲ့ည (ေၾကာက္တတ္သူမ်ား မဖတ္ရ) - Reader Myanmar

Latest Posts

စုန္​းထုတ္​တဲ့ည (ေၾကာက္တတ္သူမ်ား မဖတ္ရ)




စုန္​းထုတ္​တဲ့ည ( စ/ဆံုး )

ေညာင္သာရြာ...ပဲခူးရိုးမ အေရွ႕ဘက္ကပ္ရပ္ေလးပါပဲ။ ျမိဳ႕နဲ႔လည္း အလွမ္းေဝးတယ္။ ေတာင္ယာနဲ႔ မိႈရွာ မၽွစ္ခၽိဳး မီးေသြးဖုတ္တဲ့ အလုပ္ပဲ တစ္ရြာလံုးလိုလို လုပ္ၾကတယ္။ ရြာလို႔သာ ေျပာရတာ တစ္ကယ္ေတာ့ တဲစုသာသာေလးရယ္။ အိမ္ေျခ ၄၀ မျပည့္တျပည့္ ရြာတန္းရွည္ ရြာေလးေပါ့။
ေကၽးလက္ကၽန္းမာေရး ေဆးခန္း နတၱိ။ တစ္ခုခုျဖစ္ျပီေဟ့ဆို ရိုးရာေဆးျမီးတိုနဲ႔ကု။ အသဲအသန္ေဟ့ဆို ေဆာင္ပုခက္နဲ႔ ၂၅ မိုင္ေလာက္ေဝးတဲ့ ျမိဳ႕ကိုထမ္းေျပးပဲ။ လမ္းတစ္ဝက္တင္ ျပန္လွည့္လာရတဲ့ မသာေတြလည္း ရိွေပါ့။ အဲ့ေလာက္ေခါင္တာ။ အဓိက ဒုကၡေပးတာက ငွက္ဖၽား။ အဲ့ဒီ့ ငွက္ဖၽားဆိုတဲ့ေကာင္ကလည္း တစ္ရြာလံုးနဲ႔ အမၽိဳးစပ္ထားသလား ေအာက္ေမ့ရဒယ္။ ေမြးစကေန အဘိုးၾကီး အဘြားၾကီးေတြထိ ငွက္ဖၽားရိွဆိုပဲ။
ထားပါေတာ့ အခုေျပာခၽင္တာက ငွက္ဖၽားေရာဂါအေၾကာင္း မဟုတ္ပါဘူး။ ထူးထူးဆန္းဆန္းျဖစ္ပၽက္ခဲ့တဲ့ သဘာဝလြန္ျဖစ္ရပ္ေလးတစ္ခုအေၾကာင္းပါ။ ျဖစ္ခဲ့တာကေတာ့ ၄ နွစ္ေလာက္ရိွျပီး။ ဒါေပမယ့္ ေညာင္သာရြာမွာေတာ့ အခုထိ စျမွဳပ္ျပန္ေကာင္းတုန္းျဖစ္ရပ္ေလး။
ဇာတ္လမ္းအစက ဂလို ဂလို...
တုတ္ၾကီးနဲ႔ မညိဳ အိမ္ေထာင္ကၽတာ ၆ ႏွစ္ရိွျပီ။ သားသမီးကေတာ့ မထြန္းကားေသးဘူး။ တုတ္ၾကီးက မညိဳထက္ အသက္၃ႏွစ္ပိုၾကီးတယ္။ မညိဳအသက္က ၂၅ ေပါ့။ ေယာက္ၽားက မီးေသြးဖုတ္တယ္။ ရာသီခၽိန္ဆို ေငြယားေလးအတန္သင့္ အဆင္ေျပတာေပါ့။
မညိဳကလည္း အျငိမ္မေနဘူး။ ေတာထဲသြားျပီး မိႈရွာ မၽွစ္ခၽိဳး စားလို႔ရတာ အကုန္ဆြတ္ေပါ့။
တစ္ေန႔ တုတ္ၾကီး မီးေသြးဖိုကေန ျပန္အလာ အိမ္ေရာက္ေတာ့ တစ္ဟင္းဟင္းနဲ႔ ျငီးေနတဲ့ မညိဳကို ေတြ႔လိုက္တယ္။ ထံုးစံအတိုင္း ငွက္ဖၽားတက္ျပန္ျပီ ထင္ျပီး " မညိဳေရ ငွက္ထျပန္ဘီလား နႏြင္းလံုးေသာက္ျပီး ေဆာင္ျခံဳေကြးေနလိုက္ ငါ ထမင္းအိုးတည္ထားလိုက္မယ္" ဟု ေျပာလိုက္ျပီး ေနာက္ေဖး မီးဖိုေခၽာင္ဖက္ ဆက္အသြား " ဟဲ့မသာေကာင္ ငွက္ဖၽားထတာမဟုတ္ဘူး ငါ နင့္မိန္းမကို မေကၽနပ္လို႔ ဝင္ပူးေနတာဟဲ့ " ဆိုတဲ့ သူ႔မိန္းမအသံမဟုတ္တဲ့ မိန္းမအသံၾကားလိုက္ရပါေလေရာ။ တုတ္ၾကီး ျပာျပီေလ။ ဟုတ္တယ္ ျပာဆို သူ႔ဘဝမွာ ဒါပထမဆံုး ၾကံဳးဖူးတာပဲ။ ေတာ္ထဲေတာင္ထဲမွာ မီးေသြးဖုတ္ဖို႔ ထင္းခုတ္ ဘာခုတ္ လုပ္ေနတုန္းက ေတာက္ေျခာက္တာေတြ သရဲလိုလို ဘာလိုလိုေတြေတာ့ၾကံဳဘူးတာေပါ့။ ဒါမယ့္ ခုလို ဝင္ပူးတာမၽိဳးမၾကံဳဘူးေတာ့ တုတ္ၾကီးျပာတာ အဆန္းလား။
တုတ္ၾကီးတစ္ေယာက္ ေျခမကိုင္မိ လက္မကိုင္မိ ကတုန္ကရင္နဲ႔ ေမးရွာတယ္။ " ဘာ..ဘာ..ဘာလို႔ ဝင္ပူးတာလဲဟမ္"
" မေကၽနပ္လို႔ေဟ့ မေကၽနပ္လို႔"
" ဟုတ္..ဟုတ္ကဲ့ ေကၽနပ္ေအာင္ ဘာလုပ္ေပးရမလဲဟင္"
" ငါကို ၾကက္သားဟင္း နဲ႔ ထမင္းေကြၽးျပီးေတာ့ ေတာင္းပန္မွ ေကၽနပ္နိဳင္မယ္"
