ဘိလိယက်ထိုးရင်း လူသတ်မှုဖြစ် - Reader Myanmar

Latest Posts

ဘိလိယက်ထိုးရင်း လူသတ်မှုဖြစ်






ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့ ကုန်းသာကျေးရွာအုပ်စု တောပုကျေးရွာတွင် မတ်လ ၁၅ ရက် ညနေ ၅ နာရီခွဲက ဘိလိယက်ထိုးရင်း စကားများ ရန်ဖြစ်ရာမှ ဦးလေးက တူဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း အုတ်တွင်းမြို့မ ရဲစခန်းထံမှ သိရှိ ရသည်။
အသက် ၂၇ နှစ်အရွယ် ကိုဝဏ္ဏကျော်(ခ) ငပေါက ဦးလေးတော်သူ အသက် ၃၀ အရွယ် ဦးမိုးဝင်းနှင့်အတူ ဘိလိယက် ထိုးရာမှ စကားများ ရန်ဖြစ်ခဲ့ ကြောင်း၊ ယင်းနောက် ဦးလေးတော်သူက ဓားမြှောင်ဖြင့်ထိုးရာ တူဖြစ်သူ ကိုဝဏ္ဏကျော် သေဆုံးခဲ့ကြောင်း၊ ကျူးလွန်သူကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးလွတ်မြောက်နေသောကြောင့် ရှာဖွေဖမ်းဆီးနေကြောင်း အုတ်တွင်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice
Loading...