ဆီးခုံချင်းဆက် အမွှာညီအစ်ကိုအား မတ်လ ၂၃ ရက်နေ့တွင် ခွဲစိတ်မည် - Reader Myanmar

Latest Posts

ဆီးခုံချင်းဆက် အမွှာညီအစ်ကိုအား မတ်လ ၂၃ ရက်နေ့တွင် ခွဲစိတ်မည်






မန္တလေးမြို့ ၆၆ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံတွင် မတ်လ ၂၃ ရက်နေ့၌ ဆီးခုံချင်းဆက်အမွှာညီအစ်ကိုအား ခွဲစိတ်သွားမည်ဖြစ်ကြောင်း အဆိုပါဆေးရုံအုပ်ကြီး ဦးသက်ဆွေက ပြောသည်။
"အမွှာနှစ်ယောက်ကို ၂၃ ရက်နေ့ မနက်မှာ စခွဲမယ်။ အစိုးရက ပစ္စည်းတွေတော့ ချထားပေးတယ်။ ပိုက်ဆံကတော့ တင်ထားတုန်း မကျသေးဘူး။ သိန်းရာဂဏန်း လောက်တော့ ကုန်လိမ့်မယ်"ဟု ၎င်းင်းက ပြောသည်။
အဆိုပါအမွှာညီအစ်ကိုအား မုံရွာမြို့နယ် ညောင်ပင်သာရွာမှ တောင်သူမိဘနှစ်ဦးက မုံရွာဆေးရုံကြီးတွင် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က မွေးဖွားခဲ့ပြီး၊ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် မန္တလေး ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီးသို့ ရောက်ရှိလာခဲ့သဖြင့် သီးသန့်အခန်းတွင် စောင့်ရှောက်ပေးထားသည်။
The Myanmar Times
Loading...