တုတ္ၾကီး တင္းသြားျပီေလ။ ဟုတ္တယ္ သူတို႔လင္မယားေတာင္ မိႈလိုလို ခၽဥ္ေပါင္ေၾကာ္လိုလိုနဲ႔ ႏွစ္ပါးသြားေနရတာ။ ခုေတာ့ ၾကက္သားဟင္းခၽက္ေကြၽးရမယ္ဆိုေတာ့ တင္းဘီ။ ဒါမယ့္ တုတ္ၾကီးက လူလည္။ လည္လို႔လည္း ေတာင္ယာမခုတ္ပဲ ေငြရလြယ္တဲ့ မီးေသြးဖုတ္ေနတာသာၾကည့္ေတာ့။ စိတ္ထဲက တင္းသြားေပမယ့္ အခၽိဳသတ္ျပီး " ဟုတ္ကဲ့ ဒါဆို ရြာထဲသြားျပီး ၾကက္သြားရွာလိုက္ဦးမယ္ ခဏေစာင့္ေနာ္" ဆိုျပီး ရြာထဲ သုတ္ေျခတင္ေျပးပါေလေရာ။ ၾကက္ရွာတယ္လို႔ေတာ့ မထင္နဲ႔ ၾကက္ဆိုတာ ျမိဳ႕မွာသာေပါတာ ရြာမွာအရွားသားေလ။ ( ေတာင္ေတြးေျမာက္ေတြး မေတြးနဲ႔ ဟင္းခၽက္စားတဲ့ ၾကက္ကိုေျပာတာ။ ဟုတ္တယ္ျမိဳ႕မွာက ေစၽးထဲေျပးဝယ္လိုက္ရံု။ ရြာမွာက လိုက္ဝယ္လည္း ေရာင္းခၽင္မွေရာင္းတာမၽိဳး) တုတ္ၾကီး ေျပးတာက တိုင္းရင္းေဆးဆရာလို စုန္းကုနတ္ကုလိုလို ဘာမွန္းမသိတဲ့ ဆရာ ဥာဏ့္ဆီကို ေျပးတာ။ ဆရာဥာဏ္ဆိုတာက သုတို႔ရြာတင္မဟုတ္ ဒီေတာင္ေျခတစ္ေၾကာလံုးရဲ႕ တစ္ဦးတည္းေသာေဆးဆရာ။ ေဗဒင္ ယၾတာေလးကလည္း နည္းနည္းပါးပါးရေသးး။ ရိုးရိုး အဖၽားတင္မဟုတ္ ပေယာဂလည္း ၾကံဳရင္ ၾကံဳသလို ကုလိုက္ေသးတယ္။ သူကုလိုက္လို႔ ေသသြားတဲ့ မသာေတြလည္း သူ႔ဘာသူေတာင္ မမွတ္မိ။ အဲ့ေလာက္ အစြမ္းထက္တာ။ ဒါျဖင့္ ဘာလို႔ လူေတြက ကုေနၾကတာလည္းလို႔ေမးစရာရိွမယ္။ ဟုတ္ကဲ့ သူနဲ႔မကုလည္း ဒီတိုင္းပဲ အေသခံရံုဆိုေတာ့ ရလိုရၿငား အားကိုးၾကရတာပဲ ဆိုပါေတာ့။
တုတ္ၾကီး ဆရာဥာဏ္အိမ္းထဲေျပးဝင္ျပီး " ၾဆာဥာဏ္ ၾဆာဥာဏ္ လုပ္ပါဦး ကၽေနာ့္မိန္းမကို ဝင္ပူးေနလို႔ "
" ေဟ ဘာဝင္ပူးတာတုန္း သရဲလား ၊ ဖုတ္လား၊ စုန္းလား" ေပါ့
ဟုတ္သား သူ ထူပူျပီး ဘယ္သူဝင္ပူးတာလဲေတာင္ မေမးခဲ့ရ။ " ကၽဳပ္ မေမးခဲ့ရဘူး ၾဆာ ၊ ၾကာပါဒယ္ဗၽာ ေရာက္မွသာေမးေတာ့၊ ေသခၽာတာကေတာ့ ကၽဳပ္မိန္းမအသံမဟုတ္တဲ့ မိန္းမအသံၾကီးဗၽာ"
" ဟုတ္ျပီေလ ဒါမၽိဳးက မခက္ပါဘူး။ မင္းမိန္းမ ဘာမွားခဲ့လို႔ ဝင္ပူးတာလဲမသိဘူး၊ ေရာက္မွေမးျပီး သူေကၽနပ္ေအာင္ေတာင္းပန္လိုက္ရင္ျပီးတာပဲ"ဟု ဆရာဥာဏ္က ေျပာလိုက္ရာ တုတ္ၾကီးက " ဟာအဲ့ဒါေတာ့ မျဖစ္ဘူး မေတာင္းပန္ခၽင္ဘူးဗၽာ၊ ဘယ့္နယ္ တင္တင္စီးစီး သူ႔ကို ၾကက္သားခၽက္ေကြၽးရမယ္ဆိုပဲ၊ ကိုယ္ေတာင္ ခၽက္မစားနိဳင္တာ" " ျပီးေတာ့ ကၽဳပ္လာတာက အဲ့ဒါကို မေကၽနပ္လို႔ ဆရာ့ဥာဏ့္ ပညာစြမ္းနဲ႔ ဆံုးမ ခိုင္းမို႔လာတာဗၽ"
 ဟိုက္ ခက္ဘီ ကိုယ္က အထက္လမ္း၊ေအာက္လမ္းဆရာ အစစ္ၾကီးမဟုတ္။တတ္ေယာင္ဝါး စားေကာင္းေသာက္ေကာင္း ေလၽွာက္ရမ္းကုေနတာ
ခုေတာ့ မထူးပါဘူး လိုက္မသြားလၽွင္လည္း တုတ္ၾကီးက ေလၽွာက္ေျပာလို႔ သူ႕စားေပါက္ပိတ္သြားနိဳင္သည္။့
" ေအးးေအး ေကာင္းဘီေလ ဒါဆိုလည္း ခုလိုက္ရတာေပါ့" လို႔ ခပ္တည္တည္ပင္ ဆရာဥာဏ္က ေျပာလိုက္သည္။
ထို႔ေနာက္ သူသြားေလရာ ေဆာင္သြားသည့္ ေဆးလြယ္အိတ္ကိုယူျပီး တုတ္ၾကီးအိမ္ရိွရာသို႔ သြားေလရာ တုတ္ၾကီးမွာ ဆရာဥာဏ့္ အားကိုးျဖင့္ ေခါင္းေမာ့ရင္ေကာ့လို႔။
