ဖခင်ဖြစ်သူက အရွယ်မရောက်သေးသည့် သမီးအရင်းဖြစ်သူအား မုဒိန်းမှုပြုကျင့်ရန် ကြံစည် - Reader Myanmar

Latest Posts

ဖခင်ဖြစ်သူက အရွယ်မရောက်သေးသည့် သမီးအရင်းဖြစ်သူအား မုဒိန်းမှုပြုကျင့်ရန် ကြံစည်






မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ခင်တဲကျေးရွာတွင် ဖခင်ဖြစ်သူက အရွယ်မရောက်သေးသည့် သမီးအရင်းဖြစ်သူအား မုဒိန်းမှုပြုကျင့်ရန် ကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
 ခင်တဲကျေးရွာနေ ဒေါ်—– (၃၅) နှစ်သည် နေအိမ်တွင် (၂) နှစ်အရွယ် သမီးငယ်အား အိမ်အလယ်ခန်းရှိ ခြင်ထောင်အတွင်း၌ နို့တိုက်နေစဉ် ခင်ပွန်းဖြစ်သူဦး—– (၃၈) နှစ်နှင့်အတူ သမီးကြီးဖြစ်သူ မ—– (၁၂)နှစ်၊ သားဖြစ်သူ မောင်—– (၇) နှစ်နှင့် မောင်—– (၁၀)နှစ်တို့သည်အိမ်ရှေ့ခန်းတွင် လှဲလျောင်းကာ တီဗွီ ကြည့်နေကြပြီးထိုနေ့ည (၉း၃၀) အချိန်ခန့်တွင် ဇနီးဖြစ်သူ ဒေါ်—– သည် နို့တိုက်နေသည့် ကလေးအိပ်ပျော်သွားစဉ် ခြင်ထောင် အပြင်ဘက်သို့ ထွက်လာစဉ် ခင်ပွန်းဖြစ်သူ ဦး—– နှင့် သမီး ဖြစ်သူ မ—– တို့အား
စောင်ခြုံထားလျက် မသင်္ကာဖွယ် လှုပ်ရှားနေခြင်းကို မြင်တွေ့ရ၍ ရုတ်တရက်ထကာ စောင်အား လှပ်လိုက်ခြင်းကြောင့် ခင်ပွန်းဖြစ် ဦး—– မှ (၁၂) နှစ်အရွယ် မိမိ၏ သမီးဖြစ်သော မ—– ၏ မိန်းမအင်္ဂါစပ်အား
လက်ဖြင့် ပွတ်သပ်ပေးနေသည်ကိုမြင်တွေ့လိုက်ရပြီး သမီးဖြစ်သူ ၀တ်ဆင်ထားသော ဘောင်းဘီအနီရောင်မှာလည်းကျွတ်၍ အမူအယာပျက်နေသည်ကို မြင်တွေ့ရခြင်းကြောင့်သမီးဖြစ်သူအား ငေါက်ငမ်း၍ မေးမြန်းရာတွင် တီဗွီကြည့်နေစဉ်ဖခင်ဖြစ်သူ ဦး—– မှ မိမိခြုံထားသော စောင်အတွင်းသို့ဝင်ရောက်လာပြီးနောက် ဘောင်းဘီအား ဆွဲချွတ်သောကြောင့် မိမိမှာ ပေါင်နှစ်ဖက်အား ချိတ်၍ ကွေးလိမ်ထားရာဖခင်ဖြစ်သူမှ မိမိဘောင်းဘီအား ခြေမနှင့်ညှပ်၍ ဆွဲချွတ်လိုက်သဖြင့် ကျွတ်သွားကြောင်း၊ ၎င်းနောက် မိမိ၏ မအင်္ဂါအား ပွတ်သပ်ပေးနေခြင်းကြောင့် မိခင်ဖြစ်သူအား တိုင်ပြောမည်ဟု အစောပိုင်းတွင် အသံတိုးတိုးဖြင့် ပြောဆိုက ဟန့်တားခဲ့ကြောင်း၊ဖခင်ဖြစ်သူမှ မိမိအား မတိုင်ရန် တားမြစ်ကြောင်း၊နေလို့ကောင်းအောင် လုပ်ပေးမည့်အကြောင်း၊ ကောင်းလျှင် နေ့တိုင်းလုပ်ပေးမည့်အကြောင်း၊ မကောင်းလျှင် တိုင်ဟု အသံတိုးတိုးဖြင့် ပြန်၍ ပြောဆိုကာ ဆက်လက်၍ လုပ်ဆောင်နေခြင်းကြောင့်၊မိမိမှ အဖေကြီး ဖယ်တော့၊ မဖယ်လျှင် အမေကြားအောင် အော်လိုက်မည့်အကြောင်း ပြောဆို၍ ရုန်းကန်ခြင်းကြောင့် မိမိအား ဖခင်ဖြစ်သူမှ အော်လျှင် ရိုက်မည်။ သတ်ပစ်မည်ဟု ပြောဆိုကြောင်း၊အော်ချင်လဲအော်။

