ကေတီဗွီ က ပြန်​ခဲ့တယ်​ - Reader Myanmar

Latest Posts

ကေတီဗွီ က ပြန်​ခဲ့တယ်






ကောင်​မ​လေးကို ​ပေးခဲ့တဲ့ မုန့်​ဖိုးသုံး​သောင်းက သမီး​လေးအတွက်​ ကျူရှင်​ဖိုး ​တစ်​လစာ ရှိတယ်​ဆိုတာ ကျ​နော်​ ​မေ့သွားတယ်​။

အဲဒီသီချင်း​တွေ ဆိုမယ့်​အစား သားငယ်​​လေးကို သား​ချော့​တေးဆိုပြီး ​ချော့သိပ်​​ပေးလို့ ရတယ်​ဆိုတာ ကျ​နော်​ ​မေ့သွားတယ်​။

ဘလူး​လေဗယ်​လ်​ တစ်​လုံးစာက အိမ်​စားရိတ်​ တစ်​လစာ ရှိတယ်​ဆိုတာ ကျ​နော်​ ​မေ့သွားတယ်​။

အသားစုံ​ကြော်​တစ်​ပွဲက အ​ဖေ့အတွက်​ ​အော်​ရာမင်​ဂျီ တစ်​ဘူးဖိုး မ ကဘူးဆိုတာ ကျ​နော်​ ​မေ့သွားတယ်​။

ပုစွန်​ခြင်းလုံး​ကြော်​တစ်​ပွဲက အ​မေ့အတွက်​ ​ယောဂီတဘတ်​တစ်​ထည်​စာ မ ကဘူးဆိုတာ ကျ​နော်​ ​မေ့သွားတယ်​။

ဆိုခဲ့တဲ့ ငါးချိန်​စာ ဆက်​ရှင်​ဖိုးက သားနဲ့ သမီးရဲ့ အဝတ်​အစားဖိုး မ ကဘူးဆိုတာကျ​နော်​ ​မေ့သွားတယ်​။

ထိုင်​ခဲ့တဲ့ ငါးနာရီစာ အချိန်​​တွေက အိမ်​သူသက်​ထားနဲ့အတူ ဘုရားသွား​ကျောင်းတက်​ ကုသိုလ်​ပြုခွင့်​ ရှိတယ်​ ဆိုတာကျ​နော်​ ​မေ့သွားတယ်​။

အဲဒီညက ​မေ့​လျော့ခြင်း​တွေ တစ်​​ပွေ့တစ်​ပိုက်​နဲ့ ကျ​နော်​ …… ​ကေတီဗွီက ပြန်​ခဲ့တယ်​။

Ko Myo Chit ထံမှ ကူးယူ​ဖော်​ပြသည်
Loading...