တုတ္ၾကီးအိမ္သို႔ေရာက္ေလေသာ္ မညိဳတစ္ျဖစ္လဲ ဝင္ပူးသူ ပြဲၾကမ္းကာဆူညံေနသျဖင့္ ပတ္ဝန္းကၽင္မွာ လူမၽားမွာလည္း စုစု စုစုျဖင့္ တုတ္ၾကီးအိမ္ေရွ႕တြင္ေရာက္ေနေလျပီ။ ဆရာဥာက္တို႔နွစ္ေယာက္ အိမ္ထဲဝင္ေလသည္နွင့္ ေနာက္ကေန လိုက္ဝင္လာၾကေလသည္။
" တုတ္ၾကီးဆိုတဲ့ေကာင္ နင့္ကိုယ္နင္လည္လွျပီ ထင္ေနလား၊ ငါအကုန္သိတယ္ဟဲ့ နင္ၾကက္မဝယ္ပဲ ဆရာသြားေခၚတယ္ဆိုတာ ဟင္းဟင္ဟင္း၊ နင္အားကိုးတဲ့ဆရာ ဘယ္ေလာက္စြမ္းလည္း ၾကည့္မဟဲ့ ျပီးမွ နင့္မိန္းမကို ရူးေအာင္ လုပ္ပလ္ုိက္မယ္ ဟြင္းဟြင္း" ဟု ဆီး၍ေျပာေလရာ ဆရာဥာဏ္မွာ ပါးစပ္အေဟာင္းသားျဖစ္သြားေလ၏။
ဆရာဥာဏ္လည္း သူတကယ္မနိဳင္ဘူးဆိုတာသိ၍ နံေဘးမွာ လူမၽားအား" ဘာၾကည့္ေနတာလဲ ခၽဳပ္ၾကစမ္း ဒင္းကို ၊ ျပီးမွ ငါဆံုးမျပမယ္ " ဟု ေျပာေလရာ တုတ္ၾကီး အပါအဝင္ လူ ေလးငါးေယာက္ဝိုင္းခၽဳပ္၍ လက္ႏွစ္ဖက္ကို ၾကိဳးျဖင့္တုပ္ၾကေလ၏။
ၾကိဳးတုပ္ျပီးေသာ္ "ဆရာဥာဏ္က အိမ္ဦးခန္းတြင္ ထိုင္၍ " ကဲ ငါ့ေရွ႕ေခၚခဲ့စမ္းဒင္းကို "
" ကဲ နင္ဘယ္သူလဲ မွန္မွန္ေျပာ " ဟု ဆရာဥာဏ္ အေမးကို " နင္က ဘာေကာင္မို႔ေျပာရမွာလဲ" ဟု ျပန္ပက္ေလ၏။ ဆရာဥာဏ္လည္း နာမည္နွင့္လိုက္ေအာင္ ဥာဏ္သံုးမွ ျဖစ္ေတာ့မည္ဟုေတြးကာ " ေကာင္းျပီ ေအးေအးေဆးေဆး ေျပာၾကတာေပါ့ နင္ဘယ္သူလဲဆိုတာ ငါ့ကိုေျပာ၊ ဒါမွ ငါတို႔က နင့္ကို ဘာလုပ္ေပးနိဳင္မယ္ဆိုတာ သိမွာေပါ့ " ဟု အခၽိဳသတ္ ေမးေလမွ " ငါက စုန္းဟဲ့။ စုန္းေတာင္ ရိုးရိုးေအာက္တန္းစားစုန္းမဟုတ္ဘူး၊ တိမ္ညြန္႔စားတဲ့စုန္း" ဟု ေျဖေလသည္။
" နင္ ဘာမေကၽပ္နပ္လို႔ ဝင္ပူးတာလဲ "
" ဒီေကာင္မေပါ့ ငါေတြ႔ထားတဲ့ မိႈကၽင္းကို ဝင္ႏႈတ္သြားတာေလ ငါ့ဖို႔ ဟင္းစားေတာင္ မခၽန္ခဲ့ဘူး၊ ေကာင္မ လူပါးဝတာေလ " ဟု ေျပာေလသည္။
ဆရာဥာဏ္က" နင့္အသက္ဘယ္ေလာက္ရိွျပီလဲ"
" ငါ့ အသက္က ၃၂နွစ္ အသက္ငယ္လို႔ ပညာနဳမယ္ေတာ့ မထင္လိုက္နဲ႔ စုန္းသက္ကလည္း ၃၂ ႏွစ္ပဲ ၊ ငါက ဝမ္းတြင္းစုန္းဟဲ့ ဟင္းဟင္းဟင္း" ဟု ဂုဏ္ယူေလေသာ အသံျဖင့္ေျပာေလ၏။
" ေအး သူမွားတယ္ဆိုလည္း ေတာင္းပန္ပါတယ္ သူ႔ကိုေတာ့ မေႏွာက္ယွက္ပါေတာ့နဲ႔ ျပန္ထြက္ေပးပါ" ဟု ဆရာဥာဏ္က ေျပာေလရာ " မထြက္နိဳင္ဘူး ငါစားခၽင္တာ မေကြၽးမခၽင္း ေသေတာင္မထြက္ဘူး" ဟုေျပာေလရာ ဆရာဥာဏ္လည္း တုတ္ၾကီးအားၾကည့္လိုက္ေလ၏။ တုတ္ၾကီးက ပုခုန္းတြန္႔၍ ေခါင္းခါျပသည္ကို ျမင္ေလရာ " ဒုကၡပဲ ငါေတာ့ ဒီစုန္းမကို ငါ့ပညာျဖင့္ ထြက္ေအာင္မလုပ္နိဳင္လၽွင္ အရွက္ေတာ့ကြဲေတာ့မည္ဟု ေတြးျပီးသကာလ။ ဆရာ ဥာဏ္ ညစ္ကၽယ္ကၽယ္ ျပံဳးလိုက္ကာ " ဟဲ့ ေကာင္မ သူတို႔က နင့္ကို မေကြၽးနိဳင္ဘူး၊ ဒီေတာ့ နင္ ထြက္မလား မထြက္ဘူးလား" ဟု ေငါက္ေလရာ " မထြက္ဘူး ေသေတာင္မထြက္ဘူး "
" ေကာင္းျပီေလ နင္မထြက္လည္း ငါ့ပညာစြမ္းနဲ႔ ထြက္ေအာင္ လုပ္ရမွာေပါ့ ဟင္းဟင္းဟင္း "
ထို႔ေနာက္ ဆရာဥာဏ္က ဝိုင္းအံုၾကည့္ေနေသာ လူေတြဘက္သို႔လွည့္၍ " ကဲ ငါ့ပညာနဲ႔ ဒီစုန္းမကို ဆံုးမရမယ္၊ ဒါေပမယ့္ ပညာထုတ္သံုးတဲ့အခၽိန္မွာ ေဘးလူေတြ ၾကည့္လို႔မရဘူး ဒီေတာ့ ဝိုင္းအျပင္ထြက္ေပးၾကပါ " ဟုေျပာေလရာ လူအမၽားလည္း ေခါင္းညိတ္၍ မထြက္ခၽင္ ထြက္ခၽင္ျဖင့္ ျခံျပင္သို႔ ထြက္သြားၾကကုန္ေလသည္။
