အံ့အားသင့္ဖြယ္ အိမ္သန္႔ရွင္းေရးေဆာင္ရြက္နည္း - Reader Myanmar

Latest Posts

အံ့အားသင့္ဖြယ္ အိမ္သန္႔ရွင္းေရးေဆာင္ရြက္နည္း






ပုံမွန္အိမ္သန္႔ရွင္းေရး ထိန္းသိမ္းလုပ္ေဆာင္တာက လြယ္ပါတယ္။ ေခ်ာင္ၾကိဳေခ်ာင္ၾကားေတြ သန္႔ရွင္းေရးလုပ္တာက ေနာက္တစ္က႑ေပါ့။ အိမ္သန္႔ရွင္းေရးတခ်ဳိ႕ကို တစ္ႏွစ္ပတ္လုံး လုပ္ရပါတယ္။ ကံအားေလွ်ာ္စြာ မိမိေရခ်ဳိးခန္း၊ မီးဖုိေခ်ာင္နဲ႔ အိပ္ခန္းတုိ႔ကို သန္႔ရွင္းေရးလုပ္ဖုိ႔ ထိတ္လန္႔ေနစရာမလုိပါဘူး။ ဒီနည္းလမ္းေတြက ပုံမွန္သန္႔ရွင္းေရးလုပ္ေဆာင္မႈအတြက္ လြယ္ကူသက္သာေစပါလိမ့္မယ္။
ျပတင္းေပါက္ခုံ
အညစ္အေၾကးနဲ႔ ဖုန္ေတြ ရွင္းလင္းဖုိ႔အတြက္ ေျခာက္ေသြ႔တဲ့ဘရပ္ခ်္ကို အသုံးျပဳပါ။ ဒီလုိ ဘရပ္စ္နဲ႔သုတ္ျပီးရင္ အဝတ္စုိနဲ႔ လက္စသတ္ပါ။ တကယ္လုိ႔ အရင္ဆုံး ေရစိုနဲ႔သုတ္လိုက္ရင္မယ္ဆုိရင္ ေရေၾကာင့္ အညစ္အေၾကးေတြ ပုိထူသြားမွာျဖစ္ပါတယ္။
အိမ္ေမြးတိရိစာၦန္ေမႊး
အေမြးႏု၊ တြန္႔လိပ္ခဲေနတဲ့အေမြးေတြ ဖယ္ရွားမရဘူးလို႔ ထင္မိၾကပါလိမ့္မယ္။ ရာဘာေရယက္တံကုိ ေရစြပ္ျပီး ေကာ္ေဇာ၊ အခင္း တေလွ်ာက္ ဖိဆြဲပါ။ အေမြးအမွ်င္ေတြ ကပ္ပါျပီး တစ္သွ်ဴးျဖင့္ အလြယ္တကူ ဖယ္ရွားႏုိင္ပါတယ္။
ဘုံဘုိင္ေခါင္းသံေခ်းတက္ျခင္း
ခ်ည္စေလးတစ္ခုကို ရွာလကာရည္ထဲ ႏွစ္၊ ဘုံဘုိင္ေခါင္းေပၚ တစ္ညထားပါ။ ေနာက္ေန႔မနက္ သံေခ်းေတြကို သြားတုိက္တံနဲ႕ တုိက္ခြ်တ္ႏုိင္ပါတယ္။ ေရျဖင့္ေဆးေၾကာျပီး ေျပာင္လက္ေစပါ။
အိမ္သာခြက္
အိမ္သာခြက္ေတြက ထင္သေလာက္ေတာ့ ေၾကာက္စရာမေကာင္းပါဘူး။ ေရျမဳပ္ေက်ာက္သုံးျပီး စြန္းထင္းတဲ့ေနရာတဝုိက္ ညင္သာစြာပြတ္ေပးပါ။ ျပီးရင္ ပုံမွန္လုပ္ေနက်အတုိင္း သန္႔ရွင္းေရးလုပ္ပါ။
Ref: Purewow
=============
Trend Myanmar

ပုံမှန်အိမ်သန့်ရှင်းရေး ထိန်းသိမ်းလုပ်ဆောင်တာက လွယ်ပါတယ်။ ချောင်ကြိုချောင်ကြားတွေ သန့်ရှင်းရေးလုပ်တာက နောက်တစ်ကဏ္ဍပေါ့။ အိမ်သန့်ရှင်းရေးတချို့ကို တစ်နှစ်ပတ်လုံး လုပ်ရပါတယ်။ ကံအားလျှော်စွာ မိမိရေချိုးခန်း၊ မီးဖိုချောင်နဲ့ အိပ်ခန်းတို့ကို သန့်ရှင်းရေးလုပ်ဖို့ ထိတ်လန့်နေစရာမလိုပါဘူး။ ဒီနည်းလမ်းတွေက ပုံမှန်သန့်ရှင်းရေးလုပ်ဆောင်မှုအတွက် လွယ်ကူသက်သာစေပါလိမ့်မယ်။
ပြတင်းပေါက်ခုံ
အညစ်အကြေးနဲ့ ဖုန်တွေ ရှင်းလင်းဖို့အတွက် ခြောက်သွေ့တဲ့ဘရပ်ချ်ကို အသုံးပြုပါ။ ဒီလို ဘရပ်စ်နဲ့သုတ်ပြီးရင် အဝတ်စိုနဲ့ လက်စသတ်ပါ။ တကယ်လို့ အရင်ဆုံး ရေစိုနဲ့သုတ်လိုက်ရင်မယ်ဆိုရင် ရေကြောင့် အညစ်အကြေးတွေ ပိုထူသွားမှာဖြစ်ပါတယ်။
အိမ်မွေးတိရိစ္ဆာန်မွှေး
အမွေးနု၊ တွန့်လိပ်ခဲနေတဲ့အမွေးတွေ ဖယ်ရှားမရဘူးလို့ ထင်မိကြပါလိမ့်မယ်။ ရာဘာရေယက်တံကို ရေစွပ်ပြီး ကော်ဇော၊ အခင်း တလျှောက် ဖိဆွဲပါ။ အမွေးအမျှင်တွေ ကပ်ပါပြီး တစ်သျှူးဖြင့် အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။
ဘုံဘိုင်ခေါင်းသံချေးတက်ခြင်း
ချည်စလေးတစ်ခုကို ရှာလကာရည်ထဲ နှစ်၊ ဘုံဘိုင်ခေါင်းပေါ် တစ်ညထားပါ။ နောက်နေ့မနက် သံချေးတွေကို သွားတိုက်တံနဲ့ တိုက်ချွတ်နိုင်ပါတယ်။ ရေဖြင့်ဆေးကြောပြီး ပြောင်လက်စေပါ။
အိမ်သာခွက်
အိမ်သာခွက်တွေက ထင်သလောက်တော့ ကြောက်စရာမကောင်းပါဘူး။ ရေမြုပ်ကျောက်သုံးပြီး စွန်းထင်းတဲ့နေရာတဝိုက် ညင်သာစွာပွတ်ပေးပါ။ ပြီးရင် ပုံမှန်လုပ်နေကျအတိုင်း သန့်ရှင်းရေးလုပ်ပါ။
Ref: Purewow
=============
Trend Myanmar


Loading...