 နင့်အမေသာသိရင် ငါတို့လင်မယားချင်းကွဲသွားရင် နင်မလွယ်ဘူးဟု ပြောဆိုခြင်းကြောင့် အသာငြိမ်ပေးနေရကြောင်း၊ ထို့နောက် အတန်ကြာတွင် သမီးမှ မနေတတ်တော့၍ ငရဲကြီးမည်ဟု ပြောဆိုသော်လည်းကိုယ့်သမီးကိုယ် အရသာရှိအောင်လုပ်ပေးတာ ဘာငရဲမှ ကြီးစရာမရှိကြောင်း၊သူများဖအေတွေလဲ ဒီလိုပဲ လုပ်ပေးနေကြတာဖြစ်ကြောင်း ပြောဆိုကာ မိမိ၏ ပါးများကို နမ်းရှုံကြောင်း၊ နှုတ်ခမ်းများကိုလည်း တီဗွီထဲကအတိုင်း စုပ်ယူခံခဲ့ရကြောင်း အစရှိသည်များကိုအကြောင်းစုံ သိရ၍ သားအဖအရင်း ဖြစ်ပွားခဲ့သည့်ကိစ္စဖြစ်နေသောကြောင့်မိခင်ဖြစ်သူ ဒေါ်—– မှ မိမိ၏ မွေးချင်းများအား သွားရောက် တိုင်ပင်ပြီး တောင်တွင်းကြီးမြို့နယ် ရဲစခန်းသို့ ခင်ပွန်းဖြစ်သူ ဦး—– အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူပေးပါရန်တရားလိုပြုလုပ် တိုင်တန်းခဲ့သည်ဟု သိရပါသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦး—–၊ အသက်(၃၈)နှစ်၊ ရခိုင်-ဗုဒ္ဓ၊ ဈေးသည်လုပ်ကိုင်၊ ခင်တဲကျေးရွာ နေထိုင်သူအား တောင်တွင်းကြီးမြို့မ ရဲစခန်းက  ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်လှစ်ပြီး၊ အမှုစစ် ဒုရဲအုပ် သန်းဇော်မှဆက်လက်၍ စစ်ဆေးနေကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားလိုဖြစ်သူ ဒေါ်—–၊ အသက်(၃၅)နှစ်၊ ဗမာ-ဗုဒ္ဓ၊ မှီခို၊ ခင်တဲကျေးရွာ နေထိုင်သူမှာ ၎င်း၏ ခင်ပွန်းဖြစ်သူ ဦး—–နှင့်
ချစ်ကြိုက်၍ ခိုးပြေးကာ ယူထားကြသော ငယ်လင်ငယ်မယား ဇနီးမောင်နှံဖြစ်ပြီး အိမ်ထောင်သက် (၁၄)နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ၎င်းတွင် သား(၃)ဦး၊ သမီး(၂)ဦး၊ ပေါင်း သားသမီး(၅) ဦး ရှိကြောင်း၊
၎င်းအနေဖြင့် ယခုလို လူလားမြောက်ခါနီး သမီးရင်းဖြစ်သူအား ကြံစည်သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မိမိခင်ပွန်းအပေါ် လုံးဝ ခွင့်လွှတ်နိုင်မည် မဟုတ်ကြောင်း၊၎င်း၏ သားသမီး(၅)ဦးအားလည်း လူလားမြောက်သည်အထိ မိမိကိုယ်တိုင်ပင် ဆက်လက်၍ ရုန်းကန်၊ ကျွေးမွေး၊ စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ခင်ပွန်းဖြစ်သူအားလည်း ရွံရှာ စက်စုတ်ကြောက်ရွံ့နေသဖြင့် ယခုအမှုအား စစ်ဆေးသည့်အခါတွင် သက်ဆိုင်ရာ တရားသူကြီးအား တင်ပြအကူအညီတောင်းခံ၍ လင်မယားအဖြစ်မှ တရားဝင် ကွာရှင်းပြတ်စဲမှုအား သက်ဆိုင်ရာ တရားသူကြီးထံတွင်တင်ပြကာ အကူအညီ တောင်းခံသွားမည်ဖြစ်ကြောင်း၊ သူမ၏ ညီအစ်ကို မောင်နှစ်မများအိမ်၌ ရင်ဖွင့်ပြောပြချက်အရ သိရှိရသည်။

ရွှေဟင်္သာ (တောင်တွင်းကြီး)
Loading...