အိမ္ထဲတြင္သူႏွင့္ တုတ္ၾကီးသာ ကၽန္ေလေသာအခါမွ ဆရာဥာဏ္က " တုတ္ၾကီး ငါ့နားလာစမ္း " ဟု ေခၚလိုက္ကာ တုတ္ၾကီး အနားေရာက္လာေလလၽင္ နားနားသို့ကပ္၍ တိုးတိုး တိုးတိုးျဖင့္ေျပာေလ၏။ တုတ္ၾကီးက " ဟာ ျဖစ္ပမလားဆရာ "
" ျဖစ္ပါဒယ္ကြာ ဒါမၽိဳးေတြ ၾကံဳလာတာ ငါအံတိုေနဘီ" ဟု သူ၏ ကြမ္းခၽိဳးအထပ္ထပ္တက္ေနေသာ သြားေတြေပၚေအာင္ျပံဳးလိုက္ေလ၏။
တုတ္ၾကီးလည္း ၾကိဳးတုပ္ထားေသာ မညိဳကို အတင္းဆြဲထမ္း၍ အိပ္ခန္းထဲသို႔ ေခၚသြားေလရာ " ဟင္ နင္ငါ့ကို ဘာလုပ္မလို႔လဲ လႊတ္စမ္း ခုလႊတ္ လႊတ္ဆို လႊတ္ေနာ္ " ဟု စုန္းမက ေျပာေလရာ ဆရာဥာဏ္က " ဟား ဟား းး မလႊတ္ဘူးနဲ႔ေဟ့ မလႊတ္နဲ႔ တုတ္ၾကီး ။" ဟု ရယ္ရင္း ေျပာလိုက္ေလ၏။
အိမ္ေရွ႕တြင္ ရပ္၍ အေျခေနေစာင့္ၾကည့္ေနေသာရြာသားမၽားမွာ အိမ္ထဲမွ တုတ္ၾကီး၏ " ငါ့မိန္းမကို ဝင္ပူးတဲ့
စုန္းမ မွတ္ျပီလားကြ " ဟု ေၾကြးေၾကာ္သံနွင့္အတူ ေျမစိုက္အိမ္ေလး တစ္ခုလံုး တဝုန္းဝုန္းျဖင့္ သိမ့္သိမ့္ခါေအာင္ လႈပ္ရမ္းေနသည္ကို ျမင္ေလေသာအခါ သူတို႔အားကိုးရသည့္ ဆရာဥာဏ္သည္ တကယ္ပင္ အစြမ္းထက္လွေပစြဟု ေတြးေတာကာ အထင္ၾကီးၾကလၽက္ ရိွၾကေလကုန္ေတာ့သည္။ မၽားမၾကာမွီ အိမ္ေလးသည္ တိတ္ဆိတ္ျငိမ္သက္သြားကာ အခန္းထဲမွ တရံႈ႕ရံႈ႕ ငိုသံနွင့္အတူ " နင္တို႔ ေနာက္တခါ ငါ့အေၾကာင္း ေကာင္းေကာင္းသိမယ္" ဟု စုန္းမက ေျပာဆိုေလ၏။ ဆရာ ဥာဏ္က " တယ္ ဒီစုန္းမ ခုထိ မထြက္ေသးဘူး တုတ္ၾကီးေရ အစြမ္းျပလိုက္ပါဦး " ဟု ေျပာလိုက္ရာ စုန္းမလည္း မပူးရဲရွာေတာ့ပဲ ထြက္ေျပးေလေတာ့သည္။ …………
…………
တစ္လခန္႔ ၾကာေသာအခါ
ဆရာ ဥာဏ္ အိမ္ေရွ႕ကြက္ပၽစ္တြင္ အဖန္ရည္ေသာက္ေနခိုက္ လူတစ္ေယာက္ ေလးကန္ေသာ ေျခလွမ္းမၽားျဖင့္ ဝင္လာသည္ကိုေတြ႔၍ ၾကည့္လိုက္ရာ တုတ္ၾကီး ျဖစ္ေနေတာ့သည္။ မၽက္းတြင္းေဟာက္ပက္ျဖင့္ ပိန္လွီေနသည္မွာ တုတ္ၾကီးမွ ဟုတ္ပါေလစြဟု မနည္းၾကည့္ယူရေလသည္။ " ဟ တုတ္ၾကီး ကၽသြားလွခၽည္လား ေနမေကာင္းဘူးလားဟု ေမးရာ "
" ေကာင္းပါတယ္ ဆရာ ဒါေပမယ့္ ဟိုစုန္းမေပါ့ ေနာက္ရက္ေတြကစျပီး ညတိုင္းကၽဳပ္မိန္းမကို ဝင္ပူးေနတာေလ၊ ကၽဳပ္လည္း ဆရာဥာဏ္ေပးထားတဲ့နည္းအတိုင္း စုန္းမထြက္ေအာင္လုပ္တာေပါ့ " " ဒါေပမယ့္ ဆရာရယ္ ေနာက္ရက္ေတြကၽေတာ့ တေျဖးေျဖးနဲ႔ တခါနဲ႔ မထြက္ နွစ္ခါနဲ႔မထြက္ လူလည္း အရိုးပဲ ရိွေတာ့ဒယ္ဆရာ။ " စုန္​းမကလဲခုဆိုအ​ေခၚ​ေဝၚ​ေတြ​ေတာင္​​ေ​ျပာင္​းလို႔ သူဝင္​ပူးၿပီဆို ခိုခို " ခိုခို" နဲ႔​ေနတာဘဲ ' ဟု ျပန္ေျပာျပေလသတည္း။:P
ထိုအခၽိန္မွစ၍ ဆရာဥာဏ္၏ စုန္းထုတ္နည္းလည္း လူတိုင္း၏ ပါးစပ္ဖၽားတြင္ ေရပမ္းစားေနေလသတည္း။
……………
……………
……………
……………
ျဖစ္ရပ္မွန္မဟုတ္ပါ facebook ေပၚတြင္ အမွတ္မထင္ေတြ႔ရေသာ ကာတြန္းေလးအား ဇာတ္လမ္းဆင္ၾကည့္လိုက္ျခင္းသာျဖစ္ပါသည္။
:) :) :)
Credit - မူရင္​း​ေရးသားသူ
Sharing- Dလူ

Unicode



