အမျိုးသမီးတစ်ဦး၏ စွပ်စွဲတိုင်ကြားမှုကြောင့်ဟုဆိုကာ မိမိ ကိုယ်ကို သတ်သေသွားသည့် စိတ်ဝင်စားဖွယ် ရဲတပ်သားတစ်ဦး - Reader Myanmar

Latest Posts

အမျိုးသမီးတစ်ဦး၏ စွပ်စွဲတိုင်ကြားမှုကြောင့်ဟုဆိုကာ မိမိ ကိုယ်ကို သတ်သေသွားသည့် စိတ်ဝင်စားဖွယ် ရဲတပ်သားတစ်ဦး






အမျိုးသမီးတစ်ဦး၏ စွပ်စွဲတိုင်ကြားမှုကြောင့် မိမိကိုယ်ကို သတ်သေခဲ့သည်ဆိုသော မောင်တော နယ်ခြားစောင့်
တပ်မှ ရဲတပ်ဖွဲ့ ဝင်တစ်ဦး၏ သတင်းမှာ စိတ်ဝင်စားဖွယ်ရာများ ဖြစ်လာသည်။ 

မိမိကိုယ်ကို သတ်သေသည့် ဖြစ်စဉ်မှာ မတ်လ ၂၅ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးက ၄င်းအား နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ ဝင် ကိုထွန်းသက်အောင်က လက်ဆွဲ၍ မဖွယ်မရာများ ပြောသည်ဟု စွပ်စွဲတိုင်တန်းခဲ့ခြင်းမှ စတင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စွပ်စွဲမှုကြောင့် ဟုဆိုကာ တိုင်တန်းခံရသူ ကိုထွန်းသက်အောင်က မတ်လ ၂၆ ရက် နံနက် ၅ နာရီခန့် တွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 


အထူးသဖြင့် မောင်တောမြို့ နယ် ခရေမြိုင်ရဲစခန်း၊ မောရ၀တီရဲကင်း၌ မတ်လ ၂၆ ရက်က နံနက်ပိုင်းက သေနတ်သံကြားလိုက်ရသည့်နောက် တာဝန်ရှိသူများ သွားရောက်စစ်ဆေးချိန်တွင် ကိုထွန်းသက်အောင်မှာ နဖူးအောက် နှစ်လက်မခန့် အကွာ၌ ဖောက်ဝင် ဒဏ်ရာ တစ်ချက်ဖြင့် ၄င်းကိုယ်တိုင် သေနတ်ကို ကိုင်လျှက်ဖြင့် သေဆုံးနေခြင်းဟု သိရသည်။ ၄င်းကိုယ်တိုင် ပြောကြား ထားသည်ဟု ဆိုသော မိနစ် ၄၀ စာ အသံဖိုင်တွင် ၄င်းမှာ စွပ်စွဲခံရသည့်အတွက် အရှက်ရမိကြောင်း၊ မည်သို့ မျှ ဖြေရှင်း၍ မရသည့်အတွက် သတ်သေခြင်းဖြစ်ကြောင်း ပြောကြားထားသည်ဟု သိရသည်။ 

စိတ်ဝင်စားဖွယ် ကောင်းသည်မှာ အမျိုးသမီးတစ်ဦးက ၄င်းအားလက်ဆွဲ၍
မဖွယ်မရာပြောပါသည်ဟု စွပ်စွဲတိုင်တန်းရုံဖြင့် အရှက်ရပြီး မိမိကိုယ်ကို သတ်သေခြင်း ဆိုသည်မှာ စဉ်းစားစရာလည်း ဖြစ်နေသည်။ သတ်သေသွားသူ ကိုထွန်းသက်အောင်သည် အသက် ၂၁ နှစ်အရွယ်ရှိပြီး မိတ္ထီလာမြို့နယ်၊ ဇောင်ချမ်းကုန်းရွာမှ တာဝန်အရ မောင်တောသို့ လာရောက်ပြောင်းရွှေ့ ထမ်းဆောင်နေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။ 


ယင်းအမှုကို အလယ်သံကျော်စခန်း၌သေမှုသေခင်းအမှတ် ၃/၂ဝ၁၇ နဲ့ ရေးဖွင့်ထားပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

Credit,,အကုန်​သိ
ကျော်​သက်​​ထွေး
Loading...