တရားမျှတတဲ့ လုပ်ပိုင်ခွင့်ကို ပရိသတ်တွေလုပ်ပေးလိုက်တာပါဆိုတဲ့ မြန်မာပြည် သိန်းတန် - Reader Myanmar

Latest Posts

တရားမျှတတဲ့ လုပ်ပိုင်ခွင့်ကို ပရိသတ်တွေလုပ်ပေးလိုက်တာပါဆိုတဲ့ မြန်မာပြည် သိန်းတန်






ပရိသတ်များကရွေးချယ်ပိုင်ခွင့် အရ လွတ်လွတ်လပ်လပ်ရွေးချယ် သွားခြင်းသာဖြစ်ကြောင်းနှင့် ပိုးမီ ထွက်ခွာသွားရခြင်းအတွက် ရှော့ခ် ဖြစ်ရကြောင်း Myanmar Idol ၏ အကဲဖြတ်ဒိုင်ဖြစ်သူ မြန်မာပြည် သိန်းတန်ကပြောကြားလိုက်သည်။
Myanmar Idol ပြိုင်ပွဲ၏ Top 3 ထဲမှတစ်ဦးကိုမတ်၁၇ ရက် ညပိုင်း၌ ပရိသတ်များ၏မဲပေးရွေး ချယ်မှုအရ ပြိုင်ပွဲမှထွက်ခွာစေမှု တွင် ပိုးမီက နှုတ်ဆက်ထွက်ခွာရ သူဖြစ်ခဲ့ပြီး သားငယ်နှင့် ဘီလီ လမင်းအေးတို့မှာ ဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်သည်။
''အန်ကယ် ရှော့ခ်ဖြစ်သွား တယ်။ သုံးယောက်စလုံးကတော့ တော်တော်ကိုခွဲရခက်တဲ့ တန်းတူ ရည်တူ အရည်အချင်းပြည့်မီတဲ့သူ တွေပါပဲ။ ဒီအထဲကနေ ဘယ်သူ ဘယ်သူရယ်လို့ဘယ်လိုမှ မဖြစ် စေချင်ဘူးပေါ့။ သို့ပေမယ့်စိတ်ထဲ မှာလည်း တစ်မျိုးလေးတော့ ကိုယ့် ရဲ့အယူအဆလေးတော့ ရှိတာပေါ့ နော်။ ကြေညာလိုက်တဲ့အခါကျ တော့ နည်းနည်းလေးတော့ ရှော့ခ် ဖြစ်သွားတယ်''ဟု မြန်မာပြည် သိန်းတန်ကပြောသည်။
မြန်မာသံစဉ်၊ ရော့ခ် စသည့် ဘက်စုံ ဆိုနိုင်စွမ်းရှိသောသူတစ်ဦး ဖြစ်သည့် ပိုးမီအနေဖြင့်ပြည့်မီပြီး သား အရည်အချင်းများဖြင့် အနု ပညာလောက၌ဆက်လက်ကူးခတ် ရုံသာရှိတော့သည်ဟုဆိုသည်။ 
''ဒီနေရာမှာတော့Myanmar Idol တစ်ဦးတည်းကိုပဲ ရွေးချယ် ရမှာဖြစ်တဲ့အတွက် တစ်ဦးတစ် ယောက်တည်းကပဲအပေါ်ကို သွား ရမှာဖြစ်တယ်''ဟု ၄င်းက ဆက် လက်ပြောကြားသည်။
''ပရိသတ်များကလည်းအကုန် သိတယ်လေ။ အကုန်ကျွမ်းကျွမ်း ကျင်ကျင်နဲ့ မှန်မှန်ကန်ကန်နဲ့ လွတ် လွတ်လပ်လပ် လုပ်လိုက်တာပဲ လေ။ သူတို့ရဲ့ ရွေးချယ်ပိုင်ခွင့် အတိုင်းပဲ သူတို့ဒါကိုတရားသဖြင့် ရွေးချယ်လိုက်တာပဲလေ။ ဒီအပေါ် မှာပဲ အန်ကယ်တို့ကဆက်လက်ပြီး တော့ ရှေ့ကိုချီတက်ရမှာပဲလေ'' ဟု မြန်မာပြည်သိန်းတန်က ပြော သည်။
အခြားသောဒိုင်နှစ်ဦးဖြစ်သည့် မေဆွိနှင့် တင်ဇာမော်တို့ကလည်းsave လုပ်ရကျိုးနပ်သော ပြိုင်ပွဲ ဝင်တစ်ဦးဖြစ်ကြောင်း၊ လုပ်သင့် လုပ်ထိုက်သောပြသင့်ပြထိုက်သော အရည်အချင်းများကို ပြသနိုင်ခဲ့ပြီး ဖြစ်သကဲ့သို့ရရှိပြီးသား ပရိသတ် များနှင့်အတူအနုပညာလမ်းကြောင်း ကို ဆက်လက်လျှောက်လှမ်းနိုင်ပြီ ဖြစ်ကြောင်းလည်းဆိုသည်''နံပါတ် တစ်ဟာအောင်မြင်တဲ့သူမဖြစ်သလို၊ အောင်မြင်တဲ့ သူတွေဟာလည်း နံပါတ်တစ်မဖြစ်ခဲ့ပါဘူး။ ဘာပဲ ဖြစ်ဖြစ် ကိုယ်လှုပ်ရှားခဲ့ရတဲ့ ခရီး စဉ်မှာ မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါပြီ'' ဟု အကဲဖြတ်ဒိုင်ဖြစ်သူ မေဆွိက ပြောသည်။ 
အကဲဖြတ်ဒိုင် တင်ဇာမော်က လည်း ''နောက်ဆုံးသုံးယောက် ကျန်တဲ့အချိန်မှာ သုံးယောက်လုံးကို ချစ်တယ်။ကဲ..ပရိသတ် Voting ပဲ ရှိပါစေတော့ဆိုပြီး အစ်မဒီတစ် ပတ် ဘယ်သူ့ကိုမှ မပေးခဲ့ဘူး။ အကယ်၍ အစ်မ Votingပေးခဲ့ရင် ညီမလေးပါရင်ပါလာမှာ။ အစ်မ အပြစ်တွေပဲလို့ပဲထားလိုက်ပါတော့'' ဟု မှတ်ချက်ပြု ပြောကြားသည်။ 
ပိုးမီကိုယ်တိုင်ကလည်းပရိသတ် များကသတ်မှတ်ပေးသောVoting ကို ကျေနပ်လက်ခံမိပါကြောင်း နှုတ်ဆက်စကားတွင် ထည့်သွင်း ပြောကြားသွားသည်။
The Union Daily
Loading...