ညောင်သာရွာ...ပဲခူးရိုးမ အရှေ့ဘက်ကပ်ရပ်လေးပါပဲ။ မြို့နဲ့လည်း အလှမ်းဝေးတယ်။ တောင်ယာနဲ့ မှိုရှာ မျှစ်ချိုး မီးသွေးဖုတ်တဲ့ အလုပ်ပဲ တစ်ရွာလုံးလိုလို လုပ်ကြတယ်။ ရွာလို့သာ ပြောရတာ တစ်ကယ်တော့ တဲစုသာသာလေးရယ်။ အိမ်ခြေ ၄၀ မပြည့်တပြည့် ရွာတန်းရှည် ရွာလေးပေါ့။ 
ကျေးလက်ကျန်းမာရေး ဆေးခန်း နတ္တိ။ တစ်ခုခုဖြစ်ပြီဟေ့ဆို ရိုးရာဆေးမြီးတိုနဲ့ကု။ အသဲအသန်ဟေ့ဆို ဆောင်ပုခက်နဲ့ ၂၅ မိုင်လောက်ဝေးတဲ့ မြို့ကိုထမ်းပြေးပဲ။ လမ်းတစ်ဝက်တင် ပြန်လှည့်လာရတဲ့ မသာတွေလည်း ရှိပေါ့။ အဲ့လောက်ခေါင်တာ။ အဓိက ဒုက္ခပေးတာက ငှက်ဖျား။ အဲ့ဒီ့ ငှက်ဖျားဆိုတဲ့ကောင်ကလည်း တစ်ရွာလုံးနဲ့ အမျိုးစပ်ထားသလား အောက်မေ့ရဒယ်။ မွေးစကနေ အဘိုးကြီး အဘွားကြီးတွေထိ ငှက်ဖျားရှိဆိုပဲ။ 
ထားပါတော့ အခုပြောချင်တာက ငှက်ဖျားရောဂါအကြောင်း မဟုတ်ပါဘူး။ ထူးထူးဆန်းဆန်းဖြစ်ပျက်ခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်လေးတစ်ခုအကြောင်းပါ။ ဖြစ်ခဲ့တာကတော့ ၄ နှစ်လောက်ရှိပြီး။ ဒါပေမယ့် ညောင်သာရွာမှာတော့ အခုထိ စမြှုပ်ပြန်ကောင်းတုန်းဖြစ်ရပ်လေး။ 
ဇာတ်လမ်းအစက ဂလို ဂလို...
တုတ်ကြီးနဲ့ မညို အိမ်ထောင်ကျတာ ၆ နှစ်ရှိပြီ။ သားသမီးကတော့ မထွန်းကားသေးဘူး။ တုတ်ကြီးက မညိုထက် အသက်၃နှစ်ပိုကြီးတယ်။ မညိုအသက်က ၂၅ ပေါ့။ ယောက်ျားက မီးသွေးဖုတ်တယ်။ ရာသီချိန်ဆို ငွေယားလေးအတန်သင့် အဆင်ပြေတာပေါ့။ 
မညိုကလည်း အငြိမ်မနေဘူး။ တောထဲသွားပြီး မှိုရှာ မျှစ်ချိုး စားလို့ရတာ အကုန်ဆွတ်ပေါ့။ 
တစ်နေ့ တုတ်ကြီး မီးသွေးဖိုကနေ ပြန်အလာ အိမ်ရောက်တော့ တစ်ဟင်းဟင်းနဲ့ ငြီးနေတဲ့ မညိုကို တွေ့လိုက်တယ်။ ထုံးစံအတိုင်း ငှက်ဖျားတက်ပြန်ပြီ ထင်ပြီး " မညိုရေ ငှက်ထပြန်ဘီလား နနွင်းလုံးသောက်ပြီး ဆောင်ခြုံကွေးနေလိုက် ငါ ထမင်းအိုးတည်ထားလိုက်မယ်" ဟု ပြောလိုက်ပြီး နောက်ဖေး မီးဖိုချောင်ဖက် ဆက်အသွား " ဟဲ့မသာကောင် ငှက်ဖျားထတာမဟုတ်ဘူး ငါ နင့်မိန်းမကို မကျေနပ်လို့ ဝင်ပူးနေတာဟဲ့ " ဆိုတဲ့ သူ့မိန်းမအသံမဟုတ်တဲ့ မိန်းမအသံကြားလိုက်ရပါလေရော။ တုတ်ကြီး ပြာပြီလေ။ ဟုတ်တယ် ပြာဆို သူ့ဘဝမှာ ဒါပထမဆုံး ကြုံးဖူးတာပဲ။ တော်ထဲတောင်ထဲမှာ မီးသွေးဖုတ်ဖို့ ထင်းခုတ် ဘာခုတ် လုပ်နေတုန်းက တောက်ခြောက်တာတွေ သရဲလိုလို ဘာလိုလိုတွေတော့ကြုံဘူးတာပေါ့။ ဒါမယ့် ခုလို ဝင်ပူးတာမျိုးမကြုံဘူးတော့ တုတ်ကြီးပြာတာ အဆန်းလား။ 
တုတ်ကြီးတစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ကတုန်ကရင်နဲ့ မေးရှာတယ်။ " ဘာ..ဘာ..ဘာလို့ ဝင်ပူးတာလဲဟမ်"
" မကျေနပ်လို့ဟေ့ မကျေနပ်လို့"
" ဟုတ်..ဟုတ်ကဲ့ ကျေနပ်အောင် ဘာလုပ်ပေးရမလဲဟင်" 
" ငါကို ကြက်သားဟင်း နဲ့ ထမင်းကျွေးပြီးတော့ တောင်းပန်မှ ကျေနပ်နိုင်မယ်" 
တုတ်ကြီး တင်းသွားပြီလေ။ ဟုတ်တယ် သူတို့လင်မယားတောင် မှိုလိုလို ချဉ်ပေါင်ကြော်လိုလိုနဲ့ နှစ်ပါးသွားနေရတာ။ ခုတော့ ကြက်သားဟင်းချက်ကျွေးရမယ်ဆိုတော့ တင်းဘီ။ ဒါမယ့် တုတ်ကြီးက လူလည်။ လည်လို့လည်း တောင်ယာမခုတ်ပဲ ငွေရလွယ်တဲ့ မီးသွေးဖုတ်နေတာသာကြည့်တော့။ စိတ်ထဲက တင်းသွားပေမယ့် အချိုသတ်ပြီး " ဟုတ်ကဲ့ ဒါဆို ရွာထဲသွားပြီး ကြက်သွားရှာလိုက်ဦးမယ် ခဏစောင့်နော်" ဆိုပြီး ရွာထဲ သုတ်ခြေတင်ပြေးပါလေရော။ ကြက်ရှာတယ်လို့တော့ မထင်နဲ့ ကြက်ဆိုတာ မြို့မှာသာပေါတာ ရွာမှာအရှားသားလေ။ ( တောင်တွေးမြောက်တွေး မတွေးနဲ့ ဟင်းချက်စားတဲ့ ကြက်ကိုပြောတာ။ ဟုတ်တယ်မြို့မှာက စျေးထဲပြေးဝယ်လိုက်ရုံ။ ရွာမှာက လိုက်ဝယ်လည်း ရောင်းချင်မှရောင်းတာမျိုး) တုတ်ကြီး ပြေးတာက တိုင်းရင်းဆေးဆရာလို စုန်းကုနတ်ကုလိုလို ဘာမှန်းမသိတဲ့ ဆရာ ဉာဏ့်ဆီကို ပြေးတာ။ ဆရာဉာဏ်ဆိုတာက သုတို့ရွာတင်မဟုတ် ဒီတောင်ခြေတစ်ကြောလုံးရဲ့ တစ်ဦးတည်းသောဆေးဆရာ။ ဗေဒင် ယတြာလေးကလည်း နည်းနည်းပါးပါးရသေးး။ ရိုးရိုး အဖျားတင်မဟုတ် ပယောဂလည်း ကြုံရင် ကြုံသလို ကုလိုက်သေးတယ်။ သူကုလိုက်လို့ သေသွားတဲ့ မသာတွေလည်း သူ့ဘာသူတောင် မမှတ်မိ။ အဲ့လောက် အစွမ်းထက်တာ။ ဒါဖြင့် ဘာလို့ လူတွေက ကုနေကြတာလည်းလို့မေးစရာရှိမယ်။ ဟုတ်ကဲ့ သူနဲ့မကုလည်း ဒီတိုင်းပဲ အသေခံရုံဆိုတော့ ရလိုရငြား အားကိုးကြရတာပဲ ဆိုပါတော့။ 
တုတ်ကြီး ဆရာဉာဏ်အိမ်းထဲပြေးဝင်ပြီး " ဆြာဉာဏ် ဆြာဉာဏ် လုပ်ပါဦး ကျနော့်မိန်းမကို ဝင်ပူးနေလို့ "
" ဟေ ဘာဝင်ပူးတာတုန်း သရဲလား ၊ ဖုတ်လား၊ စုန်းလား" ပေါ့
ဟုတ်သား သူ ထူပူပြီး ဘယ်သူဝင်ပူးတာလဲတောင် မမေးခဲ့ရ။ " ကျုပ် မမေးခဲ့ရဘူး ဆြာ ၊ ကြာပါဒယ်ဗျာ ရောက်မှသာမေးတော့၊ သေချာတာကတော့ ကျုပ်မိန်းမအသံမဟုတ်တဲ့ မိန်းမအသံကြီးဗျာ" 
" ဟုတ်ပြီလေ ဒါမျိုးက မခက်ပါဘူး။ မင်းမိန်းမ ဘာမှားခဲ့လို့ ဝင်ပူးတာလဲမသိဘူး၊ ရောက်မှမေးပြီး သူကျေနပ်အောင်တောင်းပန်လိုက်ရင်ပြီးတာပဲ"ဟု ဆရာဉာဏ်က ပြောလိုက်ရာ တုတ်ကြီးက " ဟာအဲ့ဒါတော့ မဖြစ်ဘူး မတောင်းပန်ချင်ဘူးဗျာ၊ ဘယ့်နယ် တင်တင်စီးစီး သူ့ကို ကြက်သားချက်ကျွေးရမယ်ဆိုပဲ၊ ကိုယ်တောင် ချက်မစားနိုင်တာ" " ပြီးတော့ ကျုပ်လာတာက အဲ့ဒါကို မကျေနပ်လို့ ဆရာ့ဉာဏ့် ပညာစွမ်းနဲ့ ဆုံးမ ခိုင်းမို့လာတာဗျ" 
ဟိုက် ခက်ဘီ ကိုယ်က အထက်လမ်း၊အောက်လမ်းဆရာ အစစ်ကြီးမဟုတ်။တတ်ယောင်ဝါး စားကောင်းသောက်ကောင်း လျှောက်ရမ်းကုနေတာ
ခုတော့ မထူးပါဘူး လိုက်မသွားလျှင်လည်း တုတ်ကြီးက လျှောက်ပြောလို့ သူ့စားပေါက်ပိတ်သွားနိုင်သည်။့
" အေးးအေး ကောင်းဘီလေ ဒါဆိုလည်း ခုလိုက်ရတာပေါ့" လို့ ခပ်တည်တည်ပင် ဆရာဉာဏ်က ပြောလိုက်သည်။ 
ထို့နောက် သူသွားလေရာ ဆောင်သွားသည့် ဆေးလွယ်အိတ်ကိုယူပြီး တုတ်ကြီးအိမ်ရှိရာသို့ သွားလေရာ တုတ်ကြီးမှာ ဆရာဉာဏ့် အားကိုးဖြင့် ခေါင်းမော့ရင်ကော့လို့။ 
တုတ်ကြီးအိမ်သို့ရောက်လေသော် မညိုတစ်ဖြစ်လဲ ဝင်ပူးသူ ပွဲကြမ်းကာဆူညံနေသဖြင့် ပတ်ဝန်းကျင်မှာ လူများမှာလည်း စုစု စုစုဖြင့် တုတ်ကြီးအိမ်ရှေ့တွင်ရောက်နေလေပြီ။ ဆရာဉာက်တို့နှစ်ယောက် အိမ်ထဲဝင်လေသည်နှင့် နောက်ကနေ လိုက်ဝင်လာကြလေသည်။ 
" တုတ်ကြီးဆိုတဲ့ကောင် နင့်ကိုယ်နင်လည်လှပြီ ထင်နေလား၊ ငါအကုန်သိတယ်ဟဲ့ နင်ကြက်မဝယ်ပဲ ဆရာသွားခေါ်တယ်ဆိုတာ ဟင်းဟင်ဟင်း၊ နင်အားကိုးတဲ့ဆရာ ဘယ်လောက်စွမ်းလည်း ကြည့်မဟဲ့ ပြီးမှ နင့်မိန်းမကို ရူးအောင် လုပ်ပလ်ုိက်မယ် ဟွင်းဟွင်း" ဟု ဆီး၍ပြောလေရာ ဆရာဉာဏ်မှာ ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။ 
ဆရာဉာဏ်လည်း သူတကယ်မနိုင်ဘူးဆိုတာသိ၍ နံဘေးမှာ လူများအား" ဘာကြည့်နေတာလဲ ချုပ်ကြစမ်း ဒင်းကို ၊ ပြီးမှ ငါဆုံးမပြမယ် " ဟု ပြောလေရာ တုတ်ကြီး အပါအဝင် လူ လေးငါးယောက်ဝိုင်းချုပ်၍ လက်နှစ်ဖက်ကို ကြိုးဖြင့်တုပ်ကြလေ၏။ 
ကြိုးတုပ်ပြီးသော် "ဆရာဉာဏ်က အိမ်ဦးခန်းတွင် ထိုင်၍ " ကဲ ငါ့ရှေ့ခေါ်ခဲ့စမ်းဒင်းကို "
" ကဲ နင်ဘယ်သူလဲ မှန်မှန်ပြော " ဟု ဆရာဉာဏ် အမေးကို " နင်က ဘာကောင်မို့ပြောရမှာလဲ" ဟု ပြန်ပက်လေ၏။ ဆရာဉာဏ်လည်း နာမည်နှင့်လိုက်အောင် ဉာဏ်သုံးမှ ဖြစ်တော့မည်ဟုတွေးကာ " ကောင်းပြီ အေးအေးဆေးဆေး ပြောကြတာပေါ့ နင်ဘယ်သူလဲဆိုတာ ငါ့ကိုပြော၊ ဒါမှ ငါတို့က နင့်ကို ဘာလုပ်ပေးနိုင်မယ်ဆိုတာ သိမှာပေါ့ " ဟု အချိုသတ် မေးလေမှ " ငါက စုန်းဟဲ့။ စုန်းတောင် ရိုးရိုးအောက်တန်းစားစုန်းမဟုတ်ဘူး၊ တိမ်ညွန့်စားတဲ့စုန်း" ဟု ဖြေလေသည်။ 
" နင် ဘာမကျေပ်နပ်လို့ ဝင်ပူးတာလဲ "
" ဒီကောင်မပေါ့ ငါတွေ့ထားတဲ့ မှိုကျင်းကို ဝင်နှုတ်သွားတာလေ ငါ့ဖို့ ဟင်းစားတောင် မချန်ခဲ့ဘူး၊ ကောင်မ လူပါးဝတာလေ " ဟု ပြောလေသည်။ 
ဆရာဉာဏ်က" နင့်အသက်ဘယ်လောက်ရှိပြီလဲ"
" ငါ့ အသက်က ၃၂နှစ် အသက်ငယ်လို့ ပညာနုမယ်တော့ မထင်လိုက်နဲ့ စုန်းသက်ကလည်း ၃၂ နှစ်ပဲ ၊ ငါက ဝမ်းတွင်းစုန်းဟဲ့ ဟင်းဟင်းဟင်း" ဟု ဂုဏ်ယူလေသော အသံဖြင့်ပြောလေ၏။ 
" အေး သူမှားတယ်ဆိုလည်း တောင်းပန်ပါတယ် သူ့ကိုတော့ မနှောက်ယှက်ပါတော့နဲ့ ပြန်ထွက်ပေးပါ" ဟု ဆရာဉာဏ်က ပြောလေရာ " မထွက်နိုင်ဘူး ငါစားချင်တာ မကျွေးမချင်း သေတောင်မထွက်ဘူး" ဟုပြောလေရာ ဆရာဉာဏ်လည်း တုတ်ကြီးအားကြည့်လိုက်လေ၏။ တုတ်ကြီးက ပုခုန်းတွန့်၍ ခေါင်းခါပြသည်ကို မြင်လေရာ " ဒုက္ခပဲ ငါတော့ ဒီစုန်းမကို ငါ့ပညာဖြင့် ထွက်အောင်မလုပ်နိုင်လျှင် အရှက်တော့ကွဲတော့မည်ဟု တွေးပြီးသကာလ။ ဆရာ ဉာဏ် ညစ်ကျယ်ကျယ် ပြုံးလိုက်ကာ " ဟဲ့ ကောင်မ သူတို့က နင့်ကို မကျွေးနိုင်ဘူး၊ ဒီတော့ နင် ထွက်မလား မထွက်ဘူးလား" ဟု ငေါက်လေရာ " မထွက်ဘူး သေတောင်မထွက်ဘူး " 
" ကောင်းပြီလေ နင်မထွက်လည်း ငါ့ပညာစွမ်းနဲ့ ထွက်အောင် လုပ်ရမှာပေါ့ ဟင်းဟင်းဟင်း " 
ထို့နောက် ဆရာဉာဏ်က ဝိုင်းအုံကြည့်နေသော လူတွေဘက်သို့လှည့်၍ " ကဲ ငါ့ပညာနဲ့ ဒီစုန်းမကို ဆုံးမရမယ်၊ ဒါပေမယ့် ပညာထုတ်သုံးတဲ့အချိန်မှာ ဘေးလူတွေ ကြည့်လို့မရဘူး ဒီတော့ ဝိုင်းအပြင်ထွက်ပေးကြပါ " ဟုပြောလေရာ လူအများလည်း ခေါင်းညိတ်၍ မထွက်ချင် ထွက်ချင်ဖြင့် ခြံပြင်သို့ ထွက်သွားကြကုန်လေသည်။ 
အိမ်ထဲတွင်သူနှင့် တုတ်ကြီးသာ ကျန်လေသောအခါမှ ဆရာဉာဏ်က " တုတ်ကြီး ငါ့နားလာစမ်း " ဟု ခေါ်လိုက်ကာ တုတ်ကြီး အနားရောက်လာလေလျင် နားနားသို့ကပ်၍ တိုးတိုး တိုးတိုးဖြင့်ပြောလေ၏။ တုတ်ကြီးက " ဟာ ဖြစ်ပမလားဆရာ "
" ဖြစ်ပါဒယ်ကွာ ဒါမျိုးတွေ ကြုံလာတာ ငါအံတိုနေဘီ" ဟု သူ၏ ကွမ်းချိုးအထပ်ထပ်တက်နေသော သွားတွေပေါ်အောင်ပြုံးလိုက်လေ၏။ 
တုတ်ကြီးလည်း ကြိုးတုပ်ထားသော မညိုကို အတင်းဆွဲထမ်း၍ အိပ်ခန်းထဲသို့ ခေါ်သွားလေရာ " ဟင် နင်ငါ့ကို ဘာလုပ်မလို့လဲ လွှတ်စမ်း ခုလွှတ် လွှတ်ဆို လွှတ်နော် " ဟု စုန်းမက ပြောလေရာ ဆရာဉာဏ်က " ဟား ဟား းး မလွှတ်ဘူးနဲ့ဟေ့ မလွှတ်နဲ့ တုတ်ကြီး ။" ဟု ရယ်ရင်း ပြောလိုက်လေ၏။ 
အိမ်ရှေ့တွင် ရပ်၍ အခြေနေစောင့်ကြည့်နေသောရွာသားများမှာ အိမ်ထဲမှ တုတ်ကြီး၏ " ငါ့မိန်းမကို ဝင်ပူးတဲ့ 
စုန်းမ မှတ်ပြီလားကွ " ဟု ကြွေးကြော်သံနှင့်အတူ မြေစိုက်အိမ်လေး တစ်ခုလုံး တဝုန်းဝုန်းဖြင့် သိမ့်သိမ့်ခါအောင် လှုပ်ရမ်းနေသည်ကို မြင်လေသောအခါ သူတို့အားကိုးရသည့် ဆရာဉာဏ်သည် တကယ်ပင် အစွမ်းထက်လှပေစွဟု တွေးတောကာ အထင်ကြီးကြလျက် ရှိကြလေကုန်တော့သည်။ များမကြာမှီ အိမ်လေးသည် တိတ်ဆိတ်ငြိမ်သက်သွားကာ အခန်းထဲမှ တရှုံ့ရှုံ့ ငိုသံနှင့်အတူ " နင်တို့ နောက်တခါ ငါ့အကြောင်း ကောင်းကောင်းသိမယ်" ဟု စုန်းမက ပြောဆိုလေ၏။ ဆရာ ဉာဏ်က " တယ် ဒီစုန်းမ ခုထိ မထွက်သေးဘူး တုတ်ကြီးရေ အစွမ်းပြလိုက်ပါဦး " ဟု ပြောလိုက်ရာ စုန်းမလည်း မပူးရဲရှာတော့ပဲ ထွက်ပြေးလေတော့သည်။ …………
…………
တစ်လခန့် ကြာသောအခါ
ဆရာ ဉာဏ် အိမ်ရှေ့ကွက်ပျစ်တွင် အဖန်ရည်သောက်နေခိုက် လူတစ်ယောက် လေးကန်သော ခြေလှမ်းများဖြင့် ဝင်လာသည်ကိုတွေ့၍ ကြည့်လိုက်ရာ တုတ်ကြီး ဖြစ်နေတော့သည်။ မျက်းတွင်းဟောက်ပက်ဖြင့် ပိန်လှီနေသည်မှာ တုတ်ကြီးမှ ဟုတ်ပါလေစွဟု မနည်းကြည့်ယူရလေသည်။ " ဟ တုတ်ကြီး ကျသွားလှချည်လား နေမကောင်းဘူးလားဟု မေးရာ " 
" ကောင်းပါတယ် ဆရာ ဒါပေမယ့် ဟိုစုန်းမပေါ့ နောက်ရက်တွေကစပြီး ညတိုင်းကျုပ်မိန်းမကို ဝင်ပူးနေတာလေ၊ ကျုပ်လည်း ဆရာဉာဏ်ပေးထားတဲ့နည်းအတိုင်း စုန်းမထွက်အောင်လုပ်တာပေါ့ " " ဒါပေမယ့် ဆရာရယ် နောက်ရက်တွေကျတော့ တဖြေးဖြေးနဲ့ တခါနဲ့ မထွက် နှစ်ခါနဲ့မထွက် လူလည်း အရိုးပဲ ရှိတော့ဒယ်ဆရာ။ " စုန်​းမကလဲခုဆိုအ​ခေါ်​ဝေါ်​တွေ​တောင်​​ေ​ပြာင်​းလို့ သူဝင်​ပူးပြီဆို ခိုခို " ခိုခို" နဲ့​နေတာဘဲ ' ဟု ပြန်ပြောပြလေသတည်း။ :P
ထိုအချိန်မှစ၍ ဆရာဉာဏ်၏ စုန်းထုတ်နည်းလည်း လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပမ်းစားနေလေသတည်း။ 
……………
……………
……………
……………
ဖြစ်ရပ်မှန်မဟုတ်ပါ facebook ပေါ်တွင် အမှတ်မထင်တွေ့ရသော ကာတွန်းလေးအား ဇာတ်လမ်းဆင်ကြည့်လိုက်ခြင်းသာဖြစ်ပါသည်။
:)  :)  :)
Credit - မူရင်​း​ရေးသားသူ
Sharing- Dလူ